ပတ္တမြားရွှေဂူ လေးချိုး
ပြစ်မရှိ ပြစ်ရှာ။
လမင်းကို ခွေးဟောင်လို့၊
ရွှေလရောင် ပြောင်မပျက်တယ်၊
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ၊
ညွန်လူးကာ တိုက်နဲ။
ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ။ ။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |