ထမင်းတောင် စားချင်ဘူ့းလေး
လက္ခဏာ ဟန်မကျချင်တော့
အကြံရ ခက်ထွေ၊
ကံ မ မှ အသက်ရှည် မယ်၊
ကျမျက်ရည် ယိုဆင်း
တွေးမိတိုင်း စိတ်ကနာသည်၊
မအိပ်တာ လေးညအလင်း။
ကာလကို ထောင်းချင်ပြီ၊
ကြောင်းအင်နော် မရှင်း၊
ကောင်းချင်သော် နုံဖျင်းလို့၊
ဒုံရင်းကို လှည့်မယ်၊
မချိလို့ ပေါ် တဲ့သွား
ရယ်သလား မေးရှာကြတယ်။
စကားကြောင့် တရားကွယ်
အလားဝယ် ကုန်ခမ်းလို့
ဘုံနန်းမြင့် အဆောင်ဆောင်
ကင်းရလေအောင်၊
မင်းဆိုသမျှ ကွင်းရှောင်မယ်
ထမင်းတောင် စားချင်ဘူ့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |