ပုဂံမြို့ မင်းနန်သူရွာ ဝိနည်းဓိုရ်ဘုရားစု၌ ဘုရားနံပါတ် ၃၃၈ အတွင်းရှိ မင်စာများ

ပုဂံမြို့ မင်းနန်သူရွာ ဝိနည်းဓိုရ်ဘုရားစု၌ ဘုရားနံပါတ် ၃၃၈ အတွင်းရှိ မင်စာများ (သက္ကရာဇ်)
2134ပုဂံမြို့ မင်းနန်သူရွာ ဝိနည်းဓိုရ်ဘုရားစု၌ ဘုရားနံပါတ် ၃၃၈ အတွင်းရှိ မင်စာများသက္ကရာဇ်

ပုဂံမြို့ မင်းနန်သူရွာ ဝိနည်းဓိုရ်ဘုရားစု၌ ဘုရားနံပါတ် ၃၃၈ အတွင်းရှိ မင်စာများ

ပြင်ဆင်ရန်

အနောက်မုခ်၊ မြောက်နံရံ

ပြင်ဆင်ရန်
  • “။ အမ္လျိုဝ်သ္မီသည် သ္ခိင်ရဟ(န်)ကိုဝ် ကြညိုဝ်ရုယ် ပျ(န်)ထက် ပုဆိုဝ်ခ(င်ရု)ယ်ပိယ်ရသောအက္လုဝ်ဖ္လင် တာဝတိံသာနှိုက် ၁၂ယူဇနာသော ရှုယ်ပိမန္တွ(င်) စည္စိံ (ခံ)စာဧ။”

[အမျိုးသမီးသည် သခင်ရဟန်းကို ကြည်ညို၍ ပျဉ် ထက် ပုဆိုးခင်း၍ပေးရသောအကျိုးဖြင့် တာဝတိံသာ ၌ ၁၂ ယူဇနာသော ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

  • “။အမ္လျိုဝ်သ္မီသည် သ္ခိင်သာရိပုတြာကိုဝ် (ပ)န်လင် လှုရသော (အ)က္လိုဝ်ဖ္လင် တာဝတိံသာနှိုက် အစောက်အယူဇနာ (၁၂၀)သော ရှုယ်ပိမန္တွင် စည္စိံမ်ခံစာဧအ်။”

[အမျိုးသမီးသည် သခင်သာရိပုတ္တရာကို ပလ္လင်လှူရ သောအကျိုးဖြင့် တာဝတိံသာ၌ အစောက် အယူဇနာ (၁၂ဝ)သော ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

တောင်နံရံ

ပြင်ဆင်ရန်
  • “အမ္လျိုသ္မီသည် သ္ခိင်ရဟန်ဆွံပိယ်သော ယပ်ယပ်ရုယ် က္လွည်ရသောအက္လိုဝ်ဖ္လင် တာဝတိံသာနှိုက် သကြာမယာ ဖ္လစ်ရု(ယ် အရံ) ၁ဝဝနှင်ခြံရံလျက် ရှုယ်ပိမန္တွင် စည္စိံ ခံစာဧအ်။”

[အမျိုးသမီးသည် သခင်ရဟန်းဆွမ်းပေးသော် ယပ်ယပ် ၍ ကျွေးရသောအကျိုးဖြင့် တာဝတိံသာ၌ သိကြား မယားဖြစ်၍ အရံ ၁ဝဝ နှင့်ခြံရံလျက် ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

  • “။မိယ္မတစ်ယောက်သောသည် သ္ခိင်ရဟန်ကိုဝ် ခါပန်လှူ ရသောအက္လိုဝ်ဖ္လင် တာဝတိံသာနှိုက် သကြာမယာဖ္လစ်ရုယ် အရံ ၁ဝဝဝနှင်ခြံရံလျက် ရှုယ်ပိမန်တွင် စိည်စိမ်ခံစာဧ။”

[မိန်းမတစ်ယောက်သောသည် သခင်ရဟန်းကို ခါးပန်း လှူရသောအကျိုးဖြင့် တာဝတိံသာ၌ သိကြားမယား ဖြစ်၍ အရံ ၁ဝဝဝနှင့်ခြံရံလျက် ရွှေဗိမာန်တွင် စည်းစိမ် ခံစား၏။]

  • “။အမ္လျိုဝ်သ္မီသည် သ္ခိင်ရဟန်ကိုဝ်အာ မီဖုန်ပိယ်ရသော အက္လိုဝ်ဖ္လင် တာဝတိံသာနှိုက် သကြာမယာဖ္လစ်ရုယ် အရံ ၁ဝဝဝနှင်ခြံရံလျက် ရှုယ်ပိမန်တွင် စည်စိမ်ခမ်စာဧ။”

[အမျိုးသမီးသည် သခင်ရဟန်းကိုအား မီးဖုန်းပေးရသော အကျိုးဖြင့် တာဝတိံသာ၌ သိကြားမယားဖြစ်၍ အရံ ၁ဝဝဝနှင့်ခြံရံလျက် ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

  • “။သဌိ(ယ်)သ္မီသည် မိယ္မအ(ဖ္လစ်)ကာ ယုတ်စွာဟုရုယ် ပစ္စေကဗုဒ္ဓါကိုဝ် ဆွမ်နှင်ကြာစည်(လှူ)ရုယ် ယောကျာ အဖ္လစ်လိုဝ်ဟူ ဆုတောင်ရကာ တာဝတိံသာနှိုက် နဿာ ဖ္လစ်ရုယ် ရှုယ်ပိမန်တွင် စည္စိံခါစာဧ”

[သူဌေးသမီးသည် မိန်းမအဖြစ်ကား ယုတ်စွာဟူ၍ ပစ္စေကဗုဒ္ဓါကို ဆွမ်းနှင့်ကြာစည်းလှူ၍ ယောက်ျား အဖြစ်လိုဟု ဆုတောင်းရကား တာဝတိံသာ၌ နတ်သား ဖြစ်၍ ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

  • “။အမ္လျိဝ်သာ သ္ခိင်သင်္ဃာအာ ရိယ္သိဖန်အတိုင်မူရုယ် နိယ်စိယ်အက္လိုဝ်ဖ္လင် တာဝတိံသာနှိုက် ၁၂ယူဇနာသော ရှုယ်ပိမန်တွင် အရံ၁ဝဝဝနှင် စည္စိံ(ခံစာဧ)။”

[အမျိုးသား သခင်သံဃာအား ရေသဖန်းအတိုင်းမူ၍ နေစေအကျိုးဖြင့် တာဝတိံသာ၌ ၁၂ယူဇနာသော ရွှေဗိမာန်တွင် အရံ ၁ဝဝဝနှင့် စည်းစိမ်ခံစား၏။]

  • ၁၀“။သူဆငြယ်တ(ယော)က်သောသည် နှစ္လုံကြည်ညိုဝ်စွာ နှစ္လုံ

သဖ္လင် မီမီဇာဖိုဝ်မုန်ကိုဝ် ပုရှာအာလှူရသောအက္လိုဝ်ဖ္လင် ၉၂ကမ္ဘာ ဆိုဝ်ငြာယ်မသိ စည္စိမ်ခံစာဧ။” [သူဆင်းရဲတစ်ယောက်သောသည် နှလုံးကြည်ညိုစွာသဖြင့် မိမိစားဖို့မုန့်ကို ဘုရားအားလှူရသော အကျိုးဖြင့် ၉၂ကမ္ဘာ ဆင်းရဲမသိ စည်းစိမ်ခံစား၏။]

  • ၁၁“။ဆိုဝ်ငြယ်စွာသော ယောကျာတယောက်သောသည် ပုရှာကိုဝ်ကြညိုဝ်သဖ္လင် မီမီဝေဿာ ပုဆိုဝ်ထက်ဝက်သောကိုဝ် လှူသောအက္လိုဝ်ဖ္လင် ၉၂ကမ္ဘာ ဆိုဝ်ငြယ္မသိ စည္စိမ်ခံဧ။”

[ဆင်းရဲစွာသော ယောက်ျားတစ်ယောက်သောသည် ဘုရားကိုကြည်ညိုသဖြင့် မိမိဝတ်သော ပုဆိုးထက်ဝက် သောကို လှူသောအကျိုးဖြင့် ၉၂ကမ္ဘာ ဆင်းရဲမသိ စည်းစိမ်ခံ၏။]

  • ၁၂“။မင်ဥယန်စောင်သည် အခာမဟုတ်သော သီသော သိရျက်မှည် ၄လုံသောကိုဝ် သ္ခိင်မောဂ္ဂလန်ကိုဝ် လှူရသော အက္လိုဝ်ဖ္လင် တာဝတိံသာနှိုက် ၁၆ယူဇနာ ရှုယ်ပိမန်တွင် စည်စိမ်ခံစာရဧအ်။”

[မင်းဥယျာဉ်စောင့်သည် အခါမဟုတ်သော သီးသော သရက်မှည့် ၄လုံးသောကို သခင်မောဂ္ဂလ္လာန်ကို လှူရသောအကျိုးဖြင့် တာဝတိံသာ၌ ၁၆ယူဇနာ ရွှေဗိမာန် တွင် စည်းစိမ်ခံစားရ၏။]

  • ၁၃“။ သဒ္ဓါစွာသော သ္တင်သည်သည် တောင်ထက် ဂန္ဓကုဋိယ် ပ္လူရုယ် ပုရှာသ္ခိင်ကိုဝ် က္လွည်ရသောအက္လိုဝ်ဖ္လင် တာဝတိင်္သာနှိုက် အထူထူသော ရတနာရောင်ခြည်ဖ္လင် တောင်[]ထသော ရှုယ်တောင်အထိပ်နှိုက်ဟိသော ပိမန္တွင် စည္စိံခံစာဧ”

[သဒ္ဓါစွာသော သီတင်းသည်သည် တောင်ထက် ဂန္ဓကုဋီပြု၍ ဘုရားသခင်ကို ကျွေးရသော အကျိုး ဖြင့် တာဝတိံသာ၌ အထူးထူးသော ရတနာရောင်ခြည် ဖြင့် တောက်ထသော ရွှေတောင်အထိပ်၌ရှိသော ဗိမာန် တွင် စည်းစိမ်ခံစား၏။]

  • ၁၅“။ သ္တင်သည်တယောက်သောသည် အရံနှင်အကွသွောသော သ္ခိင်သာရိပုတြာ မောဂ္ဂလန်ကိုဝ်မြင်ရုယ် ခြိယ်ဆိယ်ရိယ် ခြိယ်ဆီကိုဝ် လှူရသောအက္လိုဝ်ဖ္လင် တာဝတိံသာနှိုက် ၁၂ယူဇနာသော ရှုယ်ပိမန္တွင် စည္စိံခံစာဧအ်။”

[သီတင်းသည်တစ်ယောက်သောသည် အရံနှင့်အကွ သွား သော သခင်သာရိပုတ္တရာ၊ မောဂ္ဂလ္လာန်ကိုမြင်၍ ခြေဆေးရေ ခြေဆီကို လှူရသောအကျိုးဖြင့် တာဝတိံသာ၌ ၁၂ ယူဇနာသော ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

ခုံးအတွင်းမျက်နှာ

ပြင်ဆင်ရန်
  • ၁၆“။ ပန်ဖယ်တယောက်သောသည် ပုရှာ(ကိုဝ်) ကြညိုဝ် သဖ္လင် အပ်လှူရသောအက္လိုဝ်ဖ္လင် ၉၂ကမ္ဘာ ဆိုဝ်ငြာယ် (အ)မှန်မသိ ပူဖန်သောမသိ ပြည်ညာနှင်ပ္လည်စုံ(လျက်) စည်စိမ်ခမ်စာဧအ်။”

[ပန်းပဲတစ်ယောက်သောသည် ဘုရားကိုကြည်ညိုသဖြင့် အပ်လှူရသောအကျိုးဖြင့် ၉၂ ကမ္ဘာ ဆင်းရဲအမှန်းမသိ၊ ပူပန်သောမသိ၊ ပညာနှင့်ပြည့်စုံလျက် စည်းစိမ်ခံစား ၏။]

  • ၁၇“။ သ္တင်သည်တယောက်(သောသည်) သင်္ဃာတိုဝ် ဆွံခံသော ခရီနှိုက် မ္လိ(ယ်)ငှိသ ဆူပယ်သကစသော ခရပ္လူရုယ် တတ်အာသောတိုင် အလှူပိယ်(သော)သ္တင်သုံသောအက္လိုဝ်ဖ္လင် တာဝတိင်္သာနှိုက် ပတ္တမြာအထွတ်မူသော (၁၂) ယူစနာသောပိမန်တွင် စည်စိံမ်ခံစာရသော ဟုတ်တာ”

[သီတင်းသည်တစ်ယောက်သောသည် သံဃာတို့ ဆွမ်းခံ သောခရီး၌ မြေညှိသော၊ ဆူးပယ်သောကစသော ခရီး ပြု၍ တတ်အားသောတိုင်း အလှူပေးသော၊ သီတင်း သုံးသောအကျိုးဖြင့် တာဝတိံသာ၌ ပတ္တမြားအထွတ်မူ သော (၁၂)ယူဇနာသောဗိမာန်တွင် စည်းစိမ်ခံစားရသော ဟုတ်တာ။]

  • ၁၈“။ ဆိုဝ်ငြာယ်စွာသော သူတစ်ထူအာခစရုယ် အသက် မွိယ်သော သ္တင်သည်သည် အိမ်မထောင်မူရုယ် အမိအဖ ကိုဝ်မွိယ်ရုယ် သ္တင်သုံသော အလှူပိယ်သောအက္လိုဝ်ဖ္လင် တာဝတိံသာနှိုက် ၁၂ယူဇနာသော ရှုယ်ပိမန်တွင် စည်စိမ် ချမ်သာ မီမီအသက်တအတိုင် စာည်စိံမ်ခံစာဧ။”

[ဆင်းရဲစွာသော၊ သူတစ်ထူးအားခစား၍ အသက်မွေးသော သီတင်းသည်သည် အိမ်မထောင်မူ၍ အမိ အဖကိုမွေး၍ သီတင်းသုံးသော၊ အလှူပေးသောအကျိုး ဖြင့် တာဝတိံသာ၌ ၁၂ယူဇနာသော ရွှေဗိမာန်တွင် စည်းစိမ်ချမ်းသာ မိမိအသက်တာအတိုင်း စည်းစိမ် ခံစား၏။]

တောင်စမုတ်၊ ခုံးအောက်မျက်နှာ

ပြင်ဆင်ရန်
  • ၂၄“။ ခုနှစ်နှစ်ဟိသော သတိုဝ်သာသည် ပုရှာပွိင်သော ပျာတောက်ဗောဓိကိုဝ်စိုက်ရုယ် လုပ်က္လည်ပုဇဝ်ရကာ ၉၂ ကမ္ဘာ ဆိုဝ်ငြာယ္မသိ စည္စိံခံဧ။”

[ခုနစ်နှစ်ရှိသော သတို့သားသည် ဘုရားပွင့်သော ပိတောက်ဗောဓိကိုစိုက်၍ လုပ်ကျွေးပူဇော်ရကား ၉၂ ကမ္ဘာ ဆင်းရဲမသိ စည်းစိမ်ခံ၏။]

  • ၂၈“။ အမ္လျိုဝ်သာသည် စေတီတန္လင်နှိုက် တန္လင်လှည်သော မ္လိယ်က္လျံသကစသော ကောင်မှူကိုဝ်မူရုယ် သ္တင်သုံသ တြျာနာသအက္လိုဝ်ဖ္လင် တာဝတိံသာနှိုက်ဖ္လစ်ဧ၊”

[အမျိုးသားသည် စေတီတန်လင်း၌ တန်လင်းလှည်း သော၊ မြေကျံသောကစသော ကောင်းမှုကိုမူ၍ သီတင်း သုံးသော၊ တရားနာသောအကျိုးဖြင့် တာဝတိံသာ၌ ဖြစ်၏။]

  • ၂၉“။ သ္တင်သည်တယောက်သည် စေတီနှိုက် သူတိုဝ်ပူဇဝ် သောပန်ကိုဝ် လှမစောက်စီရသောအက္လိုဝ်ဖ္လင် တာဝတိံသာ နှိုက် ၁၂ယူဇနာသော ရှုယ်ပိမန္တွင် ဖ္လစ်လိယ်ဧအ်။”

[သီတင်းသည်တစ်ယောက်သည် စေတီ၌ သူတို့ပူဇော်သော ပန်းကို လှမစောက်စီရသောအကျိုးဖြင့် တာဝတိံသာ ၌ ၁၂ယူဇနာသော ရွှေဗိမာန်တွင် ဖြစ်လေ၏။]

  • ၃၀“မိစ္ဆာဒိဌိဧ ကြံရျာစောင်သည် သ္ခိင်ရဟန်ကိုဝ် ကြံပင် ထက္ကနာပ္လူရုယ္ကိန်စိယ်ရသောအက္လိုဝ်ဖ္လင် တာဝတိံသာနှိုက် ရှုယ်ပိမန္တွင် စည္စိံခံစာဧအ်။”

[မိစ္ဆာဒိဋ္ဌိ၏ ကြံယာစောင့်သည် သခင်ရဟန်းကို ကြံပင် ထက်ကနားပြု၍ ကိန်းစေရသောအကျိုးဖြင့် တာဝတိံသာ ၌ ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

  • ၃၂“။ ဘါစိမ်တခုသောသည် ပုရ္ဟာ တရျာဟဝ်ရာနှိုက် ပရိသတ်အစွန်ဝပ်ရုယ် တြျာအသံသာနာသောတေ နွာထိန် လှည်တန္ထောက်မိရုယ္သိယ်ရကာ နတြွာ ၁၂ယူဇနာ ဟိသော ပိမန္တွင် စည္စိံခံစာဧ။”

[ဖားစိမ်းတစ်ခုသောသည် ဘုရား တရားဟောရာ၌ ပရိသတ်အစွန်ဝပ်၍ တရားအသံသာနာသောတည်း နွားထိန်း လှည်းတံထောက်မိ၍ သေရကား နတ်ရွာ ၁၂ ယူဇနာရှိသော ဗိမာန်တွင် စည်းစိမ်ခံစား၏။]

  • ၃၃“။ လယ်စောင်သည် နာကြင်သော သ္ခိင်ရဟန်အာလဲတွင် ပုစွန်အရသာနှင်ထ္မင်လှူရသောဖ္လင် တာဝတိံသာနှိုက် ၁၂ယူဇနာသော ပတ္တမြာအသည်မူသော ရှုယ်ပိမန္တွင်္စည္စိံ ခံစာဧ။”

[လယ်စောင့်သည် ... နာကျင်သော သခင်ရဟန်းအား လယ်တွင် ပုစွန်အရသာနှင့်ထမင်းလှူရသောဖြင့် တာဝတိံသာ၌ ၁၂ယူဇနာသော ပတ္တမြားအသည်မူသော ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

  • ၃၅“။ နွာက္လောင်သာတယောက်သောသည် နံနက်စာငှါ မူယဝ် ထ္မင်လုပ်ယူခရုယ် နွာက္လောင်ရာနှိုက် သ္ခိင် မောဂ္ဂလန်ကိုဝ် ကြညိုဝ်သဖ္လင် မူယဝ်ထ္မင်ပိရရုယ် မြုယ်ဆွတ်ရုယ်သိယ်ခရုယ် တာဝတိံသာနှိုက် ၁၂ ယူစနာသော ရှုယ်ပိမန္တွင် စည္စိံခံစာဧ။”

[နွားကျောင်းသားတစ်ယောက်သောသည် နံနက်စာငှာ မုယောထမင်းလုပ်ယူခ၍ နွားကျောင်းရာ၌ သခင် မောဂ္ဂလ္လာန်ကို ကြည်ညိုသဖြင့် မုယောထမင်းပေးရ၍ ဆွပ်၍သေခ၍ တာဝတိံသာ၌ ၁၂ ယူဇနာသော ရွှေဗိမာန်တွင် စည်းစိမ်ခံစား၏။]

  • ၃၉“။ မူဆိုဝ် မူဆိုဝ်တယောက်သောသည် ပုရှာသ္ခိင်ကိုဝ် ကြည်ညိုဝ် သဖ္လင် ကြာစွယ်လက်စွယ်ရုယ် (ပိယ်)ရသောအက္လိုဝ်ဖ္လင် ... ဆိုဝ်ငြယ္မသိ စည္စိံခံစာဧ။”

[မုဆိုးတစ်ယောက်သောသည် ဘုရားသခင်ကို ကြည်ညို သဖြင့် ကြာစွယ်လက်စွဲ၍ ပေးရသောအကျိုးဖြင့် ဆင်းရဲမသိ စည်းစိမ်ခံစား၏။]

  • ၄၀“(။ တဝ်တွင်) နိယ်သော မုဆိုဝ်တယောက်သောသည် ပုန်ညက်ပွင်သောကိုဝ်မြင်ရုယ် ပုံ ပုထိုဝ်ပ္လုရုယ် ပုရှာသ္ခိင် ကြညိုဝ်ရုယ် ပုဇဝ်ရသောအက္လိုဝ်ဖ္လင် ၉၂ ကမ္ဘာ ဆငြယ် (မ)သိ စည်စိမ်ခံဧအ်။”

[တောတွင် နေသော မုဆိုးတစ်ယောက်သောသည် ပုန်းညက်ပွင့်သောကိုမြင်၍ ပုံပုထိုးပြု၍ ဘုရားသခင် ကြည်ညို၍ ပူဇော်ရသောအကျိုးဖြင့် ၉၂ ကမ္ဘာ ဆင်းရဲ မသိ စည်းစိမ်ခံ၏။]

  • ၄၁“။ ဗေတင်တေဿာပုံနာသည် ပဒုမဒ္ဒိုရ်ပုရှာသ္ခိင်ကိုဝ် ကံကဝ်သနိုဝ်ဖ္လင် ပုဇဝ်ရသောအက္လိုဝ်ဖ္လင် ၃၂ကမ္ဘာ ဆငြာယ်မသီ စည်စိံမ်ခံစာရဧအ်။”

[ဗေဒင်တတ်သောပုဏ္ဏားသည် ပဒုမုတ္တရဘုရားသခင် ကို ကံ့ကော်သာနိုးဖြင့် ပူဇော်ရသောအကျိုးဖြင့် ၃၂ကမ္ဘာ ဆင်းရဲမသိ စည်းစိမ်ခံစားရ၏။]

မြောက်နံရံ၊ အခန်းအနောက်မြောက်ထောင့်

ပြင်ဆင်ရန်
  • “။ ပုဿသိသျာပင်အာ ပွင်ဧ။”

[ဖုဿ သျှိသျှားပင်အား ပွင့်၏။]

အနောက်နံရံ၊ အခန်းအရှေ့မြောက်ထောင့်

ပြင်ဆင်ရန်
  • “။ ကဿပ ပြည်ညောင်ပွင်ဧ။”

[ကဿပ ပညောင်ပွင့်၏။]

  • “။ ဂေါတမ ညောင်ဗုတ္တဟိယ်ပွင်။”

[ဂေါတမ ညောင်ဗုဒ္ဓဟေပွင့်။]

တောင်နံရံ၊ အခန်းအနောက်တောင်ထောင့်

ပြင်ဆင်ရန်
  • “။ အပ္ပမာနသုဘာဗြဟ္မာအသက္ကာ ၃၂ ကံဘာ။ ယာမာ နတ် အသက္ကာ ၂၀၀၀ လူဖ္လင်မူကာ အကုဋိယ် ၄၄၀၀၀၀၀၀ ဟိလိယ်ဧအ်။
  • ။ တုဿိတာနတ် အသက္ကာ ၄၀၀၀ ဟိဧ လူဖ္လင်မူကာ အကုဋိယ် ၅၇၆၀၀၀၀၀၀ ဟိလိယ်ဧ”

[အပ္ပမာဏသုဘာဗြဟ္မာ အသက်ကား ၃၂ကမ္ဘာ၊ ယာမာ နတ်အသက်ကား ၂ဝဝဝ၊ လူဖြင့်မူကား အကုဋေ (၁)၄၄ဝဝဝဝဝဝ ရှိလေ၏။ တုသိတာနတ် အသက်ကား ၄ဝဝဝ ရှိ၏။ လူဖြင့်မူကား အကုဋေ ၅၇၆ဝဝဝဝဝဝ ရှိလေ၏။]


  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. * တောက်ဟုရေးလိုဟန်တူသည်။