ပုဂံမြို့စစ်တမ်း (၁၇၈၄)
၁၁၄၅ ခု၊ ပုဂံမြို့စစ်တမ်းဘုရား။ [၁]
သက္ကရာဇ် ၁၁၄၅ ခု၊ ပြာသိုလပြည့်ကျော် ၁၃ ရက်နေ့၊ ပုဂံမြို့သူကြီး မြေတိုင်ကြီး မင်းလျှင်ရိုးသော ထွန်းအောင်၊ နံ ၀၊ အသက် ၃၆ နှစ်၊ သူကြီးကို စစ်သော် ထွက်ဆိုသည်။
ပုဂံမြို့တွင် မင်းသား ၄ ရိုး၊ မြို့သူကြီး ၄ ရိုး၊ စချီ ၄ ရိုး၊ ခုံကဲ ၄ ရိုး၊ ဘိတ် တရိုး၊ တည် တရိုး၊ မော်ကွန်းထိန်း တရိုး၊ မြစ်ရိုးတိုင် ၄ ရိုး၊ ကူးတို့ ၄ ရိုး၊ ရကျိုး မြေတိုင်ခ ရှိသည်။ မင်းသား ၄ ရိုးမှာ ရဲကသူ စည်သူ ပျံချီ ? ရကား၊ မြို့သူကြီး ၄ ရိုးမှာ မင်းလျှင် ဇေယျပင်း သရေနံသူ နရင်းသင်းပြည်စိုး မြို့သူကြီးသူ၊ စချီ ၄ ရိုးမှာ နရပတေ့၊ သီဟပကြံ၊ နံသူမဟာသမန်း နာဂဝတ္တနာ။ ခုံကဲ ၄ ရိုးမှာ သိင်္ခရင်စာ သိင်္ဃပစ္စည်း မနော်ရာဇာ မနော်သိဉ္ဇည်း။ ပွဲရိုးတည်ရိုးမှာ အရာခံပြတ်လပ်သည်။ မော်ကွန်းထိန်း တရိုးမှာ ဥတ္တနရာဇာ။ မြစ်ရိုးတိုင် ၄ ရိုးမှာ စစ်ပင် စည်ပင် ထုံး သများ။ ၄ အနက် စည်ပင် ထုံး ၂ ရိုးမှာ ပြတ်သည်။ ကူးတို့ ၄ ရိုးမှာ သောင်သာ အရှေ့မတည် ဂင်္ဂါတပိုး ? ။ မြို့သူကြီး ၄ ရိုးအနက် မင်းလျှင်ရိုးမှာ ငပုလှ ကြီးသည်။ မရှိလျှင် သား ငချမ်းသာပု ကြီးသည်။ မရှိလျှင် ညီ ငရင်း ကြီးသည်။ မရှိလျှင် သား လင်္ကျာခံ ငအောင် ကြီးသည်။ မရှိလျှင် ညီ ငစံ ကြီးသည်။ မရှိလျှင် သား ကျွန်တော် ငသာထွန်းအောင် ကြီးစိုးစီရင်ပါသည်။
ပုဂံနယ်မြေသည် အရှေ့အလား အုတ်နှဲစုကျောက်ဆင်းကျောက်ပုလ္လင် နဲပဲပင်စည် အခြား၊ တဘက် တလုပ်မြို့ကျေး၊ ညည့်ရွာ မြင်းစီး ငမြတ်ထွန်း တိုင်နက်မြေနှင့်အစပ်၊ အရှေ့တောင်အလား ရေဝေကုန်း အခြား၊ ငသရောံမြို့ကျေး၊ ကျောံနောံတဲရွာ ငလှဘူး တိုင်နက်မြေနှင့်အစပ်၊ တောင်အလား ကွန်းချောင်းမ အခြား၊ တောင်ဆင်းမြို့သူကြီး တိုင်နက်မြေနှင့်အစပ်၊ အနောက်တောင်အလား လုင်စုံတောင်ရိုး အခြား၊ လောင်းရှည်မြို့ကျေး၊ သံချောင်းမြေနှင့်အစပ်၊ အနောက်အလား ယောချောင်းအနောက် အအန့်တောင် အခြား၊ ယောမြို့ကျေး ကင်းမွန်းတောင်ရွာမြေနှင့်အစပ်၊ အနောက်မြောက်ထောင့်အလား တန့်ကြည်တောင်ရိုး ရေဝေ အခြား၊ တဘက် ယောမြို့ကျေး ပျည်းချောင်းရွာမြေနှင့်အစပ်၊ မြောက်အလား လှည်းချောင်း သစ်စည် အခြား၊ တဘက် တောင်စဉ်မြို့ ပုခန်းမြို့ကျေး အိုရင်းရွာမြေနှင့်အစပ်၊ အရှေ့မြောက်အလား သစ်ညိုပင်စည် အခြား။
တဘက် ပုခန်းမြို့ကျေး မြစ်ကိုင်းရွာမြေများမှ အခွန်အသွန်းရ၊ နတ်ထိန်းတို့ လုပ်စားရိုး။ တန့်ကြည်ရွာမှာ တန့်ကြည်ဘုရားမြေ ဝတ္ထုကံသိမ်းတို့ သိမ်းခံရိုး။ မြို့ဥပဇာအတွင်း ဆင်သေလျှင် အစွယ်ကို ဆက်ရိုး။ ကျွဲနွားသေလျှင် အနံတင်သားကို မြို့သူကြီးတို့ စားရိုး။ မြစ်ရိုးတိုင် ၄ မှာ အညာကို ကျောက်တော်နတ်သမီး၊ အောက်ကို ရွှေမြင်းတင်ဘုရား၊ သည်အတွင်း လုပ်သားတငါတို့မှာ ကောက်ခံ၍ တနှစ်လျှင် ၆၅ိ ဆက်ရိုး။ ကုန်းတည်မှာ တနှစ်လျှင် ၄၅ိ၊ ကျည်းတည်မှာ ၄၅ိ။ ပွဲမှာ တနှစ်လျှင် ကျေး ၇၅၀ိ။ ကူးတို့ ၄ မှာ ကူးတို့ ၁ လျှင် ကျေး ၂၅၀ိ စီ။ ကသောင်းမျှောင်တိုက်မှာဆက်သွင်းရိုး။ အပေါ်ဝန်အကြောက်အစား ခိုးမှုထိုးမှုကို မြို့ဝန်မြို့တိုင် ခန့်တော်မူလျှင် မြို့ဝန်မြို့တိုင်တို့ စီရင်ရိုး။ ပုဂံမြို့ခွန် ၄ ခန်းမှာ အရှေ့ခွန် လက်ထုပ်ရွာ၊ တောင်ခွန် ညောင်များရွာ၊ အနောက်တောင်အခွန် တောင်ပလူရွာ၊ မြောက်အခွန် ချောက်တောင်ရွာ ဖြစ်ပါသည်။ ဥကင်တော်ကြီးဖွင့်တော်မူလျှင် မြို့သူကြီးတို့က ငွေတလားချိန် ၅ိ ခုတ်၊ ဖျင် ၁။ တန်းခေါင်း သူကြီးငယ် စချီ မြစ်ရိုးတိုင် ကူးတို့ တည်ပွဲကောက်တို့က (မြင်း) ၁၀ိ ကန်တော့ရသည်။
ပုဂံမြို့တွင် မင်းသားမျိုး သူကြီး စချီ ခုံကဲအရာရှိတို့ကို ဘုရားခမည်းတော် အလောင်းမင်းတရားလက်ထက် မခန့်မထားပါ။ နောင်တော် ဆင်ဖြူရှင်လက်ထက် ခန့်တော်မူ၍ စီရင်ကြသည်တွင် မြို့ရွာပျက်စီးသည်။ မင်းသား မြို့သူကြီး စချီ ခုံကဲတို့ကို နုတ်သိမ်းတော်မူသည်။ နောက်လည်း ၎င်းတို့အရာခံ တိမ်မြုပ်ပြတ်လပ်သူလည်း ရှိပါသည်။ ကျွန်တော်တို့ဘေးဘိုးဘကို ဟံသာဝတီရောက်ခမည်းတော်၊ ဟံသာဝတီရောက်မင်းလက်ထက် တွေ့ပြီး လဘက်အိုး၊ စာခေါင်းပိတ်၊ ကျိုင်းဆင်စွယ် ၄ံ ခန့်၊ ရွှေထား ငါးပတ်ခံတွင်း၊ သနားတော်မူသည်။ မြို့သူကြီးတို့ သားမယားမိဘသေလွန်လျှင် အဆောင်အရွက်ကို ကျင်းပလျက် ပျဉ်တလုံခြေ၊ အဘုံး ခါးပတ် ရွှေဘဲနီ ပန်းစစ် ရွှေမှော်ကြဲ၊ ဂျင်ပု နံပါးထည်မွှန်း၊ ရွှေမြူတာ ပဒါန်ရွှေညောင်ရွက် ရံဆွဲ၊ ခြေ ၆၊ အိပ်ရာ ဝတ်လဲ၊ ဝါး ပွဲထင်း မီးရင်း စန္တား ရပ်မား၊ ရွှေမြူတာ ငွေမြူတာ၊ ရွှေပချုပ် ငွေပချုပ်၊ ငှက်ကြီးကာ လောင်တိုက်နှင့် သင်္ဂြိုဟ်ရိုး ရှိလှသည် ထွက်ဆိုသည်။
မှတ်ချက်။ ယခုစာသားမှာ လက်နှိပ်စက်မူ ဖြစ်သည်။ လက်နှိပ်စက်ရိုက်သူမှာ အရိုက်မှားလျှင် နေရာမရွေ့ဘဲ ထပ်ရိုက်သဖြင့် အက္ခရာရှုပ်ထွေးသည်။ အဆက်အစပ်မရှိသော စာကို () တွင် ထည့်ထားသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ရှေးဟောင်းသုတေသီတဦး။ "မြို့ရွာစစ်တမ်းများ"။ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ ရန်ကုန်။ ၁၉၈၃။