နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် ၂/၈၈
ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်
(ဗဟိုအာဏာပိုင်ဖွဲ့စည်းများကိုဖျက်သိမ်းခြင်း)
(ကြေညာချက် အမှတ် ၂/၈၈)
ရန်ကုန်မြို့၊ ၁၃၅၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်
(၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)
၁။ အောက်ပါ နိုင်ငံတော်အာဏာပိုင် အဖွဲ့စည်းများကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်သည်။
- (က) ပြည်သူ့လွှတ်တော်
- (ခ) နိုင်ငံတော်ကောင်စီ
- (ဂ) ဝန်ကြီးအဖွဲ့
- (ဃ) ပြည်သူ့တရားသူကြီးအဖွဲ့
- (င) ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့
- (စ) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့နှင့်
- (ဆ) ပြည်နယ်/တိုင်း/မြို့နယ်/ရပ်ကွက်/ကျေးရွာ ပြည်သူ့ကောင်စီအဆင့်ဆင့်။
၂။ ဒုတိယဝန်ကြီးများကို ယနေ့မှစ၍ တာဝန်ရပ်စဲလိုက်သည်။
(ပုံ) စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့