ဘာသာစကားမှီငြမ်းပြုလမ်းညွှန်/က မှ အ အထိ ဗျည်းအက္ခရာကဗျာများ
အပိုင်း(၂) ဘာသာစကားအထောက်အကူပြု တေးကဗျာများ၊ ပုံပြင်များ၊ စကားထာများ
က မှ အ အထိ ဗျည်းအက္ခရာကဗျာများ
ပြင်ဆင်ရန်- ကကြီးရေက မမက
- ကကြိုးစုံစွာ က
- ပျော်ရွှင်မြူးကြွ ကခုန်ပြီး
- ဆိုင်းတွေ ဗုံတွေတီး။
- ခခွေး ခခွေး ခရုလေး
- ပန်းပင်တက်တဲ့ ခရုလေး
- သွားနေတာက ခပ်နှေးနှေး
- ဖယ်ရှားကြစို့လေး။
- ဂငယ် ဂငယ်
- ဂဏန်း သင်မယ်
- တစ် နှစ် သုံး လေး ရေတွက်မယ်
- ဂရုစိုက်ပါကွယ်။
- ငကလေး ငကလေး
- အရွယ် ငယ်ငယ်လေး
- ငလက်မလေး အရွယ်ငယ်
- ငေးငေးမှိုင်မှိုင် မနေနဲ့ကွယ်
- စလုံး စလုံး
- ဖိုးစလုံး
- ခါးကို ကုန်းလို့ စပါးစိုက်တုန်း
- အထွက်တိုးမှာမို့ ပြုံး။
- ဆလိမ်ဆလိမ်
- ကျောင်းတက်ချိန်
- ကျောင်းတက်ချိန်မှာ ပျော်ရွှင်လှ
- ဆရာမကို နှုတ်ဆက်ကြ။
- ဇကွဲလေး ဇကွဲလေး
- ဇလပ်ဖြူဖြူဖွေး
- ဇလပ်ဖြူက မွှေးကြူကြူ
- မလေးပန်ဖို့ ယူ။
- ည...ည...ည.. - ည လပြည့်ည
- ဖိုးရွှေလက ဝင်းပပ
- လရောင်အောက်မှာ ပျော်ရွှင်လို့
- တို့တွေ ကစားကြစို့။
- တဝမ်းပူတဝမ်းပူ
- ဝမ်းဗိုက်ကလေးကပူ
- တဝမ်းပူလေး လှလှရေး
- တအား ပျော်တယ်လေး။
- ထဆင်ထူး ထဆင်ထူး
- တို့တွေ ထမင်းခူး
- ထူးထူးခြားခြား ပြင်ဆင်ကွယ်
- တို့တွေ ဝိုင်းစားမယ်။
- ဒထွေး ...ဒထွေး
- မဒထွေး
- ဒထွေးလေးက ဒရယ်မလေး
- ဟိုဟို ဒီဒီပြေး။
- ဓအောက်ခြိုက် ဓအောက်ခြိုက်
- ဝတ်ဆံလေးနဲ့ ဓအောက်ခြိုက်
- နှစ်ခြိုက်စရာ ဓလေ့များ
- တို့များ အလေးထား။
- နငယ်နငယ် ကိုနငယ်
- အစွမ်း ရှိလှတယ်
- နဂါးငယ်နဲ့ နပန်းလုံး
- ဘယ်တော့မှ သူမရှုံး။
- ပစောက်လေး ပစောက်လေး
- ပလွေ သံချိုပေး
- ပဝါလေးနဲ့ ရွှေမင်းသမီး
- ပထမရလို့ ရှုမငြီး။
- ဖဦးထုပ်ဖဦးထုပ်
- နေပူဆောင်းတဲ့ ဖဦးထုပ်
- ဦးထုပ်ကလေး ဆောင်းခဲ့ကွယ်
- ဖရဲသီးစိတ် သွားဝယ်မယ်။
- ဗထက်ခြိုက် ဗထက်ခြိုက်
- ဗဟုသုတ အလွန်ကြိုက်
- နှစ်ခြိုက်စရာ မှတ်သားထား
- ဗလာစာအုပ်မှာ ရေးစို့လား။
- ဘကုန်း ဘကုန်း
- ဘိုးဘကုန်း
- ခါးက ခပ်ကုန်းကုန်း
- သန်စွမ်းပါလို့ ကျန်းမာတုန်း။
- မ...မမ... မမလေး
- မရွေးမုန့်ကို စားမယ်လေး
- မကုန်တာလေး ချန်လို့ထား
- မနက်ဖြန်အတွက်လား။
- ယပက်လက်လေး ယပက်လက်လေး
- ကကြီး ပြောင်းပြန်ရေး
- ယဉ်ယဉ်ကျေးကျေး ယမင်းရုပ်
- ပြုံးပြုံးကလေး ဟန်ပန်လုပ်။
- ရကောက်ရကောက် ကိုရကောက်
- ရထားစီးလို့ ခရီးရောက်
- ပွဲခင်းရောက်ခါ ပျော်စရာ
- ရဟတ် စီးကြမှာ
- ရနံ့ဖြာတဲ့ ရေမွှေးလေး
- ဝယ်သွားကြစို့လေး။
- လ... လ... လ... လ ဖိုးရွှေလ
- မိုးပေါ်သာတဲ့ လ
- အမှောင်ညကို လရောင်ခွင်း
- လင်ပန်းကြီးလို ငွေလမင်း။
- ဝလုံး ဝလုံး ဖိုးဝလုံး
- ချစ်စရာလေး ဖိုးဝလုံး
- ချိုချိုပြုံးတဲ့ ဝလုံးရယ်
- ဝိုင်းဝိုင်းကလေး ရေးပါတယ်။
- သကလေး သကလေး ချစ်စရာသကလေး
- သရက် သခွား ချိုချိုအေး
- သဇင်ပန်းက ကြူကြူမွှေး
- အဲဒါ သကလေး။
- ဟကလေးဟကလေး
- သားသားမီးမီး သံချိုတေး
- ဟ... ဟလေး ရယ်သံပေး
- မေမေ့နားဝင်အေး။
- အ အမေ တို့တိုင်းပြည်
- အမြဲ ချစ်ခင်ပေ
- အမေရဲ့သား မြန်ပြည်ဖွား
- အများအတွက် တို့ကြိုးစား။