နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁၂
တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ကျန်ရှိနေသေးသော ဝန်ကြီးဌာနများအတွက် တာဝန်ပေးခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၂
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၅ ရက်။)
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၂၊ နေ့စွဲ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် မပါဝင်ဘဲ ကျန်ရှိနေသေးသည့် ဝန်ကြီးဌာနများကို၊ အောက်ဖေါ်ပြပါ အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များက ပူးတွဲထမ်းဆောင်သွားရမည်ဟု တော်လှန်ရေးကောင်စီမှ ထပ်လောင်းတာဝန်ပေးလိုက်ကြောင်း ကျေညာအပ်ပါသည်။
၁။ ဗိုလ်ချုပ်ကြီးနေဝင်း၊ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ။
- (က) ဝန်ကြီးချုပ်ရုံး။
- (ခ) အမျိုးသားစီမံကိန်းဝန်ကြီးဌာန။
၂။ ဗိုလ်မှူးချုပ် အောင်ကြီး
- ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန။
၃။ ဗိုလ်မှူးချုပ် တင်ဖေ
- လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန။
၄။ ဦးသီဟန်
- ပြည်သူ့လုပ်ငန်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာနများကို အိမ်ယာဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ပူးပေါင်းအုပ်ချုပ်သွားရန်။
၅။ ဗိုလ်မှူးကြီးကျော်စိုး
- (က) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန။
- (ခ) သာသနာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ သာသနာရေးဌာနများကိုအုပ်ချုပ်ဆောင်ရွက်သွားရန်။
- (ဂ) အမျိုးသားမှတ်ပုံတင်ရေးဌာနကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွား ရန်။
၆။ ဗိုလ်မှူးကြီးစောမြင့်
- (က) ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး နှင့်အမျိုးသားစည်းလုံးညီ ညွတ်ရေးဝန်ကြီးဌာန။
- (ခ) လူမှုဝန်ထမ်းနှင့်သာသနာရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်းဌာနများကို အုပ်ချုပ်သွားရန်။
၇။ ဒု-ဗိုလ်မှူးကြီးဘနီ
- သယ်ယူပို့ဆောင်ရေးဌာနများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်။
အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။