မဟာသုတကာရီ မဃဒေဝလင်္ကာသစ်
by မာန်လည်ဆရာတော်
၁။ ဓမ္မစရိယာနုယောဇဉ်
1516မဟာသုတကာရီ မဃဒေဝလင်္ကာသစ် — ၁။ ဓမ္မစရိယာနုယောဇဉ်မာန်လည်ဆရာတော်


(၅၃၆) မှတ်ကြ ပဏ္ဍိ၊ စစ်ရိုး သိစိမ့်၊ အာဒိ ရှေးဖျား၊ ကြားသည့်ကျမ်းနှိုက်၊ ရှင်တော်*ရိုက်သည့်၊ အမြိုက် ဆောင်ငြား၊ မြတ်တရားကား၊ တပါး ရသ၊ ဓမ္မ ဝိနည်း၊ ပေါင်းစည်း ဒုက၊ ပထမ မဇ္ဈိ၊ ပစ္ဆိဝစန၊ ခွဲးထ သုံးမှတ်၊ ပိဋကတ် သုံးဖြာ၊ ဒေသနာနှင့်၊ ကထာ သာသန၊ သုံးစီ ပြလျက်၊ ပဉ္စနိကာယ်၊ ကိုးသွယ် အင်္ဂါ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်း၊ လေးထောင် ပေါင်းဟု၊ မှတ်ကြောင်း ဆယ်ဖြာ၊ စစ်ရိုးလာတွင်၊ မှန်စွာ ဘော်ထုတ်၊ ဝိမုတ်ရသ၊ တကိစ္စတည့်၊ ဓမ္မ မဇ္ဈိမ၊ သုတ္တန္တ ပိဋကတ်၊ ပညတ် များစွာ၊ ဝေါဟာ ဒိဋ္ဌိ၊ ဝိနိဝေဌန၊ ယထာနုလောမ၊ ခုဒ္ဒကမျိုး၊ ဟောရိုး ဇာတ်မှန်၊ တောထွက်ဟန်ဖြင့်၊ နုသန် ဧကာ၊ ဖြစ် ခြင်းရာကြောင့်၊ ခန္ဓာ ဧက၊ တပါး ရရှင့်၊ သည်မျှ ရွေ့သာ၊ အဋ္ဌကထာ *နိဿရည်း၊ သုတ်စစ်နည်းသည်။။ ရုံးစည်း အသင့် မှတ်ရုံတည်း။ (၁)

(၅၃၇) ထိုမှတုံပြီ့း၊ နေတ္တိ အလင်္ကာ၊ များစွာ ဆန်း †ကြယ်၊ ဆိုနည်း †ကျယ်၍့၊ မလွယ် သိခက်၊ လွန်နဲးနက်၏၊ မှတ်ချက် ဓမ္မ၊ လိုရင်းပြက၊ မဃဒေဝ၊ သတ္တမဟာ၊ မြတ်ရာဇာ၏့၊ မိန့်မှာ ဟောထ၊ ဒေဝဒူတာ၊ ပုဒ်အလာဖြင့်၊ ခေါင်းမှာ မယွင်း၊ ဆံဖြူခြင်းကား၊ သေမင်း မိုးနတ်၊ ဝိသုဒ်မြတ်တို့၊ သေမှတ် သေစာ၊ ပြ-ကြားလာဟု၊ ဂါထာ အနက်၊ ဤအချက်ကို၊ မပျက် နှလုံး၊ စွဲးသုံးသော့အား၊ မြဲး မှတ်သား၍့။။ တရားယူသင့် ရေးပုံတည်း။ (၂)

(၅၃၈) တရားရေးပုံ၊ ယူတုံ မှတ်ဘိ၊ ရသတိဖြင့်၊ “မိမိခေါင်းတွင်၊ ဆံဖြူ မြင်သော်၊ ငါလျှင် အပြီး၊ သေချိန်နီးခဲ့၊ သမီးနှင့် သား၊ မယားနှင့် လင်၊ သက်နှယ် ကြင်လည်း၊ အသျှင်သေမင်း၊ မကြာ ခွင်းလိမ့်၊ သေခြင်း နီးစွာ၊ ရောက်သော့ ငါအား၊ အိမ်မှာ ပျော်†ကျိုး၊ ဘယ်ယှိနိုးအံ့၊ နေ†ကြိုး နေ†ကြား၊ ကျင့် ပြောက်†ကျားနှင့်၊ လေးပါး ပါယ်ထဲး၊ မီးငရဲးမှ၊ လွတ်မြဲးမဟူ၊ သတိမူလော့၊ ငယ်သူ*တကာ၊ နုသေးစွာဖြင့်၊ ခိဍာဒသက၊ မန္ဒာစသား၊ *ပတ်လျ စိုရွှင်၊ *လုလင်*သမဲး၊ လုမိ*ညဲးနှင့်၊ ဉာဏ်မွဲး တုံးပေ၊ မိုက်မူးဝေသည်၊ လူလေ လူဝါး၊ လူပြိန်းများသို့၊ ပျော်ပါး စိတ်ကြိုက်၊ ဝသီ လိုက်၍့၊ စရိုက် ယုတ်မာ၊ ဝါသနာ ဆိုးဝါး၊ တမားမားဖြင့်၊ တရား လက်စွဲး၊ မယှိဘဲးလျှင်၊ မကွဲး စုဝေး၊ အိမ်-သား-မြေးနှင့်။။ သေရေး မလှ မလုံတည်း။”(၃)

(၅၃၉) “သေရေး မလုံ၊ မလှတုံဘဲး၊ အာရုံတိမ်းကာ၊ ဥစ္စာ ခမ်းနား၊ လယ်-ယာများနှင့်၊ မယားကို စွဲး၊ သားကို စွဲးကြောင့်၊ ငရဲး နစ်လေ၊ ကြက်မြွေ ကျေးသား၊ ခွေး-နွား ဘုတ်-ပြိတ်၊ အဟိတ် ယုတ်†မာ၊ ဖြစ်ကြစွာခဲ့၊ သ†မ္မာ မလို၊ ကုသိုလ် မကြိုက်၊ ဒုစ္စရိုက်ဖြင့်၊ ကြက်တိုက် အန်ခတ်၊ ပတတ် ယုန်ထိုး၊ ယစ်မျိုး *သောက်တုတ်၊ ယစ်*ထုတ် လေ့လာ၊ သေစာ ဘင်း†ဘိန်း၊ တဖိန်း†ဖိန်းနှင့်၊ ပိန်း၍့ မူးဝေ၊ မိုး-မြေ မသိ၊ ဟူဘိပမာ၊ မေ့လျော့စွာလျက်၊ ပါယ်ရွာစီးပွား၊ တမားမားတည့်၊ ကြိုးစား သက်လုံး၊ လူမိုက်ထုံးကား၊ မတုံး လက်စ၊ သေ မလှဘူး၊ ထိုမျှ တိမ်းယူ၊ အ*ပြိန်းလူနှင့်၊ မတူစေရ၊ မဃဒေဝေါ်၊ လောင်းတော်*သနင်း၊ နေမိမင်းသို့၊ စွန့်ကင်း ပိုင်ပိုင်၊ မတတ်နိုင်လည်း၊ လက်ကိုင် သမ္မာ၊ ယူဖြောင့်စွာလျက်၊ မိစ္ဆာ မငြိ၊ ဒိဋ္ဌိ မယှဉ်၊ ပညာဉ် မခွ၊ ပမာဒဖြင့်၊ ပါပမနော်၊ မမွေ့လျော်ဘဲး၊ လူ့ဘော် ကျင့်သုံး၊ သူတော့်ထုံးကို။။ နှလုံးပိုက်ကြ အာရုံတည်း။”(၄)

(၅၄၀) သတ္တဝါတွင်၊ အမြင် စက္ခု၊ ငါးပါးစုသည့်၊ သဗ္ဗညုဘုရား၊ ခြေရာများတွင်၊ ထင်ရှား ကြီးစွာ၊ ဆင့်ခြေရာတည့်၊ နံ့သာမျိုးစစ်၊ အမြစ်တွင်သော်၊ အကျော်နက် ကျူး၊ အနှစ်ထူးကား၊ စန္ဒကူးနီသာ၊ အပွင့်မှာမူ၊ မုလေး ဟူ၏၊ လူတို့*သနင်း၊ မင်းတွင် စကြာ၊ အင်္ဂါ ဗုဒ္ဓ၊ စသည် ငါးပါး၊ ပဉ္စတားဟု၊ ထင်ရှား ထိန်ဖြာ၊ ဂြိုဟ်*တကာတွင်၊ သောကြာ စိုင်ရှူး၊ ထွန်းမြူး တောက်ပြောင်၊ ကြယ်မျာ့းဘောင်တွင်၊ လရောင် လွန်ကဲး၊ မှောင်တခဲးကို၊ ဘောက်ခွဲး ပယ်ခြင်း၊ ရောင်အလင်းတွင်၊ နေမင်း ပြဘင်၊ မြစ်တွင် သမုဒ်၊ အဟုတ် ကြီးမား၊ တောင်ကား မြင်းမိုရ်၊ “ကုသိုလ် ပညတ်၊ တရားရပ်တွင်၊ အပ္ပမာဒ၊ ထူးမြတ်လှဟု၊ လူ့ဘ မဟေ၊ သုံးလူ့ဆွေတို့၊ ဟောပေတိုင်းသာ၊ မမေ့ရာသား၊ ရတနာ သုံးမျိုး၊ ကြည် မြတ်နိုး၍့၊ ကိုးကွယ် နေ့-ည၊ ဆည်းကပ်ကြလျက်၊ ဒါန သီလ၊ အဋ္ဌင်္ဂဟု၊ ဗြဟ္မစာရီ ကျင့် ဝသီဖြင့်၊ အညီ ထုံမှု၊ ဆောက်တည်ပြုက၊ ဆတ္တုပါဟန၊ ဓမ္မိကနှင့်၊ နန္ဒမာတာ၊ ဝိသာခါသို့။။ နတ်ရွာ မြဲးလိမ့် ကြည်ယုံတည်း။”(၅)

(၅၄၁) အထု အထ၊ လူ့ဘဝနှိုက်၊ ပုရွ ကြီး-ငယ်၊ မျိုးနွယ် ယုတ်မြတ်၊ အတတ်ပညာ၊ ဥစ္စာ ယှိ*မဲ့၊ ချို့တဲ့ ပြည်စုံ၊ မ*ကုံလုံနှင့်၊ *ကုံလုံ *ပြောထူ၊ အို ရှင်-လူတို့။။ “ဆံဖြူ ကြိုး†ကြယ်၊ ရုပ်ဆိုးရွယ်နှင့်၊ တွင်†ကျယ်ဘိနိုး၊ သွားပါး +ကျိုးလည်း၊ အား+ကြိုး မာန်တက်၊ စိတ်စက် မ†ချ၊ လွန်မြောက်ကြွ၍့၊ ပိုး†ခြ ပရွက်၊ ရွရွတက်သို့၊ အသက် ရှာရှာ၊ မရှက်စွာတည့်၊” “အရာ မလျော်၊ ရွယ် မတော်လျက်၊ လော်လော်မာမာ၊ ကိလေသာဖြင့်၊ လူ့ရွာ ပျော်ဘိန်း၊ ဆင် ဆေးမိန်းသို့၊ *အပြိန်း *အပြောင်၊ တွေ့ မရှောင်ဘဲး၊ သိမ်းဆောင် သောင်းပြောင်း၊ ငယ်ငေါင်းအရွယ်၊ မြေးမျှနှယ်ဘိ၊ အဘယ်*ကလျာ၊ ပျိုနုစွာနှင့်၊ အိမ်ရာ ယှဉ်မှီး၊ ပင်အို သီးသို့၊ မကြီး မ†ပြင်း၊ ဖြစ်လာ ကင်း၍့၊ သား†ပျင်း ပုလု၊ ငယ်နု ပွေ့ချီ၊ အီအီ အိုအို၊ တဆိုဆိုတည့်၊” “ရွယ်ပျို နုရွ၊ ရူပ ရုပ်ဆင်၊ နတ်အသွင်သို့၊ အပြင်အလျာ၊ တင့်တယ်စွာသား၊ ကညာ သွယ်လျ၊ သူငယ်မကို၊ မရနိုင်သော်၊ အိုဘော် အို†ချင်း၊ နားပါး သွင်း၍့၊ ပျော်†ခြင်း မထိုက်၊ အားကုန် ဟိုက်လျက်၊ လျှာနှိုက် မစို၊ သွားစွယ် တိုနှင့်၊ ခွေးအို ရိုးကိုက်၊ စိတ်လိုလိုက်သို့၊ စရိုက် မှေးထူ၊ အပြိန်းလူတို့၊ မသူတော်လေ့၊ ပျော် *တပ်ပြွေ့လျက်၊ မမေ့ ရံခါ၊ ပယ် မကွာဘူး၊ များစွာ ပတ်ရစ်၊ ငယ်နု†မျစ်သား၊ မြေး†မြစ် သားနှောင်း၊ နွားနှယ်ကျောင်း၍့၊ အပေါင်း ကြွက်ဆူ၊ ဘရဘူနှင့်၊ ငယ်မူ ငယ်ရူ၊ ခေါင်းလုံးဖြူအောင်၊ မသူတော့်ငြမ်း၊ မသော့သွမ်းသည်။။ အိုလမ်း ကျကြစေသတည်း။ (၆)

(၅၄၂) “ပုထုဇန်လိုက်၊ လူ့စရိုက်ဖြင့်၊ ငယ်နှိုက် မွေ့လျော်၊ လူမှု ပျော်၍့၊ မော်မော် ကြွားကြွား၊ မေ့လျော့ငြားလည်း၊ တရား သိလောက်၊ ရွယ်ရောက်အနေ၊ ဣန္ဒြေ ငါး၊ ရင့်သောအားဖြင့်၊ လျော့ပါး ဇီဝိတိန်၊ သားပိန် ရေခန်း၊ နေဝယ်†လှန်းသို့၊ မ†လန်း သွေ့ညှိုး၊ ရုပ်-ရွယ် ဆိုးလျက်၊ သွားကျိုး ဆံဖြူ၊ ဖြစ်သော်မူတိ၊ လူသူတဝေး၊ အိမ်-သား-မြေးတို့၊ မလေး *မနာ၊ ပမာ မပြု၊ ဂရု မထား၊ မ*လောက်လားဘဲး၊ အများသူငယ်၊ လူတို့လယ်နှိုက်၊ အရွယ် မလျော်၊ မုန်းဆေးဖေါ်သို့၊ လူဘော်မသွင်း၊ ရွယ် ခေါင်†ချင်း၍့၊ သေ†ခြင်း နီးစွာ၊ ငါ ရောက်လာဟု၊ ဝါသနာ ငယ်†ကြိုက်၊ ဒုစ္စရိုက်မှ၊ ကျိုက်†ကျိုက် လောင်ဆူ၊ ရွံဘွယ်ဟူသား၊ သံပူ မစင်၊ အမြင် *ပြက်ပြက်၊ ထိုနှစ်ဘက်ကို၊ လက်ဖြင့် ရွံ့ရွံ့၊ မကိုင်ဝံ့သို့၊ ပြုအံ့ မယှိ၊ ရှက်ကြောက်ဘိလျက်၊ ဇာတိ ဝယ၊ သူရအစစ်၊ ဗာဟုသစ်ဟု၊ ပိုင်းဆစ် လေးပါး၊ ရှုသောအားဖြင့်၊ ထွတ်ထား ဒွိပဒုတ်၊ မြတ် သမ္ဗုဒ်တို့၊ ရွှေနှုတ် ချိုမော၊ မြွက်ဘော် ဟောသား၊ လောကပါလ၊ သုက္က ဒေဝဓံ၊ နာမံ သုံးမည်၊ ရွှေဘွဲ့ချည်လျက်၊ နတ်ပြည် ထင်ရှား၊ ထူးဂုဏ်အားနှင့်၊ တရား နှစ်ရပ်၊ ဟိရောတ္တပ်ကို။။ ကိုယ်ကြပ် ရကြစေသတည်း။”(၇)

(၅၄၃) “ဟိရီ သြတ္တပ်၊ ကိုယ်ကို ကြပ်၍့၊ တည်းကွပ် မယှိ၊ သတိ မရ၊ လူထိုမျှကား၊ လောက လူဝယ်၊ ကဲ့ရဲ့ဘွယ်နှင့်၊ အပါယ် ဆင်းခွင့်၊ ဟင်းလင်း ပွင့်ခဲ့၊ ခွေးနှင့် ဝက်လား၊ ကျွဲး-နွား သိုး-ဆိတ်၊ အဟိတ်တိရစ္ဆာန်၊ သဏ္ဌာန်*တမျှ၊ မိုက် မောဟဖြင့်၊ ဘဝ ဆုံတွေ့၊ ဘုံအလေ့သာ၊ အောက်မေ့ သိမှတ်၊ ကြံစည်တတ်၍့၊ လူ-နတ်စီးပွား၊ မပြီးငြားတည့်၊ မြသားအ†ယောင်၊ မွေးအတောင်နှင့်၊ ဆင်း†ရောင် လှရှောင်း၊ ငှက်ဥဒေါင်းလျှင်၊ ရှက်-ကြောက် ဟိရီ့၊ မယှိ သော့သွမ်း၊ ကျင့် ဟော့ရမ်း၍့၊ ဖုံးလွှမ်းအပ်ရာ၊ ကိုယ်အင်္ဂါကို၊ ဘွင့်ကာပြငြား၊ က,သော့အားကြောင့်၊ မယားရတနာ၊ ရလုစွာနှိုက်၊ လွဲးကာ သွေချွတ်၊ မရ လွတ်၏၊” “အမြတ် ထင်ရှား၊ နှစ်ပါး ကိုယ်ကြပ်၊ ဟိရောတ္တပ်နှင့်၊ မြဲးကပ်ယှိသူ၊ ထိုနတ်-လူမှ၊ သပ္ပူရိသ၊ ဟူထိုက်စွဟု၊ ရှေးက အထူး၊ တောမြိုင်ဦးဝယ်၊ ဘီလူး ကြည်ညွတ်၊ မစား လွှတ်၏၊ ဘုံထွတ် မြင့်မား၊ မြင်းမိုရ်ဖျားထက်၊ သိကြား စံရာ၊ ဝတိံသာဝယ်၊ ရင်းချာ သုံးပါး၊ အစ်မများကို၊ တရား အောင်ကာ၊ နတ် ခြောက်ရွာတိုင်၊ ကြေညာ မဆံ့၊ သတင်း နှံ့သား၊ မွှေးပျံ့ သညာ၊ ဣန္ဒာ သတ်မှတ်၊ ဟိရီနတ်လည်း၊ သူမြတ် အားလုံး၊ ချစ် စုရုံး၏၊ မဆုံး ခြီးသံ၊ ဒေဝဓံဟု၊ စံရွှေနီလား၊ အမြတ်ထားသည့်၊ တရား နှစ်ရပ်၊ ကိုယ်နှိုက် ကပ်၍့။။ ထိန်းကွပ် မ,ကြစေသတည်း။”(၈)

(၅၄၄) ထိန်းအုပ်ကွပ်၍့၊ မစပ် မိစ္ဆာ၊ စိတ် သဒ္ဓါဖြင့်၊ ဒေဝါသုရ၊ သင်္ဂါမနှိုက်၊ သိကြာ့း မိန့်သံ၊ ရဲးဆေးနှံသို့၊ ဘယံ ဆမ္ဘိ၊ မယှိ ပျောက်ပ၊ ကင်းတတ်စွသား၊ သက္က ဣန္ဒာ၊ ပဇာပတိ၊ ကြီးဘိ ဘုန်းဟုန်၊ ဝရုဏ်ဒေဝ၊ ဤသာနတို့၊ ဆောက်ကြ ဖြိုးလျှံ၊ နတ်အလံထက်၊ အရဟံ သွာခါတ၊ စသည် သုပ္ပဋိပ်၊ မာရ်နှိပ် ပယ်ဖျောက်၊ ကိုး-ခြောက် နဝ၊ တုမ†ရသည့်၊ နုတ္တ†ရဂုဏ်ထူး၊ ကျေးဇူး *ဖြိုးပုံ၊ ဘေးမျိုး လုံကို၊ အာရုံ မြတ်နိုး၊ မပြတ် ကိုးလျက်၊ ရှိခိုး နေ့-ည၊ မြဲး မခွက၊ အစလသဒ္ဓါ၊ မဂ် သောတာဖြင့်၊ အနာထပိဏ်၊ ကျော်ရှိန် လူ†မှာ၊ ဝိသာခါနှင့်၊ ဂန္ဓ†မာနတ်၊ နာဂဒတ်က၊ စူဠမဟာ၊ ဣန္ဒာ နေကဝဏ်၊ သူ*မွန် ခုနစ်ပါး၊ တရား မြဲးမြံ၊ ဘုံစဉ်စံတို့၊ ဥဒ္ဓံသောတ၊ ရောက်ထ မှန်စွာ၊ ဘုံ သုဒ္ဓါဝယ်၊ ကမ္ဘာအပေါင်း၊ သုံးသောင်းတထောင်၊ စေ့အောင် ချမ်းသာ၊ ငြိမ်းဧးစွာလျှင်၊ သဥပါဒိ၊ လက်ယှိ အမြတ်၊ နိဗ္ဗာန်ဓာတ်နှင့်၊ တည်လတ် ဆုံးပိတ်၊ အကနိဌ်နှိုက်၊ ဝဋ်ဆိတ် ကင်းရာ၊ ရှင်းရှင်း ကွာသည်၊ ခေမာ ဘုံနန်း၊ ဝင်ကြ မြန်းသို့၊ ဖြောင့်တန်း ဧကန်၊ *နေရဗ္ဗာန်လိမ့်၊ ညာဆန် ဘ†ဝ၊ မဟူကလည်း၊ ဒေ†ဝ ထက်ရပ်၊ ခြောက်ထပ် လူးလာ၊ ပျော်မြူးကာဖြင့်၊ လူ့ရွာလည်းကောင်း၊ ခန္ဓာဟောင်းကို၊ ပြောင်းရုံ လဲးရုံ၊ တဘုံ ဆင်း-တက်၊ ချမ်းသာ စက်ကား၊ မပျက်သော့ထွေ၊ စုန်-ဆန်နေ၍့၊ မသေစာရင်း၊ ရွှေစာ သွင်းလျက်၊ ကောင်းခြင်းအလား၊ တရား မရိုင်း၊ လူ-နတ် ပိုင်းသည်။။ ဖြစ်တိုင်း လှကြာစေသတည်း။ (၉)

ဓမ္မစရိယာနုယောဇဉ် (၉)ပိုဒ် ပြီး၏၊