နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄/၂၀၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်း (2012)
by သိန်းစိန်
1921တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်း2012သိန်းစိန်


နိုင်ငံတော်သမ္မတရုံး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်း

(အမိန့်အမှတ် ၄/ ၂၀၁၂)

၁၃၇၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်

(၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ စာအမှတ်၊ ၄၊ ရာထူး (၁) ၂၀၁၁ ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည့် ကြည်း ၁၄၂၃၂ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၂၊ ပုဒ်မ ၄၄၈ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) တို့အရ ပြန်လည်အတည်ပြုခန့်အပ်လိုက်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်