နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/နာမရူပပစ္စယာ သဠာယတနံ

နာမရူပပစ္စယာ သဠာယတနံ = နာမ်ရုပ်ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်၏၊

ဤအပိုင်းတွင် –
(က) နာမ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ,
( ခ ) နာမ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ,
( ဂ ) ရုပ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ,
(ဃ) ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ,
( င ) နာမ်+ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ - ဟု ဤသို့လျှင် အပိုင်း (၅)ပိုင်း ပါဝင်လျက် ရှိပေသည်။

(က) နာမ်က မနာယတနအား ကျေးဇူးပြုပုံ = နာမ်ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ

ဤ ၌ ––- နာမ် - အရ ဆိုင်ရာ မနာယတနနှင့်ယှဉ်ဖက် စေတသိက်နာမ်ကိုသာ ထိုက်သလို ကောက်ယူပါ။စေတသိက်နာမ်က မိမိတို့နှင့် ယှဉ်ဖက် စိတ် = မနာယတနအား ကျေးဇူးပြုပုံအပိုင်း ဖြစ်သည်။

၁။ ပဋိသန္ဓေနာမ်တရား (= ၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏၊
ပဋိသန္ဓေနာမ်တရား (= ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
၂။ ဘဝင်နာမ်တရား (= ၃၃) ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏၊
ဘဝင်နာမ်တရား (= ၃၃)က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
၃။ စုတိနာမ်တရား (= ၃၃) ဖြစ်ခြင်းကြောင့် စုတိ မနာယတန ဖြစ်၏၊
စုတိနာမ်တရား (= ၃၃)က အကြောင်းတရား၊ စုတိ မနာယတနက အကျိုးတရား။ [မှတ်စု ၁]* ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရား (= ၁၀) ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရား (= ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
၄။ စက္ခုဝိညာဏ်နာမ်တရား (= ၇) ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏၊
စက္ခုဝိညာဏ်နာမ်တရား (= ၇)က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
၅။ သမ္ပဋိ စ္ဆိုင်းနာမ်တရား (= ၁၀) ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း မနာယတန ဖြစ်၏၊
သမ္ပဋိ စ္ဆိုင်းနာမ်တရား (= ၁၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း မနာယတနက အကျိုးတရား။
၆။ သန္တီရဏနာမ်တရား (= ၁၁) ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏၊
သန္တီရဏနာမ်တရား (= ၁၁)က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
* ဝုဋ္ဌောနာမ်တရား (= ၁၁) ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏၊
ဝုဋ္ဌောနာမ်တရား (= ၁၁)က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
* ဇောနာမ်တရား (= ) ဖြစ်ခြင်းကြောင့် ဇော မနာယတန ဖြစ်၏၊
ဇောနာမ်တရား (= )က အကြောင်းတရား၊ ဇော မနာယတနက အကျိုးတရား။
၇။ တဒါရုံနာမ်တရား (= ) ဖြစ်ခြင်းကြောင့် တဒါရုံ မနာယတန ဖြစ်၏၊
တဒါရုံနာမ်တရား (= )က အကြောင်းတရား၊ တဒါရုံ မနာယတနက အကျိုးတရား။
* မနောဒွါရာဝဇ္ဇန်းနာမ်တရား (= ၁၁) ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
မနောဒွါရာဝဇ္ဇန်းနာမ်တရား (= ၁၁)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား၊၊ [မှတ်စု ၂]

(ခ) နာမ်ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ

“နောက်နောက်၌ ဖြစ်ကုန်သော အရူပဝိပါက် (၄)ခုမှ တစ်ပါးကုန်သော စိတ် (၈၅), စေတသိက် (၅၂)ဟူသော စိတ်စေတသိက်နာမ်တရားစုတို့သည် မိမိ၏ ရှေ့စိတ္တက္ခဏ၌ဖြစ်သော ဤစတုသမုဋ္ဌာနိက ရူပကာယအား ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊” ....

ဤအထက်ပါ ပဋ္ဌာန်းဒေသနာတော်[မှတ်စု ၃]နှင့် အညီ စိတ်စေတသိက် = နာမ်တရားစုက ရုပ်အာယတနအား ကျေးဇူးပြုရာ၌ အကျိုးရုပ်တရားက အလျင်ဖြစ်၍ အကြောင်းနာမ်တရားက နောက်မှ ဖြစ်၏ဟု သိရှိပါလေ။ အကျိုး ရုပ်တရားကား (ယေဘုယျအားဖြင့် ပဋိသန္ဓေအခါမှ လွဲလျှင်) ရှေ့စိတ္တက္ခဏနှင့် အတူ ဥပါဒ်၏၊ အကြောင်း နာမ်တရားစုကား နောက်စိတ္တက္ခဏနာမ်တရားစုတည်း။ ထိုကြောင့် အကျဉ်းချုပ် ဆိုလိုရင်းကို ရှေ့ဦးစွာ အောက်ပါ အတိုင်း မှတ်သားထားပါ။ –

၁။ ပဋိသန္ဓေနာမက္ခန္ဓာနှင့် အတူဥပါဒ်၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော ကမ္မဇရုပ်ဟု ဆိုအပ်သော ဧကဇကာယအား, တစ်နည်း - ကမ္မဇရုပ် ဥတုဇရုပ်ဟု ဆိုအပ်သော ဒွိဇကာယအား ပထမဘဝင်နာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၂။ ပထမဘဝင်အစရှိသော ရှေးရှေးသော ဘဝင်နာမက္ခန္ဓာနှင့် အတူ ဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်ဟု ဆိုအပ်သော တိဇကာယအား ဒုတိယဘဝင် အစရှိသော နောက်နောက်သော ဘဝင်နာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၃။ အာဟာရဇရုပ် ဥပါဒ်သောအခါ ရှေးဖြစ်သော စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဟု ဆိုအပ်သော စတုဇကာယအား နောက်ဖြစ်သော စိတ်စေတသိက်နာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၄။ ကာမာဝစရသတ္တဝါ၏ သန္တာန်ဝယ် ပဋိသန္ဓေနောင် (၁၅)ခုမြောက် ဘဝင်စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော စတုဇကာယအား နောက်ဖြစ်သော အာဝဇ္ဇန်းနာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊[မှတ်စု ၄]

၅။ ပဉ္စဒွါရဝီထိများဝယ် ပဉ္စဒွါရာဝဇ္ဇန်းနှင့် အတူဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော (တိဇကာယ) စတုဇကာယအား နောက်ဖြစ်သော ပဉ္စဝိညာဏ်နာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၆။ ပဉ္စဝိညာဏ်နှင့် အတူဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော (ရူပါဝစရဘုံ၌ ကမ္မဇရုပ် ဥတုဇရုပ်ဟူသော ဒွိဇကာယအား), ကာမာဝစရဘုံ၌ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော တိဇကာယအား နောက်ဖြစ်သော သမ္ပဋိ စ္ဆိုင်းနာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၇။ သမ္ပဋိ စ္ဆိုင်းနာမက္ခန္ဓာနှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော (ရူပါဝစရဘုံ၌ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်ဟူသော တိဇကာယအား), ကာမာဝစရဘုံ၌ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဟူသော စတုဇကာယအား နောက်ဖြစ်သော သန္တီရဏနာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူး ပြု၏၊ [ဤနည်းကို နည်းမှီ၍ ရှေးရှေးစိတ်နှင့် အတူဥပါဒ်သော စတုဇရုပ်အား နောက်နောက်သော စိတ်စေတသိက် = နာမက္ခန္ဓာတရားစုက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို သဘောပေါက်ပါ။“]

ဥပတ္ထမ္ဘကသဘော

လင်းတငယ်ကလေးတို့၌ – “အမိလင်းတကြီး အစာရှာ ထွက်ခွာသွားသောအခါ အမိပြန်လာလျှင် အစာ စားရလိမ့်မည်”ဟု မျှော်လင့်သော အာသာတဏှာဆန္ဒ ဖြစ်၏၊ ထို အာသာတဏှာဆန္ဒနှင့် ယှဉ်ဖက် စေတနာသည် မနောသေဉ္စတနာဟာရပင်တည်း။ ထိုမနောသေဉ္စတနာဟာရသည် လင်းတကလေးတို့၏ ကိုယ်၌ ပစ္စုပ္ပန်အခိုက်ဝယ် ထင်ရှားရှိ၏၊ ထိုထင်ရှားရှိသော အာဟာရာသာစေတနာက မိမိမဖြစ်မီ ဖြစ်နှင့်၍ ရုပ်၏ ဌီအခိုက် ဌီကာလသို့ ရောက်ရှိနေကြသော စတုသမုဋ္ဌာနိကရုပ်အစဉ်အား ဤပစ္ဆာဇာတပစ္စယသတ္တိဖြင့်ပင် ကျေးဇူးပြုလျက်ရှိသောကြောင့် လင်းတကလေးတို့၏ ကိုယ်ခန္ဓာသည် မပျက်မစီးဘဲ တည်ရှိနိုင်ကြသကဲ့သို့ –

ဤဥပမာအတူပင် ကာမာဝစရသတ္တဝါ ရူပါဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ပစ္စည်းဖြစ်ထိုက်သော = အကြောင်း တရားဖြစ်ထိုက်သော စိတ္တက္ခဏနာမ်တရားစုမှ ပြန်၍ ထောက်ရှုကြည့်လိုက်သော် ရှေးရှေးသော စိတ္တက္ခဏနှင့် အတူဥပါဒ်သော ရုပ်၏ဌီကာလသို့ ဆိုက်ရောက်လာသော စတုသမုဋ္ဌာနိက ရူပကာယ, တိသမုဋ္ဌာနိက ရူပကာယအား ပစ္စည်းဖြစ်ထိုက်သော = အကြောင်းတရားဖြစ်ထိုက်သော နောက်နောက်သော စိတ္တက္ခဏနာမ်တရားစုက ထိုရုပ်တရား၏ ဘင်ကာလသို့တိုင်အောင် အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြုပေး၏၊ ယင်း ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြုပေးတတ်သော နာမ်တရားစုသည် ပစ္ဆာဇာတပစ္စည်းတရား မည်၏၊[မှတ်စု ၅]ဤ ပစ္ဆာဇာတပိုင်း၌ အကြောင်းတရားမှာ နောက်နောက်သော နာမ်တရားဖြစ်၍ အကျိုးတရားမှာ ရှေးရှေးသော စိတ္တက္ခဏနှင့် အတူဥပါဒ်သော ရုပ်တရား ဖြစ်သည်။ အကြောင်းနှင့် အကျိုး နှစ်မျိုးတို့အနက် အကြောင်းတရားက နောက်မှဖြစ်၍ အကျိုးတရားက အလျင်ဖြစ်နှင့်သော ပစ္စည်း ဖြစ်ပေသည်။

မှတ်ချက် –– ပဋိသန္ဓေနောင် (၁၅)ခုမြောက် ဘဝင်စိတ္တက္ခဏ၌ အာဟာရဇရုပ် ဖြစ်-မဖြစ်ကိုကား ဆန်းစစ်သင့်ပေသည်။

နာမ်ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံကိုပြဆိုရာဖြစ်သော ဤအပိုင်း၌ .. အကြောင်းတရားအရ နောက်နောက်သော စိတ္တက္ခဏဟူသော ဆိုင်ရာဆိုင်ရာ စိတ်နှင့်စေတသိက် နှစ်မျိုးလုံးကိုပင် ကောက်ယူပါ။ အကျိုးတရားဘက်တွင် တည်ရှိသော ရုပ်အာယတနအရ အကျိုးဖြစ်ထိုက်သော, ရှေးစိတ္တက္ခဏနှင့် အတူ ဥပါဒ်သော, အကြောင်းဖြစ်ထိုက်သော နောက်စိတ္တက္ခဏဖြစ်ချိန်ဝယ် ဌီကာလသို့ ဆိုက်ရောက်၍လာသော စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတို့ကို ကောက်ယူပါ။ ယင်းရုပ်အာယတန (၅)မျိုးလုံးသည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ကံအရှိန် မကုန်သေးသမျှ ဖြစ်နိုင်သော စွမ်းအားကား ရှိသည်သာ ဖြစ်၏၊ ရှေးစိတ္တက္ခဏ၏ ဥပါဒ်ကာလ, ဌီကာလ, ဘင်ကာလတို့၌ ဖြစ်ကြသော ယင်းရုပ်အာယတနတို့သည် နောက်စိတ္တက္ခဏသို့ ရောက်ရှိလာသောအခါ ဌီကာလသို့ ဆိုက်ရောက်နေကြပြီး ဖြစ်ကြ၏၊ ယင်းရုပ်အာယတနတို့ကို နောက်စိတ္တက္ခဏ နာမ်တရားစုက ဘင်မတိုင်မီ တည်အောင် ထောက်ပံ့ထားကြ၏၊

သို့သော် အသိဉာဏ် မရှုပ်ထွေးစေရန် ခွဲရှုလိုကလည်း ရှုပါ။ သို့မဟုတ် ပေါင်းရှုလိုကလည်း ရှုပါ။ ဤတွင် ခွဲရှုပုံ စနစ်တစ်ခုကို ရေးသားတင်ပြအပ်ပါသည်။

၁။ ဘဝင်္ဂစလနနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ဘဝင်္ဂစလနနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၂။ ဘဝင်္ဂုပစ္ဆေဒနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ဘဝင်္ဂုပစ္ဆေဒနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ဘဝင်္ဂစလနနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၃။ ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ဘဝင်္ဂုပစ္ဆေဒနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၄။ စက္ခုဝိညာဏ်နာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
စက္ခုဝိညာဏ်နာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။ သောတဝိညာဏ်နာမ်တရား စသည် တို့၌လည်း နည်းတူ ရှုပါ။)

၅။ သမ္ပဋိ စ္ဆိုင်းနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
သမ္ပဋိ စ္ဆိုင်းနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(စက္ခုဝိညာဏ် သို့မဟုတ် ပဉ္စဝိညာဏ်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၆။ သန္တီရဏနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
သန္တီရဏနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(သမ္ပဋိ စ္ဆိုင်းနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၇။ ဝုဋ္ဌောနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ဝုဋ္ဌောနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(သန္တီရဏနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၈။ ပထမဇောနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ပထမဇောနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ဝုဋ္ဌောနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၉။ ဒုတိယဇောနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ဒုတိယဇောနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ပထမဇောနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

ဤသို့စသည်ဖြင့် ရှေးရှေးစိတ်နှင့် အတူဥပါဒ်သော စက္ခာယတနအား နောက်နောက်သော စိတ်စေတသိက် နာမ်တရားစုက ကျေးဇူးပြုပုံကို သဘောပေါက်ပါလေ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများအတိုင်း စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးလုံး၌ စိတ္တက္ခဏတိုင်းဝယ် နည်းမှီ၍ ရှုပါ။ သောတာယတန စသည်တို့ကိုလည်း နည်းတူပင် ရှုပါ။ အကယ်၍ ခြုံရှုလိုခဲ့သော် စက္ခာယတနစသော ရုပ်အာယတန (၅)ပါးလုံးကိုလည်း အောက်ပါအတိုင်း ခြုံငုံ၍ ရှုပါ။

တစ်နည်း ခြုံငုံ၍ ရှုပုံ

၁။ ဘဝင်္ဂစလနနာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန (၅)ပါး ဖြစ်၏၊
ဘဝင်္ဂစလနနာမ်တရားက အကြောင်းတရား၊ ရုပ်အာယတန (၅)ပါးက အကျိုးတရား။
(အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတည်း။)

၂။ ဘဝင်္ဂုပစ္ဆေဒနာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန (၅)ပါး ဖြစ်၏၊
ဘဝင်္ဂုပစ္ဆေဒနာမ်တရားက အကြောင်းတရား၊ ရုပ်အာယတန (၅)ပါးက အကျိုးတရား။
(ဘဝင်္ဂစလနနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ရုပ်အာယတန (၅)ပါးတည်း။)

၃။ ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန (၅)ပါး ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရားက အကြောင်းတရား၊ ရုပ်အာယတန (၅)ပါးက အကျိုးတရား။
(ဘဝင်္ဂုပစ္ဆေဒနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ရုပ်အာယတန (၅)ပါးတည်း။)

၄။ စက္ခုဝိညာဏ်နာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန (၅)ပါး ဖြစ်၏၊
စက္ခုဝိညာဏ်နာမ်တရားက အကြောင်းတရား၊ ရုပ်အာယတန (၅)ပါးက အကျိုးတရား။
(ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ရုပ်အာယတန (၅)ပါးတည်း။)

ဤသို့စသည်ဖြင့် ရှေးရှေးစိတ္တက္ခဏနှင့် အတူဥပါဒ်သော ရုပ်အာယတန (၅)ပါးအား နောက်နောက်သော စိတ်စေတသိက် = နာမ်တရားစုက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို သဘောပေါက်ပါ။ ဒွါရ (၆)ပါးလုံးဝယ် စိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် ရှုပါ။

(ဂ) ရုပ်ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ

နာမရူပပစ္စယာတွင် ပါဝင်သော ရုပ်တရားက သဠာယတနတွင် ပါဝင်သော ရုပ်အာယတနအား ကျေးဇူးပြုပုံ ဖြစ်သည်။

၁။ စက္ခုဒသကကလာပ် အတွင်း၌ တည်ရှိသော –
(က) ကလာပ်တူမဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏၊
ကလာပ်တူမဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ စက္ခာယတနက အကျိုးတရား။
( ခ ) ကလာပ်တူဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏၊
ကလာပ်တူဇီဝိတက အကြောင်းတရား၊ ကလာပ်တူ စက္ခာယတနက အကျိုးတရား။
( ဂ ) ကလာပ်တူဩဇာဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏၊
ကလာပ်တူဩဇာက အကြောင်းတရား၊ ကလာပ်တူ စက္ခာယတနက အကျိုးတရား။

အလားတူပင် သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတို့အား ဆိုင်ရာဆိုင်ရာ (က) ကလာပ်တူမဟာဘုတ်, (ခ) ကလာပ်တူဇီဝိတ, (ဂ) ကလာပ်တူဩဇာတို့က ထိုက်သလို အသီးအသီး ကျေးဇူးပြုပုံကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ ကလာပ်တူ ရုပ်အာယတနအား ကလာပ်တူ မဟာဘုတ်က အားပေးထောက်ပံ့ တတ်သော ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြု၏၊ ကလာပ်တူဇီဝိတက စောင့်ရှောက်တတ်သော အနုပါလကသတ္တိဖြင့် ကျေးဇူးပြု၏၊ ကလာပ်တူဩဇာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြု၏၊ ကလာပ်တူဩဇာက ကလာပ်တူ ရုပ်အာယတနအား ကျေးဇူးပြုရာ၌ ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိပါမှ သာလျှင် ကျေးဇူးပြုနိုင်ပုံကို သဘောပေါက်ပါလေ။

ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ပကတိ အလုတ်အလွေးပြု၍ စားမျိုလိုက်သော ကဗဠီကာရအာဟာရ အမည်ရသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက် အပံ့ကို ရရှိသောအခါ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ၍ ဖြစ်စေပြန်၏၊ ယင်းရုပ်တရားတို့ကို ဩဇာကြောင့် ဖြစ်သောကြောင့် အာဟာရဇရုပ်များဟု ခေါ်ဆို၏၊ ယင်းအာဟာရဇရုပ်တို့တွင် ပါဝင်သော အာဟာရဇ ဩဇာက ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့ကို ထပ်ဆင့် ထောက်ပံ့လိုက်သောအခါ ယင်းအသီးအသီးသော ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာ အသီးအသီးက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏၊ ယင်းသို့ ဖြစ်စေခြင်းဖြင့် စက္ခာယတန စသော ရုပ်အာယတနတို့သည် ခိုင်ခံ့လာကြ၏၊ အထောက်အပံ့ခံရသော ဩဇာတို့တွင် စက္ခုဒသကကလာပ်စသော ကမ္မဇကလာပ်တို့၌ တည်ရှိ ကြသော ကမ္မဇဩဇာတို့လည်း ပါဝင်လျက်ပင် ရှိကြပေသည်။ ယင်းသဘောတရားတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ ရှုကွက်တို့ကို ရှုပါ။ သောတာယတန။ ပ။ ကာယာယတနတို့၌လည်း နည်းတူ ရှုပါ။

(ဃ) ရုပ်ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ

လူ့ဘုံအဝင်အပါဖြစ်သော ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ်ရှိပါမှ ဆိုင်ရာနာမ်တရားစုတို့သည် ဖြစ်နိုင်ကြ၏၊ မှီရာဝတ္ထုရုပ် မရှိပါက မဖြစ်နိုင်ကြပေ။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ ရှုကွက်ကို ရှုရမည် ဖြစ်ပေသည်။ တစ်ဖန် မနာယတန အမည်ရသော အသိစိတ် = ဝိညာဏ်ဖြစ်ရာဝယ် မကင်း စကောင်းသော ယှဉ်ဖက် စေတသိက်တို့လည်း ပါဝင်လျက် ရှိနေကြ၏၊ ယင်းစေတသိက်တို့သည်လည်း မနာယတနနှင့် အတူ ဆိုင်ရာ မှီရာဝတ္ထုရုပ်ကို မှီတွယ်၍သာ ဖြစ်နိုင်ခွင့် ရှိကြ၏၊ သို့အတွက် မနာယတနကို ဦးတည်၍ ယှဉ်ဖက် စေတသိက်တို့ကိုပါ ရောနှော၍ ရှုပါကလည်း အပြစ်မဖြစ်ပါ။ ထိုတွင် ပဉ္စဝိညာဏ်တို့မှာ မိမိတို့ ဆိုင်ရာ စက္ခုဝတ္ထုစသော ဝတ္ထုရုပ်အသီးအသီးကိုသာ မှီ၍ ဖြစ်ကြသော မနာယတနတို့ ဖြစ်ကြ၏၊ အတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော မဇ္ဈိမာယုက-စက္ခုဝတ္ထု စသော ဝတ္ထုရုပ်အသီးအသီးကိုသာ မှီတွယ်၍ ဖြစ်ကြသော မနာယတနတို့ ဖြစ်ကြ၏၊ ပဋိသန္ဓေစိတ် = မနာယတနမှာ မိမိနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏၊ စုတိစိတ် မနာယတနမှာ မိမိမှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏၊ ယေဘုယျအားဖြင့် နောက်နောက်သော ဘဝင်စိတ်သည် ရှေးရှေးသောစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏၊ အလားတူပင် ပဉ္စဝိညာဏ်မှတစ်ပါးသော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော မနာယတနတို့သည် မိမိတို့၏ ရှေးစိတ္တက္ခဏနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြ၏၊ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ မကင်းစကောင်းသော အဝိနာဘာဝနည်းအရ စက္ခုဝတ္ထု ဟဒယဝတ္ထုစသော မှီရာဝတ္ထုရုပ်တို့နှင့် အတူဥပါဒ်သော စတုဇရုပ်တို့ကိုပါ (= ၆၃ - ၅၃ - စသော ရုပ်တို့ကိုပါ) ရောနှော၍ ဝိပဿနာ ရှုပါကလည်း အပြစ် မဖြစ်ပါ။

ရှုကွက်ပုံစံအချို့

၁။ ပဋိသန္ဓေ၏မှီရာ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏၊
ပဋိသန္ဓေ၏မှီရာ ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
၂။ ဘဝင်၏မှီရာ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏၊
ဘဝင်၏မှီရာ ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
(မိမိရှုသော ဘဝင်၏ ရှေးစိတ္တက္ခဏနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတည်း။)
၃။ စုတိ၏မှီရာ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စုတိ မနာယတန ဖြစ်၏၊
စုတိ၏မှီရာ ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ စုတိ မနာယတနက အကျိုးတရား။
(စုတိမှပြန်၍ ရေတွက်သော် ၁၇-ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတည်း။)
၄။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
(ဘဝင်္ဂုပစ္ဆေဒနှင့် ဥပါဒ်ချင်းပြိုင်၍ဖြစ်သော ဟဒယဝတ္ထုရုပ်တည်း။)
၅။ စက္ခုဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏၊
စက္ခုဝတ္ထုရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
(အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော မဇ္ဈိမာယုက စက္ခုဝတ္ထုရုပ်တည်း။)
၆။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း မနာယတနက အကျိုးတရား။
(စက္ခုဝိညာဏ် သို့မဟုတ် ပဉ္စဝိညာဏ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၇။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
(သမ္ပဋိ စ္ဆိုင်းနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၈။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
(သန္တီရဏနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၉။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပထမဇော မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပထမဇော မနာယတနက အကျိုးတရား။
(ဝုဋ္ဌောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၁၀။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဒုတိယဇော မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဒုတိယဇော မနာယတနက အကျိုးတရား။
(ပထမဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)။ ပ။
၁၁။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပထမတဒါရုံ မနာယတနက အကျိုးတရား။
(သတ္တမဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။ ယေဘုယျဟု မှတ်ပါ။)
၁၂။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဒုတိယတဒါရုံ မနာယတနက အကျိုးတရား။
(ပထမတဒါရုံနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၁၃။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
(မိမိ၏ရှေး၌ တည်ရှိသော ဘဝင် (= ဘဝင်္ဂုပစ္ဆေဒ)နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)

ဤမျှဆိုလျှင် နည်းမှီနိုင်လောက်ပေပြီ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း ဝီထိစိတ္တက္ခဏတိုင်း၌ ရှုပါ။ ဒွါရ (၆)ပါးလုံး၌ ရှုပါ။ ဒွါရတစ်မျိုးတစ်မျိုး၌လည်း ကုသိုလ်ဇောဝီထိ အကုသိုလ်ဇော ဝီထိများကို ကုန်စင်အောင် ရှုပါ။

(င) နာမ်ရုပ်ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ

ဤ၌ နာမ်အရ ဆိုင်ရာစိတ်နှင့် ယှဉ်ဖက်စေတသိက်ကိုသာ အရကောက်ယူပါ။ ရုပ်အရ အထက်တွင် ရှင်းလင်း တင်ပြထားသည့်အတိုင်း ဆိုင်ရာဆိုင်ရာ စိတ္တက္ခဏအတွင်း၌ တည်ရှိသော နာမ်တရားစု၏ ဆိုင်ရာဆိုင်ရာ မှီရာမှီရာ ဝတ္ထုရုပ်ကို ပဓာနထား၍ ထိုမှီရာဝတ္ထုရုပ်နှင့်တကွ မကင်းစကောင်းသော (၆၃ - ၅၃ -) စသော ရုပ်တရားများကို အရကောက်ယူပါ။ ယင်းနာမ်ရုပ်က ဆိုင်ရာဆိုင်ရာ အသိစိတ် မနာယတနအား ကျေးဇူးပြုပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အောက်ပါရှုကွက်ကို ရှုပါ။ အကြောင်းနာမ် = စေတသိက်တရားနှင့် အကျိုးမနာယတနတို့မှာ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသည့် သမ္ပယုတ်တရားစုတို့သာ ဖြစ်ကြသည်။ မှီရာဝတ္ထုရုပ်ကား ယေဘုယျအားဖြင့် အထက်တွင် ရှင်းပြထားသည့်အတိုင်း အကျိုးမနာယတန မဖြစ်မီ ကြိုတင်ဖြစ်နှင့်သော ပုရေဇာတတရား ဖြစ်သည်၊ ပဋိသန္ဓေအခါ၌ကား သဟဇာတတရား ဖြစ်သည်။

ရှုကွက်ပုံစံအချို့

၁။ ပဋိသန္ဓေနာမ်ရုပ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏၊
ပဋိသန္ဓေနာမ်ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
၂။ ဘဝင်နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏၊
ဘဝင်နာမ်ရုပ်က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
(စုတိကို ပုံစံတူ ရှုပါ။)
၃။ ပဉ္စဒွါရာဝဇ္ဇန်းနာမ်ရုပ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းနာမ်ရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
၄။ စက္ခုဝိညာဏ်နာမ်ရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏၊
စက္ခုဝိညာဏ်နာမ်ရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
၅။ သမ္ပဋိ စ္ဆိုင်းနာမ်ရုပ် ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း မနာယတန ဖြစ်၏၊
သမ္ပဋိ စ္ဆိုင်းနာမ်ရုပ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း မနာယတနက အကျိုးတရား။
၆။ သန္တီရဏနာမ်ရုပ် ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏၊
သန္တီရဏနာမ်ရုပ်က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
၇။ ဝုဋ္ဌောနာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏၊
ဝုဋ္ဌောနာမ်ရုပ်က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
၈။ ပထမဇောနာမ်ရုပ် ဖြစ်ခြင်းကြောင့် ပထမဇော မနာယတန ဖြစ်၏၊
ပထမဇောနာမ်ရုပ်က အကြောင်းတရား၊ ပထမဇော မနာယတနက အကျိုးတရား။
(ဒုတိယဇောစသည် နည်းမှီ၍ ရှုပါ။)
၉။ ပထမတဒါရုံနာမ်ရုပ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနာယတန ဖြစ်၏၊
ပထမတဒါရုံနာမ်ရုပ်က အကြောင်းတရား၊ ပထမတဒါရုံ မနာယတနက အကျိုးတရား။
(ဒုတိယတဒါရုံကို နည်းမှီ၍ ရှုပါ။)
၁၀။ မနောဒွါရာဝဇ္ဇန်းနာမ်ရုပ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတနဖြစ်၏၊
မနောဒွါရာဝဇ္ဇန်းနာမ်ရုပ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။

နည်းမှီ၍ ရှုရန် ရှုကွက်များ

[ရူပါရုံကို အာရုံပြုသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများအတိုင်း စိတ္တက္ခဏ တိုင်းဝယ် ရှုပါ။ သဒ္ဒါရုံကို အာရုံယူသည့် သောတဒွါရဝီထိစသည်တို့၌လည်း ပုံစံတူပင် ရှုပါ။ ဝီထိ (၆)မျိုးလုံး၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်းတို့ကို ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလို၍ ရောနှောကာ ရှုခြင်း ဖြစ်သည်။“

  1. ဤ၌ တိဟိတ် သောမနဿ ပဋိသန္ဓေ ဘဝင် စုတိတို့ကို ပုံစံထုတ်၍ ရေးသားတင်ပြထားပါသည်။
  2. သန္တီရဏ၊ ဇော၊ တဒါရုံတို့၌ ယှဉ်ဖက် စေတသိက် = နာမ်အရ အရကောက်ယူပုံကို နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ကြည့်၍ ထိုက်သလို အရကောက်ယူပုံကို သဘောပေါက်ပါလေ။ ကုသိုလ်ဇောစောသည့် အကောင်းအုပ်စု, အကုသိုလ်ဇောစောသည့် မကောင်းအုပ်စုတို့ကို ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ဒွါရ (၆)ပါးလုံး၌ ရှုပါ။ ထိုသို့ ရှုရာ၌- ပဉ္စဒွါရာဝဇ္ဇန်း, ဝုဋ္ဌော, ဇော, မနောဒွါရာဝဇ္ဇန်းတို့မှာ ဝိပါကဝဋ်တွင် မပါဝင်ကြသဖြင့် ယင်းတို့ကို ချန်လှပ်ထားလိုက ထားနိုင်သည်။ သို့သော် ပရမတ္ထဓာတ်သား တရားလုံးများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ရောနှော၍ ရှုပါကလည်း အပြစ်မဖြစ်ပါ။ ဝိပါကဝဋ်တွင် မပါဝင်သည်ကို သဘောပေါက်ပါက အပြစ်မဖြစ်ပါ။ သောတဒွါရဝီထိစသည်တို့ကို နည်းမှီ၍ ရှုပါ။ ယင်းဆိုင်ရာ နာမ်တရား = စေတသိက်တရားတို့က မိမိတို့နှင့် ယှဉ်ဖက် ဆိုင်ရာ အသိစိတ် = မနာယတနအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးရာ၌ ပဉ္စဝေါကာရဘုံဝယ် ဟဒယဝတ္ထုစသော ဆိုင်ရာဆိုင်ရာ မှီရာဝတ္ထုရုပ်တည်းဟူသော အဖော်ကောင်းကို ရရှိပါမှသာလျှင် ယင်းနာမ်တရားက ယင်းမနာယတနအား ကျေးဇူးပြုနိုင်သည်ကိုလည်း သတိပြုပါ။
  3. ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)
  4. ရူပါဝစရသတ္တဝါ၏ သန္တာန်ဖြစ်မူ ကမ္မဇ စိတ္တဇ ဥတုဇရုပ်ဟူသော တိဇကာယအား နောက်ဖြစ်သော အာဝဇ္ဇန်းနာမက္ခန္ဓာက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊
  5. ပုရေဇာတာနံ ရူပဓမ္မာနံ ဥပတ္ထမ္ဘကတ္တေန ဥပကာရကော အရူပဓမ္မော ပစ္ဆာဇာတပစ္စယော ဂိဇ္ဈပေါတကသရီရာနံ အာဟာရာသာစေတနာ ဝိယ။ (ဝိသုဒ္ဓိ၊၂၊၁၆၉။)