နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၃/၂၀၂၁

Page တမ်းပလိတ်:ခေါင်းစီး/styles.css has no content.

Page တမ်းပလိတ်:ခေါင်းစီး/main block/styles.css has no content.
Script error: No such module "ခေါင်းစီး". Script error: No such module "ခေါင်းစီး". Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".
Script error: No such module "ခေါင်းစီး".

Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၃/၂၀၂၁

၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်

( ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်)

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၁/ ၂၀၂၁၊ ၁၃၈၂ ခုနှစ်၊ တပေါင်း လဆန်း ၃ ရက်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၂/ ၂၀၂၁ တို့ ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် နှင့် မြောက်ဥက္ကလာပမြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာ ရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။

၂။ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၏ ကွပ်ကဲမှုအရ ဆောင်ရွက် ရမည်။

၃။ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ် ၍စစ်နယ်မြေမှူးများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ် ရေးအမိန့် ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။

၄။ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အောက်ပါကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-

(က) အုပ်ချုပ်ရေး
(၁) လုံခြုံရေးကိစ္စရပ်များ၊
(၂) လူမှုရေးကိစ္စရပ်များ၊
(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။
( ခ ) တရားစီရင်ရေး
(၁) တရားရုံးများဖွဲ့စည်းခြင်း။ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် စစ်အုပ် ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့စည်း ထားသောတရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်း သည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
(၂) စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်း နည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။
(၃) ပြစ်ဒဏ်ချမှတ်ခြင်း။ နောက်ဆက်တွဲဇယား(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန် သူတစ်ဦးအား စစ်ခုံရုံးကပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ အောက်ပါပြစ်ဒဏ်တစ်မျိုးမျိုးကို ချမှတ်ရမည်-
(ကက) သေဒဏ်၊
( ခ ခ ) နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊
( ဂ ဂ ) သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်။
(၄) အတည်ပြုခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်များနှင့် စီရင်ချက် များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ် စီရင်ပါက ထိုသို့ စီရင်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက် ရရှိမှသာအတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်သည်။ အတည်ပြုခြင်းနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း။
( ခ ခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း။
( ဂ ဂ ) ပြစ်ဒဏ်ကိုပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့လျော့ပေါ့ ပြောင်းလဲ ခြင်း။
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်း။
(၅) အယူခံခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက် များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရ။
(၆) ပြင်ဆင်မှုလျှောက်ထားခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ် ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ် ခြင်းခံရသည့်နေ့မှ(၁၅)ရက်အတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးထံသို့ လည်းကောင်း ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ သို့မဟုတ် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှုစီရင်ပိုင်ခွင့် ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
( ခခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
( ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
(၇) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့်ကိစ္စတွင် အထက်အပိုဒ်ငယ်(၆)တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့် နိုင်သည်။

၅။ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။

၆။ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့ အစီရင်ခံရမည်။

အမိန့်အရ

(ပုံ)အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ