ဘုန်းနှင့်ကံနှင့် ရွှေသဇင်

ဘုန်းနှင့်ကံနှင့် ရွှေသဇင်
by ဦးတိုး
2365ဘုန်းနှင့်ကံနှင့် ရွှေသဇင်ဦးတိုး

စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်
နေရောင်မခံ၊ ပန်းပျံပင်ဆင့်
မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ
မိုးမခဘူး၊ နွေလသန်ပေါက်
ယဉ်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်
ပွင့်ဖူးတွေဆင်ကြသည်။
ရွှေပင်ဆင့်ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်
ဂမုန်းအင့်အဖက်၊ ဆောင်းစက်ရိပ်ခို၊
ရေတွက်လို့ ဆိုတော့မည်။
လက်တံတိုတစ်မည်၊ လက်တံရှည်နှင့်
နေရောင်ခြည် လရောင်ဝါ
မိုးလုံးပြာ မိုးလုံးမှိုင်း
ပုလဲဆိုင်း ပုလဲနှစ်
ချစ်စရာ့လိပ်ပြာတောင်
နီလာရောင်တောင်လုံးမြိုင်
သုံးပွင့်ဆိုင်ခိုင်လုံးဆန်း
ပင်လုံးလန်းနွဲ့တန်းယိမ်း
ညှာတံစိမ်းများတို့
လေသိမ်းတိုင်းလှ၊ ကိန္နရီကသည့်နှယ်
တချို့ကနီပြာပြာ၊ တချို့ကဖြူဝါဝါ
တချို့မှာချိပ်ပွင့်၊ တချို့မှာပန်းရင့်ကို (လို့)
ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံချင်း(ခြင်း) တွင်
ဝေယန်နန်းမြင့်၊ ပန်တိုင်းတင့်မို့
မြို့ဝန်မင်း(မင့်း) စာ၊ လိပ်မပါဘဲ (ဘဲနှင့်)
ကွယ်ရာဈေးပြင်၊ ရောင်းလို့များမြင်မလား (လာ့)။
သေချင်သေ၊ ရှင်ချင်ရှင်
အင်မတန့်အင်မတန်၊ ရာဇဝတ်တော်ခံရမည် (သည်)။
မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို
ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့်ဝင့်မတုံး (ဝင့်မလဲ)
ဘုန်းနှင့်ကံနှင့် ရွှေသဇင်။


မှတ်ချက်

  • (...) ထဲမှ စာများသည် ဂီတဝိသောဓနီမူမှ ဖြစ်သည်။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.