ပျူဘွဲ့လင်္ကာ
by အမည်မသိ ရှေးစာဆို

ရခိုင်ရာဇဝင်လင်္ကာမှ (ရွှေကိုင်းသား - ဆင်ယင်ထုံးဖွဲ့မှု၊ စာ ၉-၁၀)

2189ပျူဘွဲ့လင်္ကာအမည်မသိ ရှေးစာဆို

အပုံပြားထ၊ ခြင်းရာပြအံ့၊ ပျူမတို့မှာ၊ ဆင်တန်ဆာကား၊
ချောစွာလှတုံ၊ ဖောက်ကျစ်စုံနှင့်၊ ကွက်စုံကွက်ထောက်၊ အပြောက်ပြောက်တည့်၊
နှောလောက်ပိုးမြိတ်၊ ရိပ်ရောင်ဖိတ်သား၊ လက်ချိတ်လွန်းပြန်၊ ပုဆိုးမှန်ကို၊
မကျန်ခြားနား၊ အနံအားမူ၊ မှတ်သားဖြောင့်ဖြောင့်၊ တွက်စစ်မြှောင့်သော်၊
နှစ်တောင့်တစ်ထွာ၊ အလျားမှာကား၊ မှန်စွာလေးတောင်၊ လုပ်ကြဆောင်မှ၊
လှအောင်ဆင်မှု၊ ထဘီပြု၍၊ ညံ့နုကျောလွတ်၊ ခါးချပ်ဝတ်လျှက်၊
ရစ်ပတ်ခါးကြိုး၊ မပတ်ပိုးတည့်၊ပြောက်ထိုးသွယ်သွယ်၊ ရူပကာယ်ဖြင့်
တင့်တယ်လှစွာ၊ မိကလျာတို့၊ ငါးဖြာအာရုံ၊ စောင့်ထိန်းတုံလည်း၊
မလုံတစ်ဝက်၊ လုံတစ်ဝက်နှင့်၊ တစ်ချက်မဖုံး၊ တစ်ချက်ဖုံး၍၊
နှလုံးရွှင်ပ ပုရိသတို့၊ မြင်ကစိတ်ရောက်၊ ဇောဆန်ရောက်လျှက်၊ ရစ်ခေါက်လှပ်လှပ်၊
လက်ထပ်အင်္ကျီ၊ ဝတ်တုံပြီမှ၊ နောက်ဆီဆံစ၊ နပန်းချ၍၊
ထားကြမှုမှတ်၊ ရင်မဝတ်ဘဲ၊ သမြတ်တွဲလဲ၊ ပုတီးဆွဲသို့၊
ရောက်မြဲဝန်းယှက်၊ မွှေးမျိုးဖက်ကို၊ မပျက်ကိုယ်တွင်၊ လိမ်းပြီးကျင်မှ၊
ရောင်ထင်လှပ်လှပ်၊ ရွှေနားကပ်နှင့်၊ လက်ကျပ်လက်ကောက်၊ ဖိတ်ဖိတ်တောက်အား၊
ဝတ်မြောက်ဆင်ကာ၊ ပိုးဆာပါကို၊ လည်မှာရစ်ဆွဲ၊ နောက်သို့တွဲ၍၊
အမြဲပြုလျှင်း၊ အဲသီချင်းကို၊ သံညှင်းပွက်ထ၊ ဆိုကုန်ကြလျက်၊
နစ္စဂီတ၊ က သီကြလျှင်၊ လှပစေချင်၊ ကြေးညှိစင်အောင်၊
ခါးတွင်ထဘီ၊ ချွတ်တုံပြီမှ၊ ထိပ်ဆီခေါင်းတွင်၊ တင်တုံကျင်၍၊
ရေတွင်ဆင်းထ၊ ချိုးကုန်ကြသည်။ ပျက်ရ ဟီရိအကုန်သောဝ်။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။