မဟာဝိဟာရကျောင်းတော် ကျောက်စာ

မဟာဝိဟာရကျောင်းတော် ကျောက်စာ (သက္ကရာဇ် ၆၉၉)
by တရဖျားမင်းကြီး
2684မဟာဝိဟာရကျောင်းတော် ကျောက်စာသက္ကရာဇ် ၆၉၉တရဖျားမင်းကြီး

၂၊၁၊၄၃၊၁။

ပြင်ဆင်ရန်
  • “။ ။ သွတ္ထိ။ ။ သိရိတိတျပဝရဓမ္မရာဇာ တြျာဖျာမင်ကြီကာ၊ ရန်ခပ်သိမ်ကိုဝ် နင်နဲရပြီ
  • ရကာ၊ ခပ်သိမ်သော မျာစွာသနိုင်ငံတိုဝ်တွင် ကြောင်ကြစိုဝ်ရိမ်ပြိယ်လိယ်ရာဖ္လစ်သော။
  • သာမောစွာသ ကြံတူအနိမ်မည်သပြည်နှိုက်။ ဖုရှာသ္ခိင် သာသနာ၅ဝဝဝကိုဝ်တည်စိမ်ေး
  • သောငှာ။ ကောင်မှုတာŸမူလိုဝ်ရကာ။ ၀ ။ သကရစ် ၆၉၁ ခု သရဝန်နှစ်။ ပ္လသိုဝ်လ္ဆန် ၉
  • ရျက် သောကြာနိယ်တက် ၃၂ ဖ္လွာလျှင် ဓာမနာရုယ် ပြီသော မဟာဝိဟာရက္လောင်တဝ်၏
  • အလုပ်အက္လုယ်မူစိမ်သောငှာ ငုယ်တာŸ ၄ဝဝနှင့် ဝယ်သော ကျွန်တာŸတိုဝ်ကာ...”

[သောတ္ထိ။ သိရီဒိတျပဝရဓမ္မရာဇာတရဖျားမင်းကြီး ကား ရန်ခပ်သိမ်းကို နင်းနယ်ရပြီးရကား ခပ်သိမ်းသော များစွာသောနိုင်ငံတို့တွင် ကြောင့်ကြ စိုးရိမ်ပြေလေ ရာ ဖြစ်သော၊ သာမောစွာသော ကြံတူ အနိမ့်မည် သောပြည်၌ ဘုရားသခင် သာသနာ ၅၀၀၀ကို တည်စိမ့် သောငှာ ကောင်းမှုတော်မူလိုရကား သက္ကရာဇ် ၆၉၁ခု သရဝဏ်နှစ်၊ ပြာသိုလဆန်း ၉ရက်၊ သောကြာ နေတက် ၃၂ ဖဝါးလျှင် ဌာပနာ၍ပြီးသော် မဟာဝိဟာရ ကျောင်းတော်၏ အလုပ်အကျွေးမူစိမ့်သောငှာ ငွေတော် ၄ဝဝနှင့်ဝယ်သော ကျွန်တော်တို့ကား...။]

၂၊၁၊၄၃၊၂။

ပြင်ဆင်ရန်
  • ၁၅“သကရာဇ် ၆၉၉ ခု စယ်နှစ် တပိုဝ်ထုယ်လကွယ် ဥပုတ်သတင် ပု
  • ၁၆ တ္တဟူနိယ် ရိယ်စင်တာŸသွန်၏။ ဤငာလှူသ ကောင်မှု အက္လိုဝ်ကာ ခပ်သိမ်သ လူန
  • ၁၇ တ်ဗြုဟ္မာသတ္တဝာတိုဝ်ကိုဝ် ဓမ္မစက္ကြာတြျာလှိယ်ကြီထက်တင်ရုယ်၊ နိဗ္ဗန်ပြ
  • ၁၈ ည်သိုဝ်သယ်နိုင်သော၊ ဖုရှာဆုမ္လတ်ကိုဝ်လျှင် လိုဝ်ခ္လျင်သတေ။ ၀ ။”

[သက္ကရာဇ် ၆၉၉ခု ဇေယျနှစ်၊ တပို့တွဲလကွယ် ဥပုသ် သီတင်း ဗုဒ္ဓဟူးနေ့ ရေစင်တော်သွန်း၏။ ဤငါလှူ သော ကောင်းမှုအကျိုးကား ခပ်သိမ်းသော လူ နတ် ဗြဟ္မာ သတ္တဝါတို့ကို ဓမ္မစကြာတရားလှေကြီးထက် တင်၍ နိဗ္ဗာန်ပြည်သို့သယ်နိုင်သော ဘုရားဆုမြတ်ကို လျှင် လိုချင်သတည်း။]


  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.