မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၃၄။ ထုပ်ဆီးတမ်း
1438မောင်ခွေးဖို့ ကဗျာများ — ၃၄။ ထုပ်ဆီးတမ်းမင်းသုဝဏ်

ဆီးလိုက်ပါကွဲ့. တိုးတော့မယ်
(တိုးလိုက်ပါကွဲ့ ဆီးတော့မယ်)
ခေါင်ကြောင်းကို ကျော်ကာသန်းလိမ့်
(ထမင်းရည်ပူ လောင်ကာပန်းလိမ့်)
(အောင်ထူမယ်လို့ ထင်သလား)
အောင်ထူမယ်မို့ သတိထား။
(ဖမ်းတော့မနား)
တိုးပေါ့ တစ်အား။
ဖမ်းလိုက်ပါ့ကွယ်။
(ဆီးပြီဟေ့ တိုးတော့ကွယ်)
တိုးပြီဟေ့ ဆီးတော့ကွယ်။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။