မင်းတရားရွှေထီးဘွဲ့ လေးချိုးကြီး

မင်းတရားရွှေထီးဘွဲ့ လေးချိုးကြီး (1916)
by သခင်ကိုယ်တော်မှိုင်း
2430မင်းတရားရွှေထီးဘွဲ့ လေးချိုးကြီး1916သခင်ကိုယ်တော်မှိုင်း


သနင်း ထီး ပဟိုရ်ဗွေပြဒုပေပ၊ မင်းကြီးညို အခြေပြုခဲ့တဲ့၊ (အမယ်မင်း) ရွှေကေတု တောင်ငူပြည်။ သတင်းဖြင့် ကြီးပေရဲ့နော်၊ မင်းထီးရွှေတစ်ပင်တဲ့၊ ဖြေမရွှင် ဖျောက်လေ နောက်ပွေ ပြန်ကာလွမ်းစရာပ၊ အကြေတခွင် နှောက်မွှေ အောက်ပြေ ဟံသာကွန်းကိုလ၊ ဘုန်းသမ္ဘာ ရုံးညာစွမ်းငယ်နှင့်ကွယ်၊ ရွမ်းခတ်အောင်စည်။ ရန်ပွဲသဘင်မှာ မှီရှာတဲ့ အခွင့်ငယ်နှင့်၊ သံတွဲဘုရင် ချီတာပင့်တာနှင့်၊ မထီပါသဖြင့် အောင်တပ်ချီ၊ (အို) အောင်ရပ်ပြည်ရယ်က ဟံသာထီး။ ဝင့်မရှောင် အခွင့်ခါခါအောင်တဲ့၊ ဘုရင့်နောင် ကျော်ထင်နော်ရထာတို့နှင့်၊ တော်ပလ္လင်ရတနာ ရခိုင်နန်းဆီသို့၊ ပျော်ရွှင်စရာ မြိုင်မြိုင်ဆိုင်ဆိုင် လှမ်းပါလို့၊ အကျဉ်းပြောရမှာဖြင့် အခင်းချောရော့ဟဲ့လို့၊ အတင်းလောတဲ့ သည်အခါမှာ၊ မင်းရောပြည်ပါ လက်ရမဖမ်းခင်ပ၊ ရဟန်းတော်သံဃာမထေရ်တို့က၊ ဓမ္မက္ခန္ဓာအဆီတွေကို ပြန်ကာလှန်ကာ လောတဲ့ပြင်၊ ဟံသာကို ပြန်ပါလို့ ပြောရုံနှင့်၊ (အိုကွယ်) စောနရဗြဟ္မစိုရ်ထီးမှာဖြင့်၊ ဒေါမနနှင့်မောဟ တရာ့းကိုကလည်း နည်းပေသမို့၊ (အမယ်မင်း) လောဘအလို မကြီး။ ။


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.