ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၀။)
၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်
(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေ (The Public Utilities Protection Art) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်