နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၀/၂၀၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၂၀/ ၂၀၂၁
၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၈ ရက်
(၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်)
Coronavirus Disease 2019 (COVID-19) ကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင်ရန်အလို့ငှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်။
၃။ ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) ပါ ဇယားကို အောက်ပါအတိုင်း အစားထိုးရမည်-
စဉ် | ဝင်ငွေ (ကျပ်) | ဝင်ငွေခွန်နှုန်း | |
မှ | ထိ | ||
၁ | ၁ | ၁၀၀,၀၀၀,၀၀၀ | ၃ ရာခိုင်နှုန်း |
၂ | ၁၀၀,၀၀၀,၀၀၁ | ၃၀၀,၀၀၀,၀၀၀ | ၅ ရာခိုင်နှုန်း |
၃ | ၃၀၀,၀၀၀,၀၀၁ | ၁,၀၀၀,၀၀၀,၀၀၀ | ၁၀ ရာခိုင်နှုန်း |
၄ | ၁,၀၀၀,၀၀၀,၀၀၁ | ၃,၀၀၀,၀၀၀,၀၀၀ | ၁၅ ရာခိုင်နှုန်း |
၅ | ၃,၀၀၀,၀၀၀,၀၀၁ နှင့်အထက် | ၃၀ ရာခိုင်နှုန်း |
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ