နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈/၂၀၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
(ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း)
အမိန့်အမှတ် (၁၈/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးလိုက်သည်-
(၁) | ခရိုင်အုပ်ချုပ်ရေးမှူး | ဥက္ကဋ္ဌ |
(၂) | တပ်မတော်အရာရှိ (၁) ဦး | အဖွဲ့ဝင် |
(၃) | ဒေသကိုယ်စားပြုသူ (၁) ဦး | အဖွဲ့ဝင် |
(၄) | သက်ဆိုင်ရာခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး | အဖွဲ့ဝင် |
(၅) | သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့မှူး | အတွင်းရေးမှူး |
အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ