ဒေဝဒတ္တဝတ္ထုဂါထာ -၂
၁-ယမကဝဂ်
၁၂-ဒေဝဒတ္တဝတ္ထု အဋ္ဌကထာဂါထာ
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ, တံ ဝေ ပရမဒုက္ကရံ။
(လောကေန၊ အများသောင်းပြောင်း, လူအပေါင်းသည်။) အသာဓူနိ၊ တရားလမ်းကြောင်း, လွန်တိမ်းစောင်းသဖြင့်, မကောင်း စင်စစ်, ဖြစ်ကြကုန်သော။ အတ္တနော၊ မိမိ၏။ အဟိတာနိ စ၊ အ ကျိုးမကောင်း, ဖြစ်ကြောင်းစင်စစ်, စီးပွားမဲ့လည်းဖြစ်ကုန်သော။ (ကမ္မာနိ၊ ကိုယ်မှုနှုတ်မှု, စိတ်မှုတန်တန်,အကုသိုလ်ကံတို့ကို။) သုကရာနိ၊ လွယ်ကူစွာ ပြုအပ်ကုန်၏။ ဝါ၊ ပြုလွယ်ကုန်၏။ ယံ (ကမ္မံ)၊ ကိုယ်မှုနှုတ်မှု, စိတ်မှုတန်တန်, အကြင်ကုသိုလ်ကံသည်။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဟိတဉ္စ၊ အကျိုးကောင်းကောင်း, ဖြစ်ကြောင်းစင်စစ်, စီးပွားလည်း ဖြစ်၏။ သာဓု စ၊ တရားလမ်း ကြောင်း, မတိမ်းစောင်းသဖြင့်, အကောင်းလည်း ဖြစ်၏။ တံ (ကမ္မံ)၊ ဟိတ သာဓု, ထိုကောင်းမှုကို။ ဝေ၊ အားဖြင့်။ ပရမဒုက္ကရံ၊ အလွန်အမင်း ခဲယဉ်းသဖြင့် ပြုအပ်၏။ ဝါ၊ အလွန်ပြုနိုင်ခဲ၏။ (ဋ္ဌ-၅၅) [ဓမ္မ၊ဋ္ဌ၊၂၊၉၉၌ ပထမပါဒ ဒုတိယပါဒကိုလည်း နောက်၂ပါဒ ကဲ့သို့ နိယမ, အနိယမထည့်၍ “ (ယာနိ ကမ္မာနိ၊ အကြင်အကုသိုလ်ကံ တို့သည်။) အသာဓူနိ၊ မကောင်းကုန်သည်လည်းကောင်း။ အတ္တနော၊ မိမိ၏။ အဟိတာနိ စ၊ စီးပွားမဟုတ်ကုန်သည်လည်းကောင်း။ (ဟောန္တိ။ တာနိ ကမ္မာနိ၊ ထိုအကုသိုလ်ကံတို့ကို။) သုကရာနိ၊ လွယ်ကူစွာ ပြုအပ်ကုန်၏”ဟု ပေးစေ၏။]
သာဓု စ။ ။ ဆန်းကြောင့် နိဂ္ဂဟိတ်လာ၍ ဂါထာ၌ “သာဓုဉ္စ”ဟု ဖြစ်ရသည်၊ အနက်ပေးသည့်အခါ၌ကား “ဆန်းကြောင့်ပိုလျှံ, ယင်းပဒံ, ချန်၍နက်ပေးပါ”နှင့်အညီ ဆန်းကြောင့် ဖြစ်ပေါ်လာသည့်ပုဒ်ကို ချန်၍ မူလပုဒ်ရင်းအတိုင်း “သာဓု စ-၏”ဟု ပေးရသည်။
ပါပံ ပါပေန သုကရံ, ပါပမရိယေဟိ ဒုက္ကရံ။
သာဓုနာ၊ သူတော်ကောင်းသည်။ သာဓု၊ ကောင်းသောအမှု ကို။ သုကရံ၊ လွယ်ကူစွာပြုအပ်၏။ (ပြုလွယ်၏)။ ပါပေန၊ သူယုတ် မာသည်။ သာဓု၊ ကို။ ဒုက္ကရံ၊ ခဲယဉ်းသဖြင့် ပြုအပ်၏။ (ပြုနိုင်ခဲ၏)။ ပါပေန၊ သည်။ ပါပံ၊ မကောင်းမှုကို။ သုကရံ၊ ၏။ အရိယေဟိ၊ အရိယာသူတော်ကောင်းတို့သည်။ ပါပံ၊ ကို။ ဒုက္ကရံ၊ မပြုအပ် မပြုနိုင်။ (ဋ္ဌ-၅၆)
လက္ခဏံ ပဿ အာယန္တံ, ဉာတိသံဃပုရက္ခတံ၊
အထ ပဿသိ’မံ ကာဠံ, သုဝိဟီနံဝ ဉာတိဘိ။
သီလဝတံ၊ ချမ်းသာရကြောင်း, ကောင်းသောအကျင့်ရှိကုန် သော။ ပဋိသန္ထာရဝုတ္တိနံ၊ ဓမ္မပဋိသန္ထာရ, အာမိသပဋိသန္ထာရဟူ သော အသက်မွေးမှုရှိကုန်သော။ (ပဏ္ဍိတာနံ၊ စဉ်းစားမြော်မြင် ပညာရှင်တို့၏။) အတ္ထော၊ အရှိန်မြင့်လျက်, တိုးတက်ကြီးပွားခြင်း သည်။ ဟောတိ၊ ဖြစ်ရရိုးသာ ဓမ္မတာတည်း။ (ဘဒ္ဒေ၊ သားကြီးရွှေ သွေး, လူကလေး၏, မွေးသည့်မိခင်, အို...ရှင်မ! ဉာတိသံဃပုရက္ခတံ၊ ငါးရာရံခြွေ, ဆွေတော်မျိုးတော်တို့သည် ယုံကြည်ကိုး စား, ရှေ့ကထားအပ်သည်ဖြစ်၍။ အာယန္တံ၊ မိဘဌာနီ, ငါတို့ဆီကို လာနေသော။ လက္ခဏံ၊ ခေါင်းဆောင်ကောင်းပီလှသည့် သားကြီး လက္ခဏကို။ ပဿ၊ ဆီးကြိုဂုဏ်ပြု, ကြည့်ရှုစမ်းပါလော။ (ဘဒ္ဒေ၊ သားဆိုး သမီးဆိုး, မပြစ်ရိုးမို့, တိုး၍အားသစ်, အောင့်ကာချစ်ရ အို...နှမ!) အထ၊ သားကြီးဂုဏ်ပြု, ကြည့်ရှုပြီးရာ, ထိုအခါမှ နောက်၌။ ဉာတိဘိ၊ ငါးရာရံခြွေ, ဆွေတော်မျိုးတော်တို့သည်။ သုဝိဟီနံဝ၊ မပြန်တမ်းသေခြင်းဖြင့်, အကြွင်းမဲ့စွန့်ပစ်အပ်ခဲ့သည်သာ ဖြစ်သော။ (တစ်နည်း) ဉာတိဘိ၊ တို့မှ။ သုဝိဟီနံဝ၊ ကောင်းစွာ ယုတ် လျော့ခဲ့သည်သာဖြစ်သော။ ဣမံ ကာဠံ၊ ခေါင်းဆောင်လက္ခဏာ, အရှင်းကွာသည့်, ဤသမင်အ, သားဖျင်းမောင်ကာဠကို။ ပဿသိ၊ သားဖျင်းနောင်ရေး, အားကုန်တွေးကာ, ရှုစမ်းပါဥုးလော။ (ဋ္ဌ-၅၇) [“သီလဝတံ၊ ကုန်သော။ ပဋိသန္ထာရဝုတ္တိနံ၊ ကုန်သော။ (ပဏ္ဍိတာနံ၊ တို့၏။ ဝါ၊ တို့မှာ။) အတ္ထော၊ တိုးတက်ကြီးပွားခြင်းသည်။ ဟောတိ။ (ဘဒ္ဒေ၊ ရှင်မ! ဉာတိသံဃပုရက္ခတံ၊ ဆွေမျိုးအပေါင်းသည် ရှေ့ကထားအပ် (ခြံရံအပ်) သော။ ဝါ၊ သည်ဖြစ်၍။ အာယန္တံ၊ လာနေသော။ လက္ခဏံ၊ လက္ခဏ ကို။ ပဿ၊ ကြည့်လော။ (ဘဒ္ဒေ၊ ရှင်မ!) အထ၊ ထိုမှနောက်၌။ ဉာတိဘိ၊ ဆွေမျိုးတို့သည်။ သုဝိဟီနံဝ၊ အကြွင်းမဲ့ စွန့်ပစ်အပ်ခဲ့သည်သာ ဖြစ်သော။ (တစ်နည်း) ဉာတိဘိ၊ တို့မှ။ သုဝိဟီနံဝ၊ ကောင်းစွာယုတ်လျော့ခဲ့သည်သာ ဖြစ်သော။ ဣမံ ကာဠံ၊ ဤကာဠကို။ ပဿသိ၊ ကြည့်လော”ဟု အကျဉ်းပေး လိုက ပေးပါ။ အထက်၌ ဝတ္ထုကြောင်းပေါ်အောင် ပေးခဲ့သည်။]
သုကရံ သာဓုနာ သာဓု။ ။ သုကရံ သာဓုနာ သာဓူတိ အတ္တနော ပရေသဉ္စ ဟိတံ သာဓေတီတိ သာဓု၊ သမ္မာပဋိပန္နော။ တေန သာဓုနာ သာရိပုတ္တာဒိနာ သာဝကေန ပစ္စေကဗုဒ္ဓေန သမ္မာသမ္ဗုဒ္ဓေန အညေန ဝါ လောကိယသာဓုနာ သာဓု သုန္ဒရံ ဘဒ္ဒကံ အတ္တနော ပရေသဉ္စ ဟိတာ- ဝဟံ သုကရံ သုခေန ကာတုံ သက္ကာ၊-ဥဒါနဋ္ဌ-၂၈၉၊ သာရတ္ထ၊၃၊၄၁၅။
ပဋိသန္ထာရဝုတ္တိနံ။ ။ ပဋိသန္ထရဏံ ပဋိသန္ထာရော၊ ဝတ္တနံ ဝုတ္တိ၊ [ဝတု (ဝတ္တု)+တိ၊ ဝ၌အ-ကို ဥပြု၊] ပဋိသန္ထာရော+ဝုတ္တိ ယေသန္တိ ပဋိသန္ထာရ-ဝုတ္တီ-အာမိသဓမ္မ၂ပါးဖြင့် လောကဝတ်ပျူငှာပြုမှုဟူသော အသက်မွေး ခြင်းရှိသူတို့(ဇာ၊ဋ္ဌ၊၁,၁၆၁)၊ (တစ်နည်း) ပဋိသန္ထာရေန+သမ္ပန္နာ+ဝုတ္တိ ယေသန္တိ ပဋိသန္ထာရဝုတ္တီ-အာမိသဓမ္မ, ပဋိသန္ထာရ၂ပါးနှင့် ပြည့်စုံသော အသက်မွေးခြင်းရှိသူတို့(ဓမ္မ၊ဋ္ဌ၊၂၊၃၇၆)၊ ပဋိသန္ထာရေန+ဝုတ္တိ ပဋိသန္ထာ- ရဝုတ္တိ၊ ပဋိသန္ထာရဝုတ္တိ+ယေသံ အတ္ထီတိ ပဋိသန္ထာရဝုတ္တီ-အာမိသဓမ္မ ပဋိသန္ထာရ ၂ပါးဖြင့် အသက်မွေးခြင်းရှိသူတို့(ကစ်ဘာ၊၁၊၅၈)။ မကောင်း မြစ်တား၍ ကောင်းရာညွှန်ကြားခြင်းကို ဓမ္မပဋိသန္ထာရ၊ ဆွမ်းခံရွာကို ရစေခြင်း, မကျန်းမာသူကို ပြုစုလုပ်ကျွေးခြင်း, တရားနှင့်ယှဉ်သော စောင့် ရှောက်ခြင်းကို အာမိသပဋိသန္ထာရဟု ခေါ်၏။ (ဇာ၊ဋ္ဌ၊၁၊၁၆၁)
ပဿသိမံ။ ။ ပဿသိ၌ ဒိသ+အ+ဧယျာသိ၊ ကွစိ ဓာတုဖြင့် ဧယျာ ကိုချေ၊ (တစ်နည်း) ဧယျာသိကို သိပြု၊ (တစ်နည်း) သတ္တမီအနက်၌ ဝတ္တ မာန်သိသက်၊ (တစ်နည်း) သတ္တမီမှ ဝတ္တမာန်သို့ ပြန်နေသော ဝိဘတ္တိ ဝိပလ္လာသ(ဝိဗော၊၂၄၃)၊ (တစ်နည်း) “လက္ခဏံ ပဿ”၌ ပဉ္စမီဖြင့် ရှိပုံကို ကြည့်၍ “ပဿ+ဣမံ”ဟု ဖြတ်၍ သ-လာဟုသော်လည်း ကြံပါ။
မယူရဂီဝသင်္ကာသံ, ပတိံ မယှံ သဝိဋ္ဌကံ။
ဝီရက၊ အရှင်ဝီရက! မဉ္ဇုဘာဏကံ၊ သာယာအေးချို ပြောဆို လေ့ရှိသော။ မယူရဂီဝသင်္ကာသံ၊ ဥဒေါင်းငှက်မင်း, လည်ပင်း အဆင်းလို စိမ်းညိုသောအဆင်းရှိသော။ မယှံ၊ ကျွန်မ၏။ ပတိံ၊ လင်ဖြစ်သော။ သဝိဋ္ဌကံ၊ သဝိဋ္ဌကမည်သော။ သကုဏံ၊ ငှက်ကို။ အပိ ပဿေသိ၊ မြင်မိပါသလော။ (ဋ္ဌ-၅၈)
ပဿေသိ။ ။ ဒိသ+အ+သိ၊ လောပေဉ္စတ္တ မကာရောဖြင့် အပစ္စည်းကို ဧပြု။ [အပိ ဝီရက ပဿေသီတိ သာမိ ဝီရက အပိ ပဿသိ၊-ဇာ၊ဋ္ဌ၊ ၂, ၁၃၇။]
တဿာနုကရံ သဝိဋ္ဌကော, သေဝါလေ ပလိဂုဏ္ဌိတော မတော။
သဝိဋ္ဌကော၊ သဝိဋ္ဌကသည်။ ဥဒကထလစရဿ၊ ရေရော ကုန်းပါ, သွားလာလှည့်လည်နိုင်သော။ နိစ္စံ၊ အမြဲ။ အာမကမစ္ဆဘောဇိနော၊ ငါးစိမ်းကို စားလေ့ရှိသော။ တဿ ပက္ခိနော၊ ငါကဲ့ သို့သော ထိုငှက်မျိုး၏။ ဝါ၊ ကို။ အနုကရံ (အနုကရန္တော)၊ အတု လိုက်၍ ပြုလသော်။ ဝါ၊ အတုလိုက်၍ ပြုသည်၏အဖြစ်ကြောင့်။ သေဝါလေ၊ မှော်ထဲ၌။ ပလိဂုဏ္ဌိတော၊ ထက်ဝန်းကျင် ရစ်ပတ် အပ်သည်။ (ဟုတွာ)။ မတော၊ သေရှာလေပြီ။ (ဋ္ဌ-၅၉)
အထာသဒါ ခဒိရံ ဇာတသာရံ, ယတ္ထဗ္ဘိဒါ ဂရုဠော ဥတ္တမ င်္ဂံ။
ဝနာနိ၊ အကာသက်သက်, နှစ်မဖက်သည့်, လက်ပံပင်လို, တောသစ်ပင်မျိုးတို့ကို။ ဝိတုဒံ (ဝိတုဒန္တော)၊ ခေါက်လျက်။ ဝါ၊ ထိုး ဖောက်လျက်။ အသာရကေသု၊ အကာချည်းပြည့်, အနှစ်မရှိကုန် သော။ ကဋ္ဌင်္ဂရုက္ခေသု၊ ထင်း၏အဖို့ဖြစ်သော သစ်ပင်တို့၌။ ဝါ၊ ထင်းဆိုက်ဖို့သစ်ပင်တို့၌။ အယံ (တွ)၊ ခုခါအော်မည်, ဤသင်သည်။ အစရိ ဝတ၊ သင်တို့မျိုးရိုး, ဘိုးဘေးဟိုဘက်, အဆက်ဆက်က, စ၍မှန်စွာ, ဝမ်းစာရှာလျက်, လှည့်လည်ကျက်စားခဲ့လေပြီ။ အထ၊ အနှစ်မယှဉ်, သစ်ပင်တို့မှာ, ရှာဖွေခဲ့ရာ, ထိုအခါမှနောက်၌။ (ယော) ဂရုဠော၊ ကျွန်ုပ်ရောင်းရင်း, အကြင်အဆွေတော် ငှက်မင်း သည်။ ဥတ္တမင်္ဂံ၊ အမြတ်အင်္ဂါ, ဥုးခေါင်းရတနာကို။ ယတ္ထ၊ အကြင် ရှားပင်၌။ အဗ္ဘိဒါ၊ ရိုက်ခွဲခဲ့လေပြီ။ [ဘိဒ+အာ။] (သော ဂရုဠော၊ ကျွန်ုပ် ရောင်းရင်း ထိုအဆွေတော်ငှက်မင်းသည်။) ဇာတသာရံ၊ အခေါက် ပင်ပွ, မာလှကျစ်လစ်, ဖြစ်သောအနှစ်ရှိသော။ (တံ) ခဒိရံ၊ ထိုရှား ပင်သို့။ အာသဒါ၊ အမှတ်မထား, မသိငြားလည်း, ငယ်စဉ်တည်း က, စ၍မှန်စွာ, လာရောက်ခဲ့ပေပြီ။ [အာ+သဒ+အာ။] (ဋ္ဌ-၆၀)
အစရိ ။ ။ အဇ္ဇတနီ ဩဝိဘတ်ကို ဣပြု၍ “အစရိ” ဟု ရှိသင့်လျက် ဆန်းကြောင့် ကွစိ ဓာတုသုတ်ကြီးဖြင့် ဒီဃပြု၍ ဂါထာ၌ “အစာရိ” ဟု ရှိသည်။[အစာရိ ဝတာယန္တိ အစရိ ဝတ အယံ၊-ဇာ၊ဋ္ဌ၊၂၊၁၄၉။]
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ, အဇ္ဇ ခေါ တွံ ဝိရောစသိ။
တေ၊ သင်၏။ လသီ စ၊ ဥုးနှောက်သည်လည်း။ နိပ္ဖလိတာ၊ ကွဲထွက်ပြီ။ မတ္ထကော စ၊ ဥုးထိပ်ကိုလည်း။ ပဒါလိတော၊ နင်းခွဲ အပ်ပြီ။ တေ၊ ၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဖာသုကာ၊ နံရိုးတို့ကို လည်း။ ဘဂ္ဂါ၊ မှုန့်မှုန့်ညက်ညက်, ချိုးဖျက်နင်းချေအပ်ကုန်ပြီ။ အဇ္ဇ ခေါ၊ ယနေ့တော့။ တွံ၊ သည်။ ဝိရောစသိ၊ စံပါယ်ပါပေ၏။ ဝါ၊ လှပါပေ၏။ (ဋ္ဌ-၆၁)
မိဂရာဇ နမောတျတ္ထု, အပိ ကိဉ္စိ လဘာမသေ။
ယံဗလံ၊ အကြင်စွမ်းအားသည်။ အဟုဝါမှသေ၊ ရှိပါပြီ။ (တေန ဗလေန)၊ ထိုစွမ်းအားဖြင့်။ တေ၊ သင်၏။ ကိစ္စံ၊ ကိစ္စကို။ အကရမှသေ၊ ပြုခဲ့ပါကုန်ပြီ။ မိဂရာဇ၊ သားတို့သနင်း, ခြင်္သေ့မင်း! တေ၊ သင့်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ ကိဉ္စိ အပိ၊ တစ်စုံတစ်ခုကိုလည်း။ လဘာမသေ၊ ရလိုပါကုန်၏။ [လဘ+ အ+မ+သေ။ (တစ်နည်း) လဘ+အ+အာမသေ။ ဝိဗော-၂၄၆။] (ဋ္ဌ-၆၂)
အဟုဝမသေ။ ။ “အဟုဝါ+မ+သေ”ဟုဖြတ်၊ ထို၌ “အဟုဝါ”သာ လိုရင်းတည်း၊ “မှ”ကား အတီတတ္ထဇောတကနိပါတ်ပုဒ်၊ သေကား ဂါထာ ပူရဏနိပါတ်ပုဒ်တည်း၊ အဟုဝါ၌ ဇာ ၊ဋ္ဌ၊၃၊၅၊ မောဂ်နိ၊၂၊၃၅၀အလို အဇ္ဇတနီအာဝိဘတ်, ရူ-၂၉၅အလို ဟိယျတ္တနီအာဝိဘတ်တည်း(မောဂ်နိ- ၂, ၃၅၀၊ ရူဘာ၊၂၊၃၂၂)
နီတိဓာတု-၁၉၂။ ။ ထို၌ “(က) အဟုဝါ+အမှံ+သေ (ခ) အဟု+ အမှံ+သေ”ဟု ၂မျိုးပုဒ်ဖြတ်၏၊ သေကား အနက်မရ နိပါတ်မျှတည်း၊ (ခ)အလို ဝ-လာ၊ “အမှံ (အမှာကံ)-ငါတို့၏၊ ယံ ဗလံ-သည်၊ အဟုဝါ, အဟု-ပြီ၊ (တေန ဗလေန-ဖြင့်၊) တေ ကိစ္စံ အကရမှ”ဟု ပေးပါ။
အကရမှသ တေ ။ ။ “အကရမှသေ+တေ”ဟု တည်၍ ဧဩန မ ဝဏ္ဏေ(မောဂ်-၁၊၃၇)သုတ်, တေသု ဝုဒ္ဓိသုတ်ဖြင့် ဧကို အ-ပြု(ရူဘာ၊၂၊၂၉၇)၊ အကရမှသေ၌ “အကရမှ+သေ”ဟု ခွဲ၍ ဟိယျတ္တနီ“မှာ”ဝိဘတ်၊ သေကာရာဂမော အာချာတနာမေဟိ(နီတိ-၁၁၀၂)သုတ်ဖြင့် သေ-လာဟု လည်းကောင်း “အကရ+မှသေ”ဟု ခွဲ၍ ဟိယျတ္တနီ “မှသေ”ဝိဘတ်ဟုလည်းကောင်း နီတိဓာတု-၂၇၂၌ ဆို၏။
သေ ၅မျိုး ။ ။ အကရမှသေနှင့်စပ်၍ သေ ၅မျိုးကို ပုံစံနှင့်တကွ အကျဉ်းချုပ်၍ ပြပါဥုးမည်၊ ထို၅မျိုးမှာ- (၁) ပဒါဝယဝသေ=တွံ ကမ္မံ ကုရုသေ။ [ကုရုသေ၌ သေဝိဘတ်၊] (၂) အပဒါဝယဝသေ=ဝဒေမသေ။ [မဝိဘတ် သေအာဂုံ၊] (၃) အနေကန္တပဒါဝယဝသေ=ဘဝါမသေ။ [မဝိဘတ်, သေအာဂုံဟု လည်းကောင်း, အာမသေဝိဘတ်ဟုလည်းကောင်း ၂မျိုးယူနိုင် သည်၊] (၄) သောသဒ္ဒတ္ထသေ= ဧသေသေ။ [ဧသော, သောနှင့် အနက်တူ၊] (၅) အာဒေသသေ=အကရမှသ, ဩက္ကန္တာမသိ။ [သေ၌ ဧကို အစဉ် အတိုင်း အ-ပြုပုံနှင့် ဣ-ပြုပုံ။] အကျယ်ကို နီတိဓာတု-၁၇၁၊ ၁၇၂၌ ရှု။
ဒန္တန္တရဂတော သန္တော, တံ ဗဟုံ ယမ္ပိ ဇီဝသိ။
လောဟိတဘက္ခဿ၊ အသွေးကို သောက်စားလေ့ရှိသော။ နိစ္စံ၊ အမြဲ။ လုဒ္ဒါနိ၊ ကြမ်းကြုတ်သော အမှုတို့ကို။ ကုဗ္ဗတော၊ ပြုလုပ် နေသော။ မမ၊ ငါ၏။ ဒန္တန္တရဂတော၊ သွား၏အကြား၌ ရောက်ပြီး သည်။ သန္တော၊ ဖြစ်ပါလျက်။ ယံ ဇီဝသိ၊ အကြင်အသက်ရှင်၏။ တံပိ၊ ထိုအသက်ရှင်ခြင်းသည်သော်မှလည်း။ (အသက်ရှင်တာ တောင်မှလည်း)။ ဗဟုံ၊ များလှပြီ။ (ဋ္ဌ-၆၃)
ဒန္တန္တရဂတော။ ။ ဒန္တန္တရဂတောတိ ဒန္တန္တရေ ဂတော ပတ္တော(ဇာ၊ဋီ၊၄, ၃၀၈)
အညံ သေပဏ္ဏိ ဂစ္ဆာမိ, န မေ တေ ရုစ္စတေ ဖလံ။
သေပဏ္ဏိ၊ ယမနေပင်! တွံ၊ သင်သည်။ ယံ သိယျသိ၊ အကြင် ကိုယ်တိုင် ခြွေချ၏။ ဧတံ၊ ဤကိုယ်တိုင် ခြွေချပုံကို။ ကုရုင်္ဂဿ၊ ဒရယ်သည်။ ဉာတံ၊ ဘေးသို့မရောက်, ပင်အောက်တည့်တည့် ချတတ်၏ဟု သိအပ်ပါပြီ။ ဝါ၊ နားလည်ပါပြီ။ (တစ်နည်း) ဧတံ၊ ဤကိုယ်တိုင် ခြွေချပုံသည်။ ကုရုင်္ဂဿ၊ ဒရယ်၏ (စိတ်၌)။ ဉာတံ၊ ထင်ရှားပါပြီ။ ဝါ၊ ရှင်းပါပြီ။ မေ၊ ငါ့အား။ တေ၊ သင်၏။ ဖလံ၊ အသီး သည်။ န ရုစ္စတေ၊ မနှစ်သက်တော့။ သေပဏ္ဏိ၊ ယမနေပင်! အညံ၊ အခြားသစ်ပင်သို့။ ဂစ္ဆာမိ၊ သွားတော့အံ့။ (ဋ္ဌ-၆၄)
သေပဏ္ဏိ။ ။ သိရိမန္တာနိ+ပဏ္ဏာနိ ယဿာတိ သေပဏ္ဏီ၊ သိရီ+ပဏ္ဏ+ ဤ၊ သိရီကို သေပြု၊ အာလုပ်သိကြောင့် ဏီ၌ ရဿပြု။ [သေပဏ္ဏီတိ အဇီဝါ- လပနမေတံ၊-ဇာ၊ဋီ၊သစ်၊၁၊၂၁၁။]
ယံ။ ။ အထက်၌ ယံကို ကြိယာပရာမသနအနက်ယူ၍ ပေးခဲ့သည်၊ ကြိယာပရာမသနအနက်ကို ဘာဝနပုံသက(ကြိယာဝိသေသန)ဟု ပဋိသံ၊ဋ္ဌ၊၂၊၂၂၉၌ ဆို၏၊ ဇာဋီသစ်-၂၁၁၌ ယံနှင့် တွံကို တွဲ၍ “သေပဏ္ဏိ! ယံ တွံ (ယော တွံ)-အကြင်သင်သည်၊ သိယျသိ-၏၊ (တဿ တေ-ထိုသင်၏၊) ဧတံ-ကို၊ ကုရုင်္ဂဿ ဉာတံ”ဟု ပေးစေ၏၊ ထိုအလို “နပုံသကေဟိ”အလိုက် ကြဉ်သော “သိံ”ဟူသော ဝိနာဓိကာရယောဂဝိဘာဂဖြင့် ပုံလိင်ယနောင် သိဝိဘတ်ကို အံပြု၊ သို့မဟုတ် လိင်္ဂဝိပလ္လာသဟုယူ(ဝိဗော၊၈၂)၊ ယံနှင့် ဖလံကို တွဲ၍ သေပဏ္ဏိ! တွံ-သည်၊ ယံ ဖလံ-အကြင်အသီးကို၊ သိယျသိ၊ ဧတံ ဖလံ-ကို၊ ကုရုင်္ဂဿ ဉာတံ”ဟုလည်း ပေးကြ၏။
သိယျသိ။ ။ သီ+အ+သိ၊ သီဓာတ်သည် အတ္ထာတိသယနည်းအရ ဝိကိရဏအနက်ဟောဟု ဇာဋီသစ်-၂၁၁၌ ဆို၏၊ နီတိဓာတု-၁၈၊ နိဒီ- ၃၉၂ ခိယျတိရုပ်ပြီးပုံကို မှီး၍ ဤကို ဣယျပြု၊ (တစ်နည်း) သီနောင် ယ လာ, ယဒွေဘော်, သီ၌ ရဿပြု၊ ဝီလျံS-E-D၌ သောဓာတ်ဟု ဆို၏၊ သောဓာတ် (နာသန-ဖျက်ဆီးခြင်းအနက်)+ယ+သိ၊ ကွစိ ဓာတုဖြင့် ဩကို ဣပြု၊ “သိရ+အ+တိ”ဟုလည်း ဆိုကြ၏၊ ရကို ယပြုဟုကြံ၊ သို့သော် ဏွှ-ှ၌ သရဓာတ်ဟုဆိုခြင်း “ဝိသိဏ္ဏဖလော ဟောသိ(ဇာ၊ဋ္ဌ၊၁၊၁၉၀)” ဟုဖွင့်ရာ ဝိသိဏ္ဏဖလော၌ ဝိသိဏ္ဏကို “ဝိ+သရ+တ၊ (တစ်နည်း) ဝိ+သိ+တ”ဟု ခွဲခြင်းကိုထောက်လျှင် သဒ္ဒါကျမ်း, ဓာတ်ကျမ်း၌ မရှိသော သိရ ဓာတ်ယူခြင်းထက် သဒ္ဒါကျမ်း, ဓာတ်ကျမ်း၌ ရှိသော သရဓာတ်ယူခြင်းက ပိုကောင်း၏၊ ထိုကြောင့် သရ+အက္ခေပ(ပစ်ပယ်ခြင်းအနက်)+ဏယ+သိ၊ ဓာတွန်ရ်နှင့် ဏကို ချေ, သ၏အ-ကို ဣပြု, ယဒွေဘော်ဟုကြံ၊ (တစ်နည်း) သိဓာတ်ကြံ၍ သီဓာတ်ကဲ့သို့ ပြီးစေရာ၏၊ သာဓာတ် အန္တကမ္မ(အဆုံးပြု ခြင်း)အနက်+အ+သိ၊ သာ၏ အာ-ကို ဣပြု, ယလာဟုလည်းကြံ။
ကုရုင်္ဂဿ ။ ။ ကုယံ ပထဝိယံ ရင်္ဂတီတိ(သွားတတ်သောကြောင့်) ကုရုင်္ဂေါ၊ [ကု+ရဂိ+ဏ၊ ရ၏ အ-ကို ဥပြု၊-ဓာန်-ဋီ-၆၁၉၊] ကုရုမှိ(ကုရု တိုင်း၌)+ဇာတော+မဂေါ ကုရုင်္ဂေါ၊ [ကုရု+မဂ၊ မ-ကို နိဂ္ဂဟိတ်ပြု၊-ဇာဋီ၊သစ်၊၁၊၂၁၁၊] ဤပုဒ်ကို “ဒရယ်”ဟုလည်းကောင်း, “ဆတ်”ဟုလည်း ကောင်း ဘာသာပြန်ကြ၏၊ ထိုတွင် ဆတ်သည် ညဘက်၌ အစာရှာဖွေစား သောက်၍ နေ့ဘက်၌ ချုံကောင်းသောအရပ်၌ ပုန်းအောင်းနေတတ်၏၊ နေမဝင်သရွေ့ ပုန်းအောင်းရာမှ မထွက်(စွယ်စုံ-၄)၊ ဒရယ်ကိုကား နေ့ ဘက်၌ သွားလာကျက်စားသည်ကို တွေ့ရတတ်၏၊ “ဗောဓိသတ္တောပိ ပါတောဝ ဝသနဋ္ဌာနာ နိက္ခမိတွာ=ဘုရားလောင်းသည်လည်း နံနက် နေ ထွက်ချိန်၌ နေရာမှ ထွက်၍၊ ပုနပ္ပုနံ ဥလ္လောကေန္တော လုဒ္ဒကံ ဒိသွာ= အထပ်ထပ် မော်ကြည့်လသော် မုဆိုးကို မြင်၍(ဇာ၊ဋ္ဌ၊၁,၁၈၉)”ဟူသော စကားကို ထောက်၍ “ဒရယ်”ဟု ပေးသည်၊ ပုံပြဆေးအဘိဓာန်၌လည်း “ဒရယ်”ဟုပင် ဆိုသည်။
ရုစ္စတေ။ ။ သီဋီသစ်.၂, ၁၂၈၊ ဓာတွတ္ထတို့၌ “ရုစ္စတေ”ကဲ့သို့သော ပုဒ်မျိုးကို ကမ္မရုပ်ဟု ယူ၏၊ ထိုအလို “မေ-သည်၊ တေ-၏၊ ဖလံ-အသီးကို၊ န ရုစ္စတေ-မနှစ်သက်အပ်တော့”ဟု ပေးပါ။
မောဂ်-၂၊၂၅။ ။ ထို၌ ရုစ္စတေကို ကတ္တုရုပ်ယူ၍ မေ၌ ရုစဓာတ် ၏အယှဉ် သမ္ဗန္ဓဆဋ္ဌီဟု ဆို၏၊ ထိုအလို “မေ-ငါ၏ (စိတ်၌)၊ တေ-၏၊ ဖလံ-သည်၊ နရုစ္စတေ-မနှစ်သက်တော့၊ဝါ-နှစ်သက်မှုကို မဖြစ်စေတော့” ဟု ပေးပါ။ (မောဂ်နိ၊၁၊၂၀၈)
အနက်ပေးခဲ့ပုံ ။ ။ အထက်၌ ္ဗœပွှျှဗညဗြ ဈွှုပာဗ်ါ်=ရုစယတ္ထာနံ ပီယမာနော (၁, ၄, ၃၃)”ဟူသော ပါဏိနီသုတ်, “ယဿ ဒါတုကာမော”စသော ကစ္စည်း သုတ်တို့နှင့်အညီ ရုစ္စတေကို ကတ္တုရုပ်, မေ၌ ရုစဓာတ်၏အယှဉ်၌ သမ္ပ ဒါန်အနက် စတုတ္ထီယူ၍ ပေးခဲ့သည်။ [ရုစယတ္ထာနံ-နှစ်သက်ခြင်းအနက် ရှိသော ဓာတ်တို့၏၊ (ပယောဂေ-ယှဉ်ရာ၌၊) ပီယမာနော-နှစ်သက်အပ် သော အနက်သည်၊ (သမ္ပဒါနံ-သမ္ပဒါန်မည်၏။)]
ဥဘတော ပဒုဋ္ဌာ ကမ္မန္တာ, ဥဒကမှိ ထလမှိ စ။
အက္ခီ၊ မျက်စိတို့သည်။ ဘိန္နာ၊ ကွဲကုန်ပြီ။ ပဋော၊ အပေါ်ခြုံအဝတ် သည်။ နဋ္ဌော၊ ပျောက်ပြီ။ (တဝ၊ သင်၏။) ဘရိယာယ စ၊ ဇနီးသည် လည်း။ သခိဂေဟေ၊ သူငယ်ချင်းမတစ်ယောက်၏အိမ်၌။ ဘဏ္ဍနံ၊ ခိုက်ရန်ကို။ (ကတံ၊ ပြုအပ်ပြီ။ ဝါ၊ ခိုက်ရန်ပြုသဖြင့် ကြိမ်ဒဏ် ငွေ ဒဏ် အပေးခံရပြီ။) ဥဒကမှိ စ၊ ရေ၌လည်းကောင်း။ ထလမှိ စ၊ ကုန်း၌လည်းကောင်း။ ဥဘတော၊ ၂ဌာနတို့၌။ (တဝ၊ သင်၏။) ကမ္မန္တာ၊ အမှုတို့သည်။ ပဒုဋ္ဌာ၊ ပျက်ကုန်ပြီ။ (ဋ္ဌ-၆၅)
သခိဂေဟေ စ ဘဏ္ဍနံ။ ။ သခိဂေဟေ စ ဘဏ္ဍနန္တိ သခီ နာမ သဟာယိကာ၊ တဿာ စ ဂေဟေ တဝ ဘရိယာယ ဘဏ္ဍနံ ကတံ၊ ဘဏ္ဍနံ ကတွာ ဗန္ဓိတွာ ပေါထေတွာ ဒဏ္ဍံ ဒါပိယတိ။ (ဇာ၊ဋ္ဌ၊၁၊၅၀၉)
ဓနပါလေ ရာဟုလေ စ, သဗ္ဗတ္ထ သမမာနသော။
ဝဓကေ၊ မိမိကို လုပ်ကြံသော။ ဒေဝဒတ္တမှိ၊ ဒေဝဒတ်၌လည်းကောင်း။ စောရေ၊ တောပုန်းလူဆိုးကြီးဖြစ်သော။ အင်္ဂုလိမာလကေ၊ အင်္ဂုလိမာလ၌လည်းကောင်း။ ဓနပါလေ၊ ဓနပါလမည် သော နာဠာဂိရိဆင်၌လည်းကောင်း။ ရာဟုလေ စ၊ သားတော် ရာဟုလာ၌လည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံသော သတ္တဝါတို့၌။ သမမာနသော၊ တူမျှသော စိတ်ရှိတော်မူ၏။ (ဋ္ဌ-၆၆)
ဓနပါလေ။ ။ဓနပါလန္တိ နာဠာဂိရိံ၊သောဟိ တဒါ နာဂရေဟိ ပူဇိတ- ဓနရာသိနော လဗ္ဘနတော “ဓနပါလော”တိ ဝေါဟရီယတိ(သီဋီသစ်၊၂၊၂၅)။
သမန္တစက္ခုံ သတပုညလက္ခဏံ, ပါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ။
အဂ္ဂပုဂ္ဂလံ၊ ကမ္ဘာအလုံးတွင်, အသာဆုံးပုဂ္ဂိုလ်လည်း ဖြစ် တော်မူပေထသော။ ဒေဝါတိဒေဝံ၊ နတ်အပေါင်းတို့၏, ဥုးခေါင်း ညွတ်လျှိုး, ခိုကိုးရာအစစ်, နတ်မင်းလည်းဖြစ်တော်မူပေထသော။ နရဒမ္မသာရထိံ၊ ဆုံးမရန်ကြုံ, များဗိုလ်ပုံကို, စုံလင်စွာ သင်ပေး လျက်, ယဉ်ကျေးအောင် ဆုံးမတော်မူပေထသော။ သမန္တစက္ခုံ၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံကို, အကုန်သိမြင်, သဗ္ဗညုဉာဏ်ရှင်လည်း ဖြစ်တော်မူပေထသော။ သတပုညလက္ခဏံ၊ ရာပေါင်းများစွာ, ဘုန်းသမ္ဘာကြောင့်, ကောင်းစွာမြင့်ကြွယ်, တင့်တယ်သော လက္ခ ဏာလည်း ရှိတော်မူပေထသော။ တံ ဗုဒ္ဓံ၊ တု၍မနိုင်, ပြိုင်၍မရ, ကမ္ဘာ့ထိပ်ခေါင်, ထိုနောင်တော်မြတ်ဘုရားကို။ ဣမေဟိ အဋ္ဌီဟိ၊ အသားတွေပျောက်, အရေခြောက်သဖြင့်, မျက်မှောက်ထင်စွာ, ဤသုံးရာသော အရိုးတို့ဖြင့်လည်းကောင်း။ ဣမေဟိ ပါဏေဟိ၊ မငြိမ်လှုပ်လှက်, ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း။ သရဏံ၊ ဥုးတင်ကျန, ဖူးချင်လှလည်းမရတော့ပါ, ကိုး ကွယ်ရာဟူ၍သာလျှင်။ ဥပေမိ၊ အပြစ်ရှိသမျှ, သတိရသဖြင့်, အာမဝန္တံ, အကုန်ခံ၍, အတန်တန်ဆည်းကပ်ခဲ့ပါသည်ဘုရား။ (ဋ္ဌ-၆၇) [လိုက်နာဆောင်ရွက်ပါမည်ဟု တာဝန်ယူ ကတိပြုခြင်းကို “အာမဝန္တံ”ဟု ခေါ်သည် (မြန်ဓာန်)။]
သဗ္ဗံ စေ ပထဝိံ ဒဇ္ဇာ, နေဝ နံ အဘိရာဓယေ။
အကတညုဿ၊ သူတစ်ပါးတို့ ပြုအပ်ပြီးသောကျေးဇူးကို မသိ တတ်သော။ နိစ္စံ၊ အမြဲ။ ဝိဝရဒဿိနော၊ ရပေါက်ရလမ်းကိုသာ ကြည့် တတ်သော။ ပေါသဿ၊ ယောကျ်ားအား။ သဗ္ဗံ၊ အလုံးစုံသော။ ပထဝိံ၊ မြေကို။ စေ (ပိ) ဒဇ္ဇာ၊ အကယ်၍မူလည်း ပေးဥုးတော့။ (ဧဝံ ဒေန္တောပိ၊ ဤသို့ပေးပါသော်လည်း။) နံ၊ ထိုယောကျ်ားကို။ နေဝ အဘိရာဓယေ၊ မနှစ်သက်စေနိုင်ရာ။ ဝါ၊ မကြည်လင် မရွှင် ပျစေနိုင်ရာ။ (ဋ္ဌ-၆၈)
သဗ္ဗံ စေ ပထဝိံ ဒဇ္ဇာ။ ။ “သဗ္ဗံ စေ ပထဝိံ ဒဇ္ဇာတိ သစေပိ... သကလံ စက္ကဝတ္တိရဇ္ဇံ, ဣမံ ဝါ ပန မဟာပထဝိံ ပရိဝတ္တေတွာ ပထဝေါဇံ ဒဒေယျ(ဇာ၊ဋ္ဌ၊၁၊၃၄၀)”ဟူသော အဖွင့်ကို ကြည့်၍ ပထဝိံအရ ဌာနျူပစာရအားဖြင့် စကြာမင်းအဖြစ်နှင့် မြေဆီမြေလွှာ မြေဩဇာကိုယူ။
ပိယော နု တေ အာသိ အကဏှနေတ္တော, ကသ္မာ တုဝံ ရောဒသိ ဒွါရပါလ။
သဗ္ဗော၊ အလုံးစုံသော။ ဇနော၊ လူအပေါင်းကို။ ပိင်္ဂလေန၊ မနက်မမှောင် ကြောင်သောမျက်လုံးရှိသော ပိင်္ဂလမင်းသည်။ ဟိံသိတော၊ နှိက်စက်အပ်ပါပြီ။ တသ္မိံ၊ ထိုပိင်္ဂလမင်းသည်။ မတေ၊ သေလသော်။ ပစ္စယာ၊ ဝမ်းတွင်းမှာပြည့်, ဝမ်းမြောက်မှုပီတိတို့ သည်။ ဝေဒယန္တိ၊ အမျိုးမျိုးအဖုံဖုံ ရင့်ဖွင့်၍ ပြောနေပါကုန်၏။ တေ၊ သင်သည်။ အကဏှနေတ္တော၊ မနက်မမှောင် ကြောင်သော မျက်လုံးရှိသော ပိင်္ဂလမင်းသည်။ ဝါ၊ ကို။ ပိယော၊ ချစ်အပ်သည်။ အာသိ နု၊ ဖြစ်သလော။ ဒွါရပါလ၊ တခါးစောင့်! ကသ္မာ၊ အဘယ် ကြောင့်။ ရောဒသိ၊ ငိုနေရသနည်း? (ဋ္ဌ-၆၉)
ပစ္စယာ ဝေဒယန္တိ။ ။ ပစ္စေတိ ဧတေဟီတိ ပစ္စယာ-နှစ်သက်ကြောင်း ပီတိတို့၊ [ပတိ+ဣ+အ၊-ဒီ၊ဋီ၊၁၊၅၉၊] (တစ်နည်း) ပီတိ ဧတိ ဣတောတိ ပစ္စယာ၊ [ပီတိ+ဣ+အ၊ ဣကို ဧ, ဧကို အယပြု၊ (ပီတိ+အယ)၊ တိကို စပြု၊ စေဒွေဘော်, ပီ၌ ဤကို အ-ပြု၊-ဝိဗော၊၁၇၊] ဝေဒယန္တိ၌ စုရာဒိ ဝိဒ ဓာတ်သည် အာချာန(ပြောခြင်း)အနက်ဟောတည်း(ဓာတွတ္ထ)။ [ပစ္စယာ ဝေဒယန္တီတိ ပီတိယော ပဝေဒယန္တိ၊-ဇာ၊ဋ္ဌ၊၂၊၂၂၁။]
ဣတော ဂတော ဟိံသေယျ မစ္စုရာဇံ, သော ဟိံသိတော အာနေယျ ပုန ဣဓ။
မေ၊ ကျွန်တော်မျိုးသည်။ အကဏှနေတ္တော၊ သည်။ ဝါ၊ ကို။ ပိယော၊ သည်။ န အာသိ၊ မဖြစ်ပါ။ တဿ၊ ထိုပိင်္ဂလမင်း၏။ ပစ္စာဂမနာယ၊ ပြန်လာခြင်းမှ။ ဘာယာမိ၊ ကြောက်နေပါ၏။ ဣတော၊ ဤလူ့ပြည်မှ။ ဂတော၊ သွားလေသူ ပိင်္ဂလမင်းသည်။ မစ္စုရာဇံ၊ သေမင်းအမည်ရကြသည့် ယမမင်းနှင့် ငရဲထိန်းအပေါင်းကို။ ဟိံသေယျ၊ နှိက်စက်ရာ၏။ ဟိံသိတော၊ နှိပ်စက်အပ်သော။ ဝါ၊ အနှိပ် စက်ခံရသော။ သော၊ ထိုသေမင်းအမည်ရကြသည့် ယမမင်းနှင့် ငရဲထိန်းအပေါင်းသည်။ (တစ်နည်း) သော၊ ကို။ ဟိံသိတော၊ သည်။ (သမာနော၊ သော်။) ပုန၊ တစ်ဖန်။ ဣဓ၊ ဤလူ့ပြည်သို့။ အာနေယျ၊ ဆောင်ပို့လိုက်ရာ၏။ (ဋ္ဌ-၇၀)
ပစ္စာဂမနာယ။ ။ သိလာဃသုတ်၌ (ယဿ ဒါတုကာမောသုတ်မှ လိုက်လာသော) ဝါသဒ္ဒါဖြင့် ပဉ္စမျတ္ထအပါဒါန်မှည့်, သမ္ပဒါနေ စတုတ္ထီဖြင့် စတုတ္ထီသက်၊ (တစ်နည်း) သမ္ပဒါနေ စတုတ္ထီသုတ်၌ “စတုတ္ထီ”ဟူသော ယောဂဝိဘာဂဖြင့် ပဉ္စမီအနက်၌ စတုတ္ထီသက်၊ (တစ်နည်း) ဝိဘတ္တိဝိပလ္လာသကြံ။ (ကစ္စည်း-၁၄၉၊ ဝဏ္ဏနာ၊ ဝိဗော၊ နီတိသုတ္တ-၁၇၄)
ဒေဝဒတ္တဝတ္ထုပါဠိဂါထာ
ပါပံ မေ ကတန္တိ တပ္ပတိ, ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။
ပါပကာရီ၊ မကောင်းမှုကို ပြုသူသည်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ တပ္ပတိ၊ ပူပန်ရ၏။ ပေစ္စ၊ တမလွန်ဘဝ၌။ တပ္ပတိ၊ ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန်တမလွန်, ၂တန်သောဘဝ၌။ တပ္ပတိ၊ ၏။ မေ၊ ငါသည်။ ပါပံ၊ မကောင်းမှုကို။ ကတံ၊ ပြုအပ်မိလေစွ။ ဣတိ၊ ဤသို့တွေး၍။ တပ္ပတိ၊ ၏။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိသို့။ ဂတော၊ ရောက်သည်။ (သမာနောဖြစ်လသော်။) ဘိယျော၊ လွန်စွာ။ တပ္ပတိ၊ ၏။ (ပါ-၁၇)
ဒေဝဒတ္တဝတ္ထုဂါထာနိဿယပြီးပြီ။