နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် (၁၀/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ
ခန့်အပ်တာဝန်ပေးအပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) | ဦးခက်ထိန်နန် | ကချင်ပြည်နယ် |
(၂) | ဦးခင်မောင်ဦး(ခ)ဘူးရယ် | ကယားပြည်နယ် |
(၃) | ဦးစောမြင့်ဦး | ကရင်ပြည်နယ် |
(၄) | ဦးတဲရင့်စ်စမွိုင်းနီခွဲ | ချင်းပြည်နယ် |
(၅) | ဒေါက်တာတင်ဌေး | မွန်ပြည်နယ် |
(၆) | ဒေါက်တာအောင်ကျော်မင်း | ရခိုင်ပြည်နယ် |
(၇) | ဒေါက်တာကျော်ထွန်း | ရှမ်းပြည်နယ် |
(၈) | ဦးမောင်မောင်လင်း | စစ်ကိုင်းတိုင်းဒေသကြီး |
(၉) | ဦးတင့်လွင် | မကွေးတိုင်းဒေသကြီး |
(၁၀) | ဦးမောင်ကို | မန္တလေးတိုင်းဒေသကြီး |
(၁၁) | ဦးမျိုးဆွေဝင်း | ပဲခူးတိုင်းဒေသကြီး |
(၁၂) | ဦးတင်အောင် | တနင်္သာရီတိုင်းဒေသကြီး |
အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ