ဘုန်းမွေ့တော့မယ် သံဝေဂလေးဆစ်
ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။
ကိုင်ပုတီး၊
သစ်သီး ညှာအကြွေနှင့်၊
မေဓာဝေ* သူတို့ထုံးလို၊
ဘုန်း မွေ့တော့မယ်။
ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊
စက်ဆုပ်လို့ မငြိတွယ်၊
ဖြတ်မယ်ပ ခင်လေး။
ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တဝါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ်၊
မင်းသာဓု ပေး။ ။
မှတ်ချက်
- ကာရန်ကိုငဲ့ပြီး "မေဓာဝီ" ကို "မေဓာဝေ" ဟု စပ်ဆိုသုံးနှုန်းထားသည်။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |