မင်္ဂလာပါ
by ဦးကျော်မြင့်
2467မင်္ဂလာပါဦးကျော်မြင့်

သာယာလှပ နေ့သစ်ရဲ့အစ
ကြည်လင်လာ (မင်္ဂလာပါ)
စာသင်ကြဖို့ ကျောင်းသို့သွားစို့
ပြင်ဆင်ကာ (မြန်မြန်လာ)
ပျော်စရာကောင်းတဲ့ ကျောင်းကြီးသွားလို့
စာကိုကြိုးစား ကျက်မှတ်မယ်
ဆရာတို့ရဲ့ ဆုံးမစကားဆို
နားဝင်ချိုတယ် (ဟုတ်ကဲ့)

သာယာလှပ နေ့သစ်ရဲ့အစ
ကြည်လင်လာ (မင်္ဂလာပါ)
စာသင်ကြဖို့ ကျောင်းသို့သွားစို့
ပြင်ဆင်ကာ (မြန်မြန်လာ)
နိုင်ငံသားကောင်းဖြစ်ကြဖို့အတွက်
ထာဝစဥ်အမြဲ ကြိုးစားမယ်
အစဥ်လာကောင်းတဲ့
တို့ရဲ့ ကျောင်းဂုဏ်ဆောင်ပါမယ်
(ဟုတ်ကဲ့)

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။