နယုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်
မြူခိုးရှက်လိန် တိမ်တမြုံ့နှင့်
ထိန်မောင်းရဂုံ့ ရှုမကုန်
ဂိန်နှောင်းနယုန် ခုအကြုံဝယ်
ရတုသာပုံ သာစမြေ့။
ယုန်ငွေဇေဋ္ဌ တံငါ့ကြယ်ငယ်
တကွပြိုင်ဆွယ် ပျော်မြဲစံကြ၍။
ဖြန်းလေလှုံ့တဲ့ ပန်းခုံ့ဆီမှာ
နန်းသုံးစမ္ပီ ကြိုင်ဓလေ့။
မန်းသုံ့မဟီ လှိုင်အကြွေမို့
မပိုင်တဆွေ့ မှိုင်မရွှင်။
စာမေးထုတ်ပြန် နှုတ်သံညှင်းသည်
မုဋ္ဌာန်ခပင်း သစ်တဲ့ခါသဘင်။
အောင်သံကြွေးရင့် နွံစေးပြင်ဝယ်
ထွန်ရေးတော်ဝင် ရင်မည်ဆဲမှ
ပုလဲငွေဥ ရေထုတောင်လို
စွေသွန်းမယ်ထင့်ကို။
မြင်မတန့်မျှ ဘဝင်လန့်ဖိုအောင်
မင်ပန့်အညို ဟန်ကြီးကျယ်လှလေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |