နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေး အဖွဲ့ဝင်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များအား နိုင်ငံရေးပင်စင် ခံစားခွင့်ပြုခြင်း (2024)
by အောင်လင်းဒွေး
1860နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေး အဖွဲ့ဝင်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များအား နိုင်ငံရေးပင်စင် ခံစားခွင့်ပြုခြင်း2024အောင်လင်းဒွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေး အဖွဲ့ဝင်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များအား နိုင်ငံရေးပင်စင် ခံစားခွင့်ပြုခြင်း

အမိန့်အမှတ် ၁၇/၂၀၂၄

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်

(၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်)

တာဝန်မှအနားယူခွင့်ပြုခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်တစ်ဝန်းလုံး တွင် အရေးပေါ်အခြေအနေကြေညာထားစဉ်ကာလအတွင်း ယင်းဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၄၁၉ အရ ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များသည် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များသည်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များသည်လည်းကောင်း အခြားသောပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နည်းတူ သက်တမ်းကာလအပြည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါက မိမိရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့် ငွေကို ခံစားခွင့်ရှိသည်။

၂။ အပြစ်တစ်စုံတစ်ရာမရှိဘဲ သက်တမ်းကာလမပြည့်မီ ကျန်းမာရေးချို့ယွင်းခြင်းကြောင့် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိလျှင်ဖြစ်စေ၊ သက်တမ်းတစ်ခုတွင် လစ်လပ်ရာထူးအတွက် တာဝန် ပေးအပ်ခြင်းကြောင့် တာဝန်ထမ်းဆောင်ရလျှင်ဖြစ်စေ ယင်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် မိမိ ရရှိသည့် လစဉ်ချီးမြှင့်ငွေကိုအခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်း သော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၃။ သက်တမ်းကာလမပြည့်မီကွယ်လွန်ပါက ယင်းတို့ရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော မိသားစုနိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၄။ နိုင်ငံရေးပင်စင်တစ်ရပ်ထက်ပို၍ ခံစားခွင့်ရှိသူဖြစ်ပါက ယင်းတို့အနက် မိမိနှစ်သက်ရာ တစ်မျိုးတည်း ကိုသာ ခံစားခွင့်ရှိသည်။


အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး