နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် (၃၈/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ပါပုဂ္ဂိုလ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) | ဦးသန်းကျော် | ဥက္ကဋ္ဌ |
(၂) | ဦးဉာဏ်ထွန်း | အဖွဲ့ဝင် |
(၃) | ဦးခင်မောင်ဦး | အဖွဲ့ဝင် |
(၄) | ဦးစောစံလင်း | အဖွဲ့ဝင် |
(၅) | ဦးမျိုးချစ် | အဖွဲ့ဝင် |
(၆) | ဦးကျော်ဆန်း | အဖွဲ့ဝင် |
(၇) | ဦးကျော်မင်း | အဖွဲ့ဝင် |
(၈) | ဒေါက်တာမာလာအောင် | အဖွဲ့ဝင် |
(၉) | ဒေါ်နန်းစန္ဒာစမ်း | အဖွဲ့ဝင် |
အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ