ဗျည်းအသံထွက်ပုံလင်္ကာ ရွတ်ဆိုရန်
ဗျည်းအမည်ပြလင်္ကာ
ပြင်ဆင်ရန်ရွတ်ဆိုရန်
က ကြီး ခ ခွေး - ကဗျာတေး၊
ဂ ငယ် ဃ ကြီး - သင်အံမညီး။
င စလုံး ဆ လိမ် - နေညိုချိန်၊
ဇ ကွဲ ဈ မျဉ်းဆွဲ - စာအံမစဲ။
ည တ ဝမ်းပူ - စံပယ်ဖြူ၊
ထ ဆင်ထူး ဒ ထွေး - သင်းကြူမွှေး။
ဓ အောက်ခြိုက် န ငယ် - စာသင်မယ်၊
ပ စောက် ဖ ဦးထုပ် - အလုပ်လည်းလုပ်။
ဗ ထက်ခြိုက် ဘ ကုန်း - ပြုံးရွှင်မဆုံး၊
မ ယ ပက်လက် - တို့ကျောင်းတက်။
ရ ကောက် လ ဝ - ကျောင်းပြင်ပ၊
သ ဟ ဠ ကြီး အ - ပညာရ။
ဗျည်းအသံထွက်ပုံလင်္ကာ
ပြင်ဆင်ရန်ရွတ်ဆိုရန်
က ခ ဂ ဃ င
မင်္ဂလာပါ နှုတ်ဆက်ကြ။
စ ဆ ဇ ဈ ည
စာသင်ပြတာ ဆရာမ။
တ ထ ဒ ဓ န
ညီညီညာညာ လိုက်ဆိုကြ။
ပ ဖ ဗ ဘ မ
ဗဟုသုတ ရှာမှီးကြ။
ယ ရ လ ဝ သ
စာဖတ်တတ်မှ ပညာရ။
ဟ ဠ အ
ပညာပြည့်ဝ နှလုံးလှ။