နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ် ၂/၂၀၁၈

1917ကြေညာချက်အမှတ် ၂/၂၀၁၈2018နိုင်ငံတော်သမ္မတရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ကြေညာချက်အမှတ်၊ ၂ /၂၀၁၈
၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်
(၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်)

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပြင်ဆင်ဖွဲ့စည်းခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်သည် -

(က) ဦးဝင်းမြင့် နိုင်ငံတော်သမ္မတ
(ခ) ဦးမြင့်ဆွေ ဒုတိယသမ္မတ
(ဂ) ဦးဟင်နရီဗန်ထီးယူ ဒုတိယသမ္မတ
(ဃ) ဦးတီခွန်မြတ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်
(င) မန်းဝင်းခိုင်သန်း ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်
(စ) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ဆ) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ဇ) ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
(ဈ) ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
(ည) ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
(ဋ) ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ပြည်ထောင်စုဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန

၂။ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သည်။

ပုံ
ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်