ဒါယကာသားသုဖရစ် ကျောက်စာ
(မျက်နှာဘက်)
၁၊၂၊၁၃၃၊၁။
၇...“ဥတ်စာနှင်ဝယ်လယ်(တို)
၈(ဝ်ကိုဝ်) ဖျက်ဆီလုယက်စသောသူတိုဝ်ကာ။ ဤယ်လူတွင်လေ။ (စရာ)မသိ အပြု
၉န်အတိ။ အပျက်အစိ ဖ္လစ်စိယ်သတေ။ သိယ်ခမူကာ။ အဝစိယ်အထယ် ငရယ်
၁၀တွင်မ္လိယ်ပုံလုံမျှမက ကြီစွာဝေဒနာ ခံစိယ်သတေ။ စောင်မချင်ေ
၁၁ထာက်ပင် အရိယ်အရံယူသောသူတိုဝ်ကာ ငာအတူ လူစည်စိမ်။ နတ်
၁၂စည်စိမ်။ သင်သရာကာ။ ရှည်ရရာ ဆိုဝ်ငြယ်မသိ (ချံသာအတိုင်) ပါရပြီ
၁၃မူကာ။ အဆုံစွန် နိယ်ရပန်ချံသာ ခံစိယ်ရစိယ်သတေ။ ဝ ။”
[ဥစ္စာနှင့်ဝယ်လယ်တို့ကို ဖျက်ဆီးလုယက်စားသောသူ တို့ကား ဤလူတွင်လည်း စားရာမသီး အပြုန်းအတီး အပျက်အစီးဖြစ်စေသတည်း။ သေခမူကား အဝီစိအထဲ ငရဲတွင် မြေပုံလုံးမျှမက ကြီးစွာဝေဒနာခံစေသတည်း။ စောင်မချင် ထောက်ပင့်အရေးအရံယူသောသူတို့ကား ငါ့အတူ လူစည်းစိမ်၊ နတ်စည်းစိမ်၊ သံသရာကား ရှည်ရာရာ ဆင်းရဲမသိ ချမ်းသာအတိုင်း ပါရပြီးမူကား အဆုံးစွန် နေရပန်ချမ်းသာ ခံစေရစေသတည်း။]
၁၊၂၊၁၃၃၊၂။
၁၈...“ဒါယကာ
၁၉သာသုဖရစ်လှူသော။ ခကြိုဝ်ရှုယ် ၈ဝတခု။ ငုယ်လင်ပန် (ကြိ) ၁ ခ္လပ်
၂၀ပန်ကြိ ၁ ခ္လပ်။ စလောင်ကြိ ၁ ခ္လပ်။ ခွက်ဥပ်ကြိ ၃ လုံ။”
[ဒါယကာသားသုဖရစ်လှူသော ခါးကြိုးရွှေ ၈ဝတစ်ခု၊ ငွေလင်ပန်းကြီး ၁ချပ်၊ ဗန်းကြီး ၁ချပ်၊ စလောင်းကြီး ၁ချပ်၊ ခွက်အုပ်ကြီး ၃လုံး။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |