မင်းမတ်သုဖရစ်နှင့်အများ ကျောက်စာ
- ၁၂“ဤသိုဝ်ပ္လုရသ အက္လိုဝ်သည်ကာ သင်သရာတွင် ကျ
- ၁၃ င်လည်သောလေ နိပန်မရောက်သောအကြာ လူဖ္လစ်သေါလေ လူစည်စိမ်ကိုဝ် လိုဝ်ခ္လင်သတေ ပြည်ာကြီခ္လင်သ အသက်ရှည်
- ၁၄ ခ္လင်သ အနာမဲခ္လင် အသံသါခ္လင်သ မိတည်မည်သဖုရာ ဖ္လစ်လစ်သေါခာ ဖ္လစ်ပါခ္လင်သတေ အဆုံမ်စွန်နှိုက်
- ၁၅ ကာ နတ်၏စည်စိမ် နိပန်စည်စိမ်ကိုဝ် ရလေခ္လင်သတေ ဤငာလှူသအလှူကိုဝ် နောက်လါလစ်သသူ ခီပင်ပါသသုကာ
- ၁၆ ငာနှင်အတု ရစပါစေသတေ ဖျက်ဆီသသုကိုဝ်ကာ အကံ ဖာ၂ဖုရာလျှင် မဖူစေသတေ မ္လေကြိထက် ပုရွက်မျှလျှ
- ၁၇ င်မဖ္လစ်စေသတေ မ္လေကြီအထယ် လေါကန္တရိက်ငရယ် လျင်ခံစေသတေ။”
[ဤသို့ပြုရသောအကျိုးသည်ကား သံသရာတွင်ကျင်လည် သောလည်း နိဗ္ဗာန်မရောက်သောအကြား လူဖြစ်သော လည်း လူစည်းစိမ်ကို လိုချင်သတည်း။ ပညာကြီးချင် သော၊ အသက်ရှည်ချင်သော၊ အနာမဲ့ချင် အသံ သာချင်သော။ မေတ္တေယျမည်သောဘုရား ဖြစ်လစ်သော ခါ ဖြစ်ပါချင်သတည်း။ အဆုံးစွန်၌ကား နတ်၏စည်းစိမ်၊ နိဗ္ဗာန်စည်းစိမ်ကို ရလေချင်သတည်း။ ဤငါလှူသော အလှူကို နောင်လာလစ်သသူ ချီးပင့်ပါသသူကား ငါ နှင့်အတူ ရစပါစေသတည်း။ ဖျက်ဆီးသသူ(ကို)ကား အကမ္ဘာဘာဘုရားလျှင် မဖူးစေသတည်း။ မြေကြီး ထက် ပုရွက်မျှလျှင် မဖြစ်စေသတည်း။ မြေကြီးအထဲ လောကန္တရိက်ငရဲလျှင် ခံစေသတည်း။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |