ထူးတဲ့ခေတ် တေးထပ်
ဝိပ္ပတ္တိ ခေတ်သမယ၊
ညစ်နိုင်မှ လူတော်၊
ရိုးပြန်က အမိုက်ခေါ်သည်၊
လော်လည်လျှင် ထင်ရှား၊
မှန်အဖြောင့် ဓမ္မရင်မှာ၊
ဓားပြပင် ဖြစ်မည့်အလား။
ကောက်အကျစ် နှောကာကြံလျှင်၊
သောတာပန် မခြား၊
သြဘာသံ စကားနှင့်၊
ကြွားနိုင်မှ လူလိမ္မာ၊
ဝင့်ဝါဝါ မူချော်စောင်းသူတို့၊
သူတော်ကောင်း ဖြစ်မည့်အခါ။
လိမ်နိုင်မှ ဓိသမာ၊
ကဝိလျာ ခေါ်ကြလို့၊
ဟော်တဝ ရူးတဲ့ဟန်၊
ထူးငဲ့ ခေတ်မှန်၊
ကောသလ သုပိန္နံငယ်၊
မှုကြိမ်ဖန် ထပ်လွန်းလို့ လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |