မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၃၆။ မသူဇာနှင့် ကိုသာဝိုက်
2513မောင်ခွေးဖို့ ကဗျာများ — ၃၆။ မသူဇာနှင့် ကိုသာဝိုက်မင်းသုဝဏ်

မသူဇာ ပုတိုက်တိုက်
အသား သူမကြိုက်။
ကိုသာဝိုက် ပိန်ပါးပါး
အဆီ သူမစား။
ကိုသာဝိုက်နှင့် မသူဇာ
အိမ်ထောင်ကျသောခါ
ထမင်းပွဲမှာ ဝက်သားခွက်
တလင်းပြောင်အောင် လျက်တယ်လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။