နုရွှေကွမ်း (ဖိုးစော်ကဲ)
by အချုပ်တန်း ဆရာဖေ

(လေးချိုးလတ်)

1927နုရွှေကွမ်း (ဖိုးစော်ကဲ)အချုပ်တန်း ဆရာဖေ

လွမ်းမပြေ မန်းမြေတမိတော့၊
ကမ်းခြေမှာ စမ်းရေစရယ်နဲ့ [ကျတယ်နှင့်]၊
(အိုကွယ် ... ) ဖျန်းလေက တသုန်သုန်။

တဲတဖက် [မှာလ]၊
ဆွဲဖျက်ကာ အရင်လိုရော့ထင့်၊
ကရင်အို ယာပြင်ကြီး[မှာ]၊
မီးထည့်လို့လှုံ။

မပူပေါင် နောက်ဆီက ချမ်းရောထင့်၊
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ [ခေါက်ထည်ကြမ်းကိုတဲ့]၊
လွှမ်းတယ်လို့ လွှားကာခြုံ၊
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

ဘေးအိတ်ကယ်လျှို၊
ဆေးလိပ်တို နားမှာထိုးပါလို့၊
တောင်ရိုးမှာ ဘာသာသူတို့၊
ကွင်းအငူ နှင်းမြူက စဲ[ကွဲ]ချိန်မို့၊
အမိုး [အဘိုး] ခေါ် ဖိုးစော်ကဲတို့ရဲ့၊
(အိုကွယ် ...) တဲပျက်စခန်း။ ။


မှတ်ချက်

  • မူကွဲတွေကို [..] မှာ ထည့်ပြထားပါသည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။