ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်ခြားဒေသများသတ်မှတ်ခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်ခြားဒေသများသတ်မှတ်ခြင်း (1960)
2201ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်ခြားဒေသများသတ်မှတ်ခြင်း1960

(ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်ခြားဒေသများသတ်မှတ်ခြင်း)

အမှတ် ၈၁

၁၃၂၁ ခု၊ နှောင်းတန်းခူးလဆန်း ၆ ရက်။

(၁၉၆၀ ခု၊ ဧပြီလ ၁ ရက်။)

အမှတ် ၈၁။ ။ ဝန်ကြီးချုပ်ရုံး၊ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန၏လုပ်ငန်းများကို ကဏ္ဍ အလိုက်ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်စေခြင်းငှါ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်ခြား ဒေသများကို၊ ၁၉၆၀ ခု၊ ဧပြီလ ၁ ရက်နေ့မှစ၍၊ နိုင်ငံတော်သမတသည်၊ အောက်ဖော်ပြပါ တိုင်းများ အဖြစ်သတ်မှတ်လိုက်သည်။

(၁) အရှေ့မြောက် နယ်ခြားတိုင်း (North-East Frontier Region)။

(၂) အနောက်မြောက် နယ်ခြားတိုင်း (North-West Frontier Region)။

(၃) အရှေ့တောင် နယ်ခြားတိုင်း (South-East Frontier Region)။


အမိန့်အရ၊
ခင်ညွန့်၊
တွဲဘက်အတွင်းဝန်၊ နယ်ခြားဒေသအုပ်ချုပ်ရေးဌာန၊
ဝန်ကြီးချုပ်ရုံး။