1587နယုန်လဘွဲ့ လွမ်းချင်းမဟာအတုလမင်းကြီး

နတ်စည်ငယ်ရွမ်းပါလို့
ရိုက်မွှမ်းငယ်သံစုံ
ကမြူးငယ်ခုံသည်
လနယုန် သည်ချိန်မို့
မြူတိမ်လွှာ ဆိုင်းပြန်တော့တယ်လေး။

ရာသီမေဓ၊ ဆဲ့နှစ်လမို့
ဇေဋ္ဌပြောင်ရှိန်
တောက်လောင်ငယ်ထိန်သည်
ရာဇိန္ဒနတ်၊ ပိဋကတ်မှာ
မပြတ်ကယ်ထွက်စံ
စာညီလာခံသောခါ
ဗိုလ်ခြံတဲ့ ရွေလယ်မှာ
ငွေစပယ်ဖြူမလေးက
မွှေးလှတယ်လေး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.