ဘုရားရှိခိုးဂါထာ
by အမည်မသိ
2391ဘုရားရှိခိုးဂါထာအမည်မသိ


အရဟံ ဗဟိ အန္တဇယံ သုဂတံ၊ အမိတံ ဝိရဇံ လလိတံ အတုလံ၊

စရဏံ တိဘဝူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။

၁။ အရဟံ– ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၂။ ဗဟိ အန္တဇယံ– အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၃။ သုဂတံ– ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၄။ အမိတံ– မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၅။ ဝိရဇံ– ကိလေသာမြူတို့မှ ကင်းတော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၆။ လလိတံ– တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၇။ အတုလံ– အတုမရှိသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၈။ စရဏံ– အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၉။ တိဘဝူပသမံ– ဘုံသုံးပါး၌ ကိလေသာတို့မှ ငြိမ်းအေးတော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၁၀။ ယမကံ– ရေ, မီးအစုံ အစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၁၁။ သုခဒံ– ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၁၂။ သရဏံ– ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။

၁၃။ ဇိနံ– မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို။ ပဏမာမိ- ရှိခိုးပါ၏ ဘုရား။


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။