မယ်သီတာကို လေယာဉ်ပျံနှင့် ဆောင်ခန်း
ခုနစ်ဆောင်ဝေယန်။ လေနန်းပျံနှင့်။ မယ်မန္ဒော။ ချောမငဲ့မောင်။ မှော်ရုံတောင်နယ်ညွန့်မှာ။
မင်းသီတာညိုဖွန့်ကို။ စွန်အင်္ဂါယုတ်၊ ကြက်သငယ်ကိုသုတ်သည်နှယ်။ ကုတ်ခါချီ၍။ တိမ်နီတိုက်က။ လေလိုက်ကယ်ဆောင်၍လာသော်။ ။ ကြူးမည်သာယာ။ မနဲကွာကဘက်။ တျာသံများနှောတဲ့၍။ တျောထံတျာတေး။ လုံမလေး၊ ကွေးအောင်လှတယ်။ ကြာနန်းသူငယ်။ ဖြူဖြူတုတ်ကို။ ဥမှန်နန်းမှာ။ ကံစမ်းခိုးလို့။ ရွှေရိုးရတယ်။ ရထားထီးဖျား။ ဆွဲလဲများက။ သနားက မည်သံကို။ မျောက်မင်းသုကျိပ်။ လေပြေတိတ်တွင်။ ကြို့ညိုရိပ်နန်း။ ပင်စခန်းက။ နားလွန်းတုံ့ခွေ။ ကြားမိလေသော်။ ။
မှတ်ချက်
- ဤရကန်ပိုဒ်မှာ မူအတိုင်းဖြစ်သည်၊ ဂီတပညာသည်တို့ ယခုသီဆိုကြသည်မှာကား။ (ကြူးမည်သာယာ) ဟု မဆိုဘဲ။ (ချူသံစာစာ။ မနဲကွာကဘက်။ တျောထံ့တျာတေ) ဟု ဆိုကြ၍ - အဆုံး၌လည်း (မျောက်မင်းသုကျိပ်။ လေပြေသိမ်တွင်။ တိတ်တဆိတ်ကြားလေသော်) ဟု ဆိုကြလေသည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |