မင်းမတ်ကြီးသုံးယောက်၏ နှမ ကျောက်စာ

မင်းမတ်ကြီးသုံးယောက်၏ နှမ ကျောက်စာ (သက္ကရာဇ် ၆၇၀)
by မင်းမတ်ကြီးသုံးယောက်၏နှမ
2436မင်းမတ်ကြီးသုံးယောက်၏ နှမ ကျောက်စာသက္ကရာဇ် ၆၇၀မင်းမတ်ကြီးသုံးယောက်၏နှမ

၂၊၁၊၁၁၊၁။

ပြင်ဆင်ရန်
  • “။ ။ သကရစ် ၆၇၀ ကြာတိုက်နှစ်၊ မ္လွယ်တာလ္ဆုတ် ၁ဝရျက်၊ တနှင်ကနုယ်နိယ်အာ၊
  • မင်မတ်ကြီသုံယောက်နှမ တောင်ပိမင်သိံကိုဝ် လှူသောမ္လိယ်”

[သက္ကရာဇ် ၆၇ဝ ကြတ္တိကာနှစ်၊ နွယ်တာလဆုတ် ၁ဝ ရက်၊ တနင်္ဂနွေနေ့အား မင်းမတ်ကြီးသုံးယောက် နှမ တောင်ပိမင်းသိမ်ကို လှူသောမြေ။]

၂၊၁၊၁၁၊၂။

ပြင်ဆင်ရန်
  • “ဤဆိမိဝတ် သင်ပုတ်ဝတ်အပသော ဝတ်ထုစု်တ်
  • ၁၀ ကာ ကီနှင်ထာရုယ် အရှိယ်က္လောင် အနောက်က္လောင်ငီရုယ်၊ သိမ်စိယ်သတေ သိမ်မပျက်
  • ၁၁ သောကာ ကျွန်ကိုဝ်ထမင်ချက်စိယ်ရုယ် မပြတ်သတင်တိုင်လျှင် ဥပုတ်ပြဝာ
  • ၁၂ ဏသ သ္ခိင်စုတ်စာစိယ်သတေ၊ သိမ်ပျက်သမျှလျှင်။ ဤဝတ်ထုနှင်လကောင်ပြီ
  • ၁၃ ဩင်ပ္လုတုံတုံ မူစိယ်သတေ၊ ပြိ၂မူကာ သ္ခိင်တိုဝ်စာတိုင် စာစိယ်တုံသတေ၊ တ
  • ၁၄ ရျာဝတ်လေ မပြတ်သတင်တိုင်လျှင် ၁၆ပြည်တဝ်နှင် တတင်၂ ဤဝတ်ထုတွင်
  • ၁၅ လကောင် လှူစိယ်သတေ ဤယ်ကျွန်အလုံကာ သိမ်အမှု ထွက်သမျှလျှင် သ္ခိင်တိုဝ်စကာ နာ
  • ၁၆ ပစိယ်သတေ၊”

[ဤဆီမီးဝတ်၊ သင်ပုတ်ဝတ်အပသော ဝတ္ထုစုတ်ကား ကျီနှင့်ထား၍ အရှေ့ကျောင်း၊ အနောက်ကျောင်းညီ၍ သိမ်းစေသတည်း။ သိမ်မပျက်သောကား ကျွန်ကိုထမင်း ချက်စေ၍ မပြတ်သီတင်းတိုင်းလျှင် ဥပုသ်ပဝါရဏာ သော သခင်စုတ်စားစေသတည်း။ သိမ်ပျက်သမျှလျှင် ဤဝတ္ထုနှင့်လည်းကောင်း ပြီးအောင် ပြုတုံတုံမူစေ သတည်း။ ပြီးပြီးမူကား သခင်တို့စားတိုင်း စားစေတုံ သတည်း။ တရားဝတ်လည်း မပြတ်သီတင်းတိုင်းလျှင် ၁၆ ပြည်တော်နှင့် တစ်တင်းတစ်တင်း ဤဝတ္ထုတွင် လည်းကောင်း လှူစေသတည်း။ ဤကျွန်အလုံးကား သိမ်အမှ ထွက်သမျှလျှင် သခင်တို့စကား နာပစေ သတည်း။]

၂၊၁၊၁၁၊၃။

ပြင်ဆင်ရန်
  • ၁၈“ဤယ်ငာအလှူအက္လိုဝ်ကာ သိကြာပြုမှာ နတ်တကာစေ
  • ၁၉ သာ။ ငာမိငာဖ၊ ငာမောင် ငာဖာ၊ ငိမအစ်မ၊ ငာသာငာမ္လိယ်၊ ငာဆွိုယ်ငာမ္လျိုဝ်၊
  • ၂၀ ငာက္လိယ် ငာကျွန်၊ သိပါမြင်ပါသသူအလုံ ရစပါစိယ်သတေ၊ ငာလှူသော ခ္လော
  • ၂၁ င်လယ်ဥယန် သစ်တပင်ဝာတ(ပ)င်ကိုဝ် ဖျက်ဆိထိပါ(သ) သုကာ ဖ္လစ်လိယ်
  • ၂၂ ရရာကာ အဖ္လစ်၂သော ပုရှာကိုဝ်လျှင် မဖူစိယ်သတေ၊ ဤလူလက်ထက်ေ
  • ၂၃ လျှင် နူဝယ်ကိကန်စိယ်သတေ၊ ငရယ်ကြီ ငရယ်ငယ် ခံစိယ်သတေ၊”

[ဤငါအလှူအကျိုးကား သိကြား ဗြဟ္မာ နတ်တကာ စသော ငါ့မိငါ့ဖ၊ ငါ့မောင်ငါ့ဖား၊ ညီမအစ်မ၊ ငါ့ သား ငါ့မြေး၊ ငါ့ဆွေငါ့မျိုး၊ ငါ့ကျေးငါ့ကျွန် သိပါမြင်ပါသသူအလုံး ရစပါစေသတည်း။ ငါလှူသော ချောင်း၊ လယ်၊ ဥယျာဉ်၊ သစ်တစ်ပင် ဝါးတစ်ပင်ကို ဖျက်ဆီးထိပါးသသူကား ဖြစ်လေရာရာကား အဖြစ်ဖြစ် သော ဘုရားကိုလျှင် မဖူးစေသတည်း။ ဤလူလက်ထက် လျှင် နူဝဲ ကျီး ကန်းစေသတည်း။ ငရဲကြီးငရဲငယ် ခံစေသတည်း။]


  ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။