ပြွတ် လေးချိုး
ထုံးစံတဲ့ ထုံးစံ။
အဝ ဝင်အောင် သိပ်ပါလို့၊
နှိပ်သည့်ခါ အကုန်ဖိ၊
ရင်းထိမှ တန်။
အပေါက်က လန်လန်၊
အတံက ဒစ်ကြီး။
ထွက်တဲ့ရေ ကုန်ခါမှ၊
သူ့ဟာကို အသာချွတ်တယ်၊
ပြွတ် တဲ့ ... အဟီး။ ။
မှတ်ချက်
- မင်းတုန်းမင်း လက်ထက် ပိဋကတ် စာတော်ပြင် ဦးဖလားကြီး၏သား ဦးဟန်သည် သင်္ကြန်တွင်း ကလေးများ ပြွတ်နှင့် ရေကစားနေသည်ကို တွေ့ပြီး စပ်ဆိုခဲ့သည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |