ပတ်ဝန်းကျင်သန့်ရှင်းရေး
သင်ခန်းစာ (၁၃)
ပတ်ဝန်းကျင် သန့်ရှင်းရေး
ပြင်ဆင်ရန်တံမြက်စည်းလှည်းခြင်း၏ အကျိုး
ကိုယ့်စိတ် သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့ချစ်လျက်၊ နှစ်သက်ပျော်ရွှင်၊
လှကြောင်းကံနှင့်၊ နတ်ဖြစ်ဂုဏ်ရှင်၊
တံမြက်လှည်း၊ ရမြဲကျိုးငါးအင်။ ။
သန့်ရှင်းရေး
ပြင်ဆင်ရန်အမှိုက်တစ်စ တွေ့ ရှိက၊
ချက်ချင်းကောက်လိုက်ကြ။
သန့်ရှင်းကြမှ တို့ဝန်းကျင်၊ လှပ ရောဂါစင်..။
မြင်မြင်သမျှ ကြည်လင်အေး၊ စုပေါင်း သန့်ရှင်းရေး.....။ ။
ငှက်ပျောသီးခွံ
ပြင်ဆင်ရန်အောင်အောင်သည် အမှိုက်များကို ပစ်ချင်ရာ လျှောက်ပစ်တတ်သည်။
ကျောင်းပိတ်ရက်တွင် ပုပ္ပါးသို့ ဘုရားဖူးသွားကြရမည်ဖြစ်သောကြောင့် အောင်အောင်တို့မောင်နှမ ပျော်ရွှင်နေကြသည်။
မေမေက ငှက်ပျောခွံကို အမှိုက်ပုံးထဲ ပစ်ရန် ပြောသည်။ အောင်အောင်သည် နားမထောင်ဘဲ အိမ်အပြင်သို့ ပစ်ချလိုက်သည်။
အောင်အောင်တို့မောင်နှမ ကစားရန် ပြေးထွက်လာကြသည်။ ညီမလေးသည် ငှက်ပျောခွံကို တက်နင်းမိပြီး ချော်လဲ၍ လက်ကျိုးသွားသည်။
ပုပ္ပါးသို့ မသွားဖြစ်တော့သောကြောင့် အောင်အောင်တို့မောင်နှမ မပျော်ကြရတော့ပါ။