နှစ်မပါ ဗလာသုံး-ချီ နိဗ္ဗိန္ဒတေးထပ်

နှစ်မပါ ဗလာသုံး-ချီ နိဗ္ဗိန္ဒတေးထပ်
by လယ်တီဆရာတော်
1982နှစ်မပါ ဗလာသုံး-ချီ နိဗ္ဗိန္ဒတေးထပ်လယ်တီဆရာတော်

နှစ်မပါ ဗလာသုံး၊
အကာဖြုန်း စင်စင်၊
မသာတုံး ပြင်ပြင်၊
ထင်မြင်ဖွယ်မှန်စွ၊
အနတ္တ ဤရုပ်ကောင်ငယ်၊
ညှီပုပ်ဟောင် ဆိုးညစ်တန်လှ။

ခြောက်ဝတ္ထု အသားဆိုင်မှာ၊
အများပိုင်ခိုကြ၊
နာမ်ဝိညာဉ်ဆိုမျှက၊
အိုစရာ့ဖြစ်ပုံ၊
ထောင့်ငါးရာ ညစ်အကြေးတွေက၊
ရစ်အမြှေးလွှမ်းအုပ်လို့ခြုံ။

စိုးမရ တရားစုံကို၊
ဇယားပုံ တင်ဖွဲ့လို့၊
မြင်တဲ့အောင် မတွယ်တာ၊
ခဲသင့်လှပါ၊
ရှင်သေမင်းက အတင်းလာလျှင်၊
မငြင်းသာ ပါရချေလိမ့်လေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။