မဟာသုတကာရီ မဃဒေဝလင်္ကာသစ်/လင်္ကာနိဒါန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဌမပိုင်း- လောကစရိယခဏ်း ၁။ လင်္ကာနိဒါန်း
(၁) မဟာဝိသ †ယ၊ တိလောကနှိုက်၊ န†ရမရူ၊ သနင်္ကူတို့၊ သရဘူဦးစိုက်၊ မကိုဋ်နဝရတ်၊ ကျောက်စိန်ထွတ်ဖြင့်၊ ညွတ်၍့ညွတ်၍့၊ ဦးနှိမ်ဝှေ့လျက်၊ ညဉ့်နေ့*မစဲ၊ တရဲးရဲးတိ၊ အမြဲးရောညိ၊ မပြတ်ထိသား၊ နန္ဒိဝဎ္ဍန၊ သကျမာရဇိန်၊ *စောမုနိန်၏့၊ သိရီ့န္ဒာဘိ၊ သိရီ့ရတနာ၊ မင်္ဂလာ*မျှို့ပေါင်း၊ *ပုံတောင်းပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက် ပဝရ၊ စရဏဟု၊ ပါဒ*နက်သန်၊ စုံနှစ်†တန်ကို၊ ငွေဗိ†တာန်ကြီး၊ ကဒဏ်ထီးသို့၊ မိုးပြီး*ဥဿုံ၊ ဘေးမျိုးလုံမှ၊ သုံးပုံပိဋကတ်၊ ဝါဏီမြတ်ဟု၊ သူရဿတီ၊ နတ်ဒေဝီလည်း၊ ယှဉ်မှီနိစ္စ၊ မပြတ်မ၍့၊ ငါ့နှလုံးတိုက်၊ ရွှေကြာသိုက်နှိုက်၊ ပျော်ပိုက်စေပြီး၊ ဂိုဏ်ကြီးအရိယာ၊ ဂုဏ်ကိုးဖြာနှင့်၊ သင်္ဃာ ပရမတ်၊ ရှစ်ပါးနတ်ကား၊ လောကဓာတ် ဒိသာ၊ ရှစ်မျက်နှာက၊ စကြဝဠာတောင်ကြီး၊ ကာဆီးသော့†ယောင်၊ တန်ခိုး†ရောင်ဖြင့်၊ ရန်မှောင် မမှောင့်၊ တည်နေစောင့်၍့၊ ချမ်းသောင့် ချမ်းသာ၊ အကြင်ငါလျှင်၊ လင်္ကာ ဤကျမ်း၊ နည်းစုံပြွမ်းကို၊ ဘေး*ဘျမ်းမငွေ့၊ ပြီးကုံ*လွေ့အောင်၊ ချက်စေ့စုံစီ၊ လောကီ လောကုတ်၊ မယုတ်စေရ၊ ရာဇဓမ္မ၊ သုတပညာ၊ ပွားရာပွားကြောင်း၊ ပေါင်း၍့သင်္ဂြိဟ်၊ ပဟိုရ်စည်ကြီး၊ ဆော်ရိုက်တီးသည်။။ ခြီးလော့ ချက်မှန် ကျယ်ကျဉ်းတည်း။
(ဤသို့ အသတ်မပါသော အက္ခရာဖြင့် ချီခြင်းသည် 'ပေါက်ပြချီ'။ ၇-လုံးချ ဟူသမျှကိုလည်း 'ခိုင်ညွတ်ခက်ဖြာချနည်း'ဟု မှတ်ကြလေ။)
(ဂ ဤလက္ခဏာကား ပေါရာဏစကား။ † + ဤလက္ခဏာ ၂-မျိုးတွင် လက္ခဏာတူ ပြရာ၌ ခွဲထားသည်။ သမ္ဗန်-၏့၊ ကြိယာ-၏၊ ခွဲထားကိုလည်း သိပါလေ၊ အမှတ် မပြပြီ။)
(၂) မဟာဝိနယ၊ ပိဋကနှင့်၊ ဓမ္မနှစ်ဖြာ၊ ဘိဓမ္မာသုတ်၊ ခွဲးဝေထုတ်သား၊ ဒုက်-တိတ်-ပ ဉ္စက်၊ ကိုးချက် ရှစ်သောင်း၊ အပေါင်း လေးထောင်၊ ကုန်အောင် ကြီးငယ်၊ ကျမ်း ပင်လယ်မှ၊ ကြိတ်နယ် နှောက်မွှေ၊ ဘော်ထုတ် ဘွေ၍့၊ ဆောင်ထွေစုစု၊ ဝတ္ထု ရာဇဝင်၊ မဟာ†ဝင်က၊ ပုံပြင် နည်းနာ၊ သဒ္ဒါ ပရမတ်၊ ပညတ် ဝေါဟာရ၊ ပေါရာဏနှင့်၊ လောကဓမ္မ၊ ရာဇတန္တီ၊ ထုံးမှီ စံကျ၊ နည်းစုံပြလျက်၊ သုတများရာ၊ ဤလင်္ကာကား၊ ပညာဉာဏ်ပွား၊ အကြောင်းအားဖြင့်၊ ကျီးသွားရှာထ၊ ကာကဒန္တာ၊ ပရိက္ခာသို့၊ ပမာတူ*နိုး၊ အကျိုးမယှဉ်၊ ပယောဇဉ်ကင်း၊ မဟုတ်လျှင်းတည့်၊ အဖျင်းသွပ်ပေါ့၊ တကျိပ်သော့လူ၊ ထန်းစေ့ဟူ၍့၊ မှတ်ယူမရ၊ ဒသ တာလိမာ၊ ဆိုစပါသို့၊ ဆိုရာ မဘွယ်၊ ဓိပ္ပာယ် မထွက်၊ အနက်*မဲ့လျှင်း၊ သမ္ဗန်ကင်းသည့်၊ ချွတ်ယွင်း*ကျီးကျူး၊ အရူးစကား၊ မဟုတ်ငြားတည့်၊ ပတ္တမြား ထိပ်ညှောက်၊ နဂါးမောက်ဖြင့်၊ အိုပျောက်နိုင်စွာ၊ မသေရာဟု၊ နည်းနာပြသင်၊ ပြောပါကျင်လည်း၊ တောဆင်အဝေး၊ ခမည်းပေးသို့၊ အရေးမရ၊ မဟုတ်စွတည့်၊ ထိုမှ တထွေ၊ မရေမရာ၊ စဉ်လာ မပြု၊ မာတုဝိဝါဟ၊ လောကသမ္မုတိ၊ ထုံးမယှိဘဲ၊ အမိထိမ်း†မြား၊ ဆိုစကားသို့၊ လူ†များ*အစုတ်၊ မသမုတ်သည့်၊ မဟုတ်ဥပဒေ၊ မဟူချေတည့်၊ ရေမူဧငြား၊ မီးကားပူတောင်း၊ ဆိုတုံရှောင်းသို့၊ အကြောင်းပေ့ါဘိ၊ ထူမရှိဘဲ၊ ဆိုမိဆိုရာ၊ မဆိုစွာတည့်၊ ငါးဖြာစင်စစ်၊ ကျမ်းအပြစ်နှင့်၊ မရစ်မဆိုင်း၊ နည်းမှန်လှိုင်းသည်။။ ဘတ်တိုင်သိလိမ့် လက်စဉ်းတည်း။
(၃) မဟာဝိဇယ၊ အတုလလျှင်၊ ဆုငှ သာသနာ၊ နောင်ဘို့တာဟု၊ ခါခါ ဘန်ခေါက်၊ ပြန်ပြန်ရောက်၍့၊ ထို့လောက်*ခိုင်†ကျည်၊ တည်စိမ့်ရည်တိုင်း၊ †ကြည်သရာ†ယောင်၊ တေဇာပြောင်လျက်၊ ဘုန်း†ရောင်နေလျှံ၊ ကျောက်မျက်ပျံနှင့်၊ ဆင်ပျံနတ်စက်၊ သိကြားဆက်၍့၊ လ္နက် ရိန္ဒမာ၊ စကြာနတ်သိုင်း၊ အာဏာခိုင်းသား၊ တလိုင်းရာဇာ၊ မြန်မာ နေနတ်၊ မျိုးမန္ဓာတ်တို့၊ ပြာသာဒ်နန်းမြင့်၊ စံတင့် သရေ၊ မင်းပွဲ ချွေလျက်၊ ရွှေမြ သထုံ၊ သုဝဏ်ဘုံနှင့်၊ စက်စုံ*ဖြိုးသစ်၊ သရေခေတ်မှ၊ ညာမြစ် ဝဲးယာ၊ ဆန်ခဲ့လာ၍့၊ ရတနာပုံ၊ နေရုံဓိပတိ၊ မန်းဂိရိနှိုက်၊ အာဒိကမ္မိက်၊ ဗျာဒိတ်သိုက်ရ၊ နန်းတည်စသား၊ ပ ဉ္စမ သင်္ဂါယနာတင်၊ ဘုရင် မင်းဖျား၊ မင်းတရား၏့၊ ထင်ရှားစဉ့်ခါ၊ ဤ လင်္ကာကို၊ ဦးစွာ ပထမ၊ ရေးစီ စလည်း၊ စာချ စာပို့၊ ကိစ္စတို့ဖြင့်၊ ဆုံးသို့ မရောက်၊ ထို့နောက် တဘော်၊ သားတော် နေမြစ်၊ ခုနစ်နှစ်လုံး၊ ဘုန်းသစ် ထိန်ညီး၊ ထွန်းခဲ့ပြီးမှ၊ ကျွန်းကြီး ဘိလပ်၊ နန်းရပ် ဗိမာန်၊ လန်ဒန် သိင်္ဂိ၊ စိုးစံ မှီသည်၊ ဧကရီမြတ်၊ မိဘုန်းနတ်လျှင်၊ မြန်ရဌ် ဇေယျုံ၊ မန်းရွှေဘုံကို၊ စိုးခြုံပိုင်းခြား၊ ဆဲ့ငါးနှစ်မျှ၊ ထိုကာလလည်း၊ ဗုဒ္ဓကိစ္စ၊ ဓမ္မဒေသနာ၊ အားကြီးစွာကြောင့်၊ နေဝါ တိမ်အုပ်၊ မပေါ်ငုပ်သို့၊ မြုပ်၍့ နေပြီး၊ ပျောက်လုနီးလျက်၊ ဘုန်းမီးနေ-လ၊ တိုက်လုံးပသား၊ သတ္တမဘုရား၊ သားတော် ဘုန်းထက်၊ ရုံးစိန်စက်နှင့်၊ ဧဒွတ်ဘုရင်၊ *စောနတ်သျှင်လျှင်၊ ဥကင် ဘွင့်မြောက်၊ သုံးနှစ်လောက်မှ၊ အောက်မေ့ပြန်မိ၊ သတိရရ၊ နတ်ဆော်မ,သို့၊ လက်စ မငုပ်၊ ကွယ် မမြုပ်ဘဲး၊ သိမ်းအုပ် ပြီးဆုံး၊ ကမ္ပတ်ဖုံးလျက်၊ နိဂုံးရောက်အောင်၊ ဘုန်းတော်ဆောင်၍့၊ စာစောင် ရွှေတုံး၊ တိုင်းလုံး ထိုက်လျော်၊ ထွန်းလင်းပေါ်သည်။။ ဘုန်းတော် နေနှင့် ပြိုင်လျဉ်းတည်း။
(၄) မဟာသုတ၊ တုမရသား၊ ကျမ်းလှရွှေစာ၊ ဤလင်္ကာနှိုက်၊ သေချာချက်မှန်၊ ခြောက်ပိုင်းကန်၏၊ *လက်မွန်အစ၊ လင်္ကာ့နိဒါန်း၊ ပြညွှန်းသရုပ်၊ အကျဉ်းချုပ်နှင့်၊ ပစ္စုပ္ပန်ဝတ္ထု၊ မှတ်ပြု ခေါ်ထွေ၊ သန္တိကေမည်မှန်း၊ ဇာတ်နိဒါန်းဟု၊ အခဏ်းပထမ၊ ဦးစွာပြလျက်၊ ဒုတီယမှာ၊ မဟာသမ္မတ၊ မင်းက စဉ်လတ်၊ မျိုးနေနတ်တို့၊ သိဒ္ဓတ်ဘုန်းခေါင်၊ လောင်းတော်အောင်လျှင်၊ ပြည်ထောင်တိုင်းပြု၊ စတုဝီသ၊ မင်းထိုမျှနှင့်၊ ရာဇရာဇာ၊ မဟာနွယ်စင်၊ တန်းဆာဆင်သား၊ ရာဇဝင်ခဏ်း၊ တတန်း နောက်သော်၊ လောင်းတော် မဃ၊ မင်းဒေဝလျှင်၊ ဌာန အောင်ချာ၊ မိထိလာသို့၊ *ဗိုလ်ပါ လုံးရင်း၊ များသင်းပင်းနှင့်၊ မကြွင်းစုံညီ၊ ကြွချီခြိမ့်မွှန်း၊ မြို့ပြောင်းခဏ်းက၊ ထီးနန်းအသစ်၊ စနစ်တောင်တာ၊ ယူဇနာ ပုံချ၊ မြို့ပြ ကျုံးမြောင်း၊ အပေါင်းစုံစွာ၊ အင်္ဂါမချို့၊ တောင့်နှယ်မို့အောင်၊ နန်းမြို့ တည်ခဏ်း၊ ရေသွန်းအစဉ်၊ သဖန်းပျဉ်ထက်၊ ဘွဲ့ယှဉ်စံကာ၊ မင်းတန်ထွာဖြင့်၊ မုဒ္ဓါဘိသေက၊ ရာဇ*မော်ကွန်း၊ ဗြဟ္မာ သွန်းသား၊ ကျွန်းလုံးကျော်ထိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိက်တော်ခဏ်း။ နန်းသိမ်းခဏ်းပါ၊ ထူးဆန်း ကြီးကျယ်၊ တင့်တယ် ထိန်ဝင်း၊ မင်းခမ်းကျင်းလျက်၊ ရှစ်စင်း*ပစ္စူ၊ ဘွင့်လှစ်ထူ၍့၊ နတ်တူအသွင်၊ တုမမြင်အောင်၊ ရွှေပလ္လင်ပျံ၊ ခြင်္သေ့ခံထက်၊ ထွက်စံတုံရှောင်း၊ ခြိမ့်ခြိမ့်ညောင်းတိ၊ ထီးဆောင်းမင်္ဂလာ၊ မဟာဥကင်တော်ဘွင့်၊ တခဏ်းဆင့်ပြီး၊ မင်းကျင့်ဓမ္မ၊ ပိုင်းခြားပြသား၊ ရာဇစရိယ၊ ခဏ်းလှတဖြာ၊ တေဇာရှိန်ပြိုး၊ ဘိသိက်ကျိုးဖြင့်၊ တန်းခိုး တုန်ချဲ့၊ ဘုန်းတော်ဘွဲ့ဟု၊ တု*မဲ့ အံ့ဘွယ်၊ တခဏ်းခြယ်မှ၊ ခဏ်းငယ် နဝ၊ ကိုးချက်ပြသား၊ လောကဟိတ၊ စရိယဟု၊ ပထမခဏ်းကြီး၊ တကန့်သီး၍့၊ *ဝှဲခြီးသံလှိုင်း၊ *လက်မွန်ပိုင်းသည်။။ ထုပ်သိုင်းရွှေနွယ် ရွှေ†ကြိုးတည်း။
(၅) ထို့နောက်၄င်း၊ *စောလောင်းရာဇာ၊ ကြီးပညာနှင့်၊ မဟာမဃ၊ ဒေဝ ဘုန်းရှိ၊ သန္ဓေ သိဖြင့်၊ ဇာတိပညာဉ်၊ မြဲယှဉ်စောင်းလျက်၊ ဥက္ခောင့်းထက်နှိုက်၊ တခက် ဆံပင်၊ ဖြူသည် မြင်က၊ မြင်လျှင်မြင်†ခြင်း၊ ထင်အ†ချင်းဟု၊ ကြံရင်း*အဲခိုး၊ ဉာဏ်ဆော်နှိုး၍့၊ မိုဃ်းကြိုးပ†မာ၊ မိန့်တော်†မှာသည်၊ ရာဇာမန္တန၊ ခဏ်းလှ တသွယ်၊ နာသာဘွယ်တည်း၊ နောက်ဝယ် တဖြာ၊ ဆတ္တာသမား၊ ထိုယော†က်ျားက၊ လျှောက်†ကြားထင်စွာ၊ ကပ္ပကာရောစန၊ ဟူထတခဏ်း၊ မြပန်းကေသာ၊ *သျှောင်စူဠာတွင်၊ ရောင်ဝါ ဘောက်ပြား၊ ဆံတော်†ကြားနှိုက်၊ ကြောင်†ကျားမတူ၊ တချောင်း ဖြူဟု၊ ဆယ်ဆူ လက်မြှောက်၊ တင်လျှောက် ချဉ်းကပ်၊ ရွှေမွေးညှပ်ဖြင့်၊ နုတ်အပ် ယူပြီး၊ မင်းကြီး ရွှေလက်၊ တင်ဆက် ပြဟန်၊ တခဏ်းပြန်၍့၊ ဘုန်းသန်မင်းကျော်၊ ထိုဆံတော်ကို၊ ရှုမျှော်တုံလစ်၊ ကိုယ့်အဖြစ်နှိုက်၊ အပြစ် မြင်မြင်၊ ဉာဏ်တော် ထင်တိုင်း၊ ဆင်ခြင် ကြံထ၊ ခြင်းရာပြသား၊ အတ္တစိန္တာ၊ တခဏ်းဖြာမှ၊ များစွာ သက်ကြွင်း၊ ရှိတုံလျှင်းလျှင်၊ သေမင်းယူမည့်၊ *တိုးတည်ထံနီး၊ ရောက်လာပြီးသို့၊ နန်းထီး စည်းစိမ်၊ မင်းရိပ်ငြိမ်ကို၊ နှောင်အိမ် လောင်တိုက်၊ မှတ်ပိုက် ဘန်ဘန်၊ သံဝေဉာဏ်ဖြင့်၊ ထင်ဟန် ခြင်းရာ၊ သံဝေဂါကာရ၊ ပြခဲ့ ခဏ်းသီး၊ ကန့်ပြီး တဖြာ၊ ဥဒါန်း သာ၍့၊ လွန်စွာဝမ်းနူး၊ မြွက်ဆိုကျူးသား၊ ရွှင်မြူးကြည်လှ၊ ဥဒါနဝစန၊ ခဏ်းထူးပြလျက်၊ ဤမျှခဏ်းငယ်၊ ခြောက်ခဏ်း ခြယ်၍့၊ နာဘွယ် ပိုင်းသန်း၊ သံဝေခဏ်းဟု၊ မည်မှန်း နာမ၊ ဒုတီယဖြင့်၊ ကျမ်းလှ တအုပ်၊ ခဏ်းကြီးချုပ်သည်။။ ပိုက်ထုပ်မှတ်လေ ရွှေ†အိုးတည်း။
(၆) သံဝေဂကြီး၊ ကမ္ဘာမီးသို့၊ *စောမီးမင်းမြတ်၊ အမြဲမှတ်၍့၊ ထိုဆတ္တာသည်၊ မိန့်တိုင်းတည်အား၊ လွန်ကြည်မြတ်လေး၊ ရွာဆုပေးသား၊ မထွေး ကွက်ကန့်၊ သန့်ခဲ့ ပိုင်းသန်း၊ ဆုတော်ခဏ်းတည့်၊ *ကြငှန်း ထွတ်ချာ၊ လောင်းရာဇာလျှင်၊ နန်းမှာ မင်းလေ့၊ မပျော်မွေ့၍့၊ ငြီးငွေ့*ဦးလေး၊ တောထွက်ရေးဖြင့်၊ မနှေးအလို၊ သားဘုန်းပျိုအား၊ မိန့်ဆိုထင်ရှား၊ အကျယ်ကြားသား၊ ကြောင်းလျားခြင်းရာ၊ ပုတ္တာရောစန၊ ကဏ္ဍပိုင်းဘွဲ့၊ ခဏ်းသီးချဲ့မှ၊ မငဲ့မင်းဖြစ်၊ သားချစ်သက်နှံ၊ အိမ်ရှေ့စံအား၊ နိုင်ငံတိုင်းလုံး၊ ကျုံး၍့မကြွင်း၊ ထီးနန်း နှင်းလျက်၊ မင်းတို့ကျင့်ရာ၊ အဖြာဖြာတိ၊ များစွာ ဆန်း†ကြယ်၊ အသွယ်သွယ်ကို၊ ကျဉ်း†ကျယ်နယ၊ မြွက်ဘော်ပြ၍့၊ ဆုံးမ မိန့်ဟော၊ သွန်သင် ပြောသား၊ ပုတ္တောဝါဒ၊ နာမမှတ်တည်၊ နောက်ခဏ်းမည်ဖြင့်၊ ထူးလည်နယန်း၊ ခေါ်ပြဋ္ဌာန်းလျက်၊ သုံးခဏ်း တဆိုင်း၊ ခဏ်းကြီးပိုင်းသား၊ နာတိုင်း သာစွ၊ တတီယတည့်၊ သုတဗုဒ္ဓိ၊ ကဝိပုဂ္ဂိုလ်၊ ဝိဇ္ဇာဓိုရ်ဟု၊ ဖြစ်လိုသသူ၊ များရှင်လူနှင့်၊ ရာဇူသဘ၊ နရမှန်ကင်း၊ ပြည့်ရှင်မင်းတို့၊ မကြွင်းမှတ်ရာ၊ နားတန်းဆာတိ၊ သာယာနာဘွယ်၊ မကျယ်မဝန်း၊ ဓိပ္ပာယ်ညွှန်းလျက်၊ မိုက်စွန်း ခြောက်တောင်၊ ပေါက်*ပြောင်ဇာနည်၊ မုန်ရည် အာသောက်၊ စွယ်ရောက် စုံလင်၊ မင်းစီးဆင်သို့၊ မြန့်ခွင်ကြော်ငြာ၊ ရှေးဆရာတို့၊ နည်းနာရွှေဉာဏ်၊ *တမျဉ်းမှန်တိုင်း၊ ကျမ်းဂန် နိပါတ်၊ ဇာတ် ရာဇဝင်၊ မဟာဝင်က၊ *ပုံ*ပြင် ဝတ္ထု၊ စုစု လုံးစုံ၊ နည်း*ကုံလုံသား၊ ရေးပုံ တဆူ၊ ကျမ်း တမူဖြင့်၊ လွယ်ကူခဏ၊ လိုတိုင်းရအောင်၊ ကပ္ပရုက္ခာ၊ ပဒေသာကြီး၊ အစုံသီးသည်။။ ညီး၏ရွှေပင် ရွှေ†ရိုးတည်း။
(၇) အလောင်းမင်းကျော်၊ မြတ် သားတော်အား၊ ထုတ်ဘော် ကုန်စင်၊ သွန်သင် ဆုံးမ၊ ပြည်ပ, ပြည်တွင်း၊ ကျန် မကြွင်းအောင်၊ မင်း၏့အဖြစ်၊ စင်စစ် မှန်စွာ၊ အပ်သော့ခါလျှင်၊ ရံကာဝန်းလျား၊ မှူးမတ်များတို့၊ လျှောက်ထား ကြောင်းစ၊ တင်ကြ ခြင်းရာ၊ အမစ္စာပုစ္ဆန၊ ခဏ်းလှ တပါး၊ ပိုင်းခဲ့ခြားမှ၊ ကြောင်းလျား ပြန်မြွက်၊ ဆံတခက်ဖြင့်၊ ဖြူချက် ခေါင်းမှာ၊ သေမင်းလာ၍့၊ မကြာယူမည့်၊ စေသည့်အ†ခြင်း၊ ယမမင်း၏၊ *အ†ချင်းတ†မန်၊ အ†မှန် ခုဆိုက်၊ အလံစိုက်ဟု၊ ဆိုထိုက်သဘော၊ မိန့်ဟောသဘာဝ၊ ထင်စွာပြသား၊ ဓမ္မဒေသနာ၊ တခဏ်းဖြာပြီး၊ ပြည်ရွာ စောင့်ရှောက်၊ မှူးလျောက်မတ်လိုက်၊ ကျင့်ထိုက်သမျှ၊ ကြောင်းချင်းတကို၊ ဆုံးမ မိန့်ပြော၊ မှာခဲ့ ဟောသား၊ အမစ္စောဝါဒ၊ ထိုမှ တဘော်၊ ညာနန်းပျော်နှင့်၊ နတ်*လျော်တူညီ၊ ဒေဝီတို့အား၊ ဆုံးမကြားသား၊ တရားနှစ်ဆီ၊ နက်လေးအီသည့်၊ ဒေဝီယောဝါဒ၊ လေးကဏ္ဍဖြင့်၊ နာမ သာမော၊ နည်းစုံနှောသား၊ အမစ္စောဝါဒ၊ စတုတ္ထဟူ၊ ခဏ်းကြီးမူလည်း၊ ရှင်လူ*ခပင်း၊ *အချင်းမှူးမတ်၊ သူမြတ်ဟူကြ၊ မင်းမိန်းမတို့၊ နားဝနာတင့်၊ နာသင့်နာဘွယ်၊ ဆင်ကြောင်းခြယ်သား၊ ရွှေနားသွယ်ပန်း၊ ခိုင်ဝေလန်းတည့်၊ တင့်ဆန်း ထိန်ညီး၊ မီ့းထက်မီးသို့၊ ဆီးဖြူ သျှစ်သျှား၊ ဖန်ခါး သရက်၊ စဉ်လျက်မယွင်း၊ အင်ကြင်း ထန်းတော၊ သူယောင်တောနှင့်၊ ငှက်ပျော တရပ်၊ သီးတော စပ်လျက်၊ ရှစ်ထပ် ယူဇနာ၊ တောကြီးကာ၍့၊ မဟာတရု၊ ဇမ္ဗူ့သရေ၊ ကျွန်းထိပ်ဗွေက၊ သပြေရိပ်ထီး၊ ရွှေပင်ကြီး၏့၊ ပင်သီး ရွှေတော်၊ တုမမြော်သည်။။ ဇမ္ဗော်နဒ ရွှေ†မျိုးတည်း။
(၈) မှူးမတ်လုံးစုံ၊ များ *ဗိုလ်†ပုံအား၊ ရွှေ†ဘုံ စိုးရ၊ လောင်းမဃလျှင်၊ ဆုံးမခဲ့ပြီး၊ နန်းထီး တိုင်းပြည်၊ အတည်တည်ကို၊ ဆီးရည် နှင်းစက်၊ ခန့်မတွက်ဘဲ၊ တောထွက် စွန့်ပစ်၊ မင်းဖြစ် ပယ်ထ၊ နိက္ခမခဏ်း၊ ရဟန်း ရသေ့၊ ပြု၍့ မြို့ထဲ၊ မဝင်ဘဲးလျှင်၊ ရှောင်လွဲးစိတ်ချ၊ မဃဒေဝ၊ ဥယျာဉ်မနှိုက်၊ နိစ္စ မြဲးသို၊ ဗြဟ္မစိုရ်လေးပါး၊ မြတ်တရားကို၊ ပွားများ *ခြိုးခြံ၊ ကြိုး*အားသံသည်၊ ဗြဟ္မံဝိဟာရ၊ တခဏ်းပြလျက်၊ ကမ္မဘူမိ၊ ကျမ်းလာရှိတိုင်း၊ နှိုင်းညှိ ဂန္ထန်၊ တိရစ္ဆာန် ပြိတ္တာ၊ မဟာခုဒ္ဒက၊ ဥဿဒနှင့်၊ ယမလောကီ၊ ထိုဤ *ပြောကျယ်၊ ကြီးငယ် ငရဲး၊ ဝေခွဲး ဘော်ပြ၊ အပါယခဏ်း၊ နတ်ဘုံခဏ်းက၊ ထက်နန်း ဗြဟ္မာ၊ ရူပါရူပ၊ သံသန္ဒတည့်၊ သတ္တခဏ်းငယ်၊ ပေါင်းခြယ်တုံထ၊ ဗြဟ္မစရိယ၊ ပ ဉ္စမဟု၊ မည်ရခဏ်းကြီး၊ ကန့်ဆီး တတန်၊ အပိုင်းကန်၏၊ ကျမ်းဂန် မညှိ၊ တတ်သိ ယောင်မူ၊ ချို့ရှင်လူတို့၊ အယူမကျ၊ လင်္ကာမျှဟု၊ ဒေါသယှိဟန်၊ နှုတ်ရိုင်းသန်၏၊ ဉာဏ် မနပ်နူး၊ စုန်း မ†ကြူးနှင့်၊ နှုတ်†ကျူး နှုတ်လွန်၊ ဆိုသူ့ဝန်တည့်၊ ပြစ်ဒဏ် ငါတို့၊ ဘယ်ရှိမြို့အံ့၊ မြင့်မိုရ့်သဏ္ဌာန်၊ ဆီးစေ့မှန်သို့၊ မပြန်မလှန်၊ သဘော*မွန်ရှင့်၊ ဘဝန္တဂူ့၊ သုံးလူ့ထွတ်ချာ၊ *စောမြတ်စွာလည်း၊ သုဘာသိတ၊ ဓမ္မံစသား၊ ပိယသစ္စာ၊ ကျိုးနပ် ရာဟု၊ အင်္ဂါလေးတန်၊ ဟောမိန့်ညွှန်၏၊ ထိုက်တန် သူ့နား၊ ကြား၍့ မငြီး၊ ရှုမငြီးအောင်၊ ပင်သီး ရွှေ့ထက်၊ မြေက ထွက်သား၊ စက်စက်ရောင်ပြို့၊ လောင်အံ့ သို့တည့်၊ နွားချို့သဏ္ဌာန်၊ ရွှေသုဝဏ်နှင့်၊ နှိုင်းတန်*တမျှ၊ ကျေးဇူးလှလိမ့်၊ ထိုမှ တမျိုး၊ ကပ်ပြုပျိုးသား၊ မိုး၏့ပမာ၊ မျိုးလေးဖြာတို့၊ ဘတ်နာသမျှ၊ ပွားသုတဖြင့်၊ ကမ္မသကာ၊ ဉာဏ်မဟာနှင့်၊ သဒ္ဓါ သောမန၊ ပုညစေ့ပျိုး၊ ကုသိုလ်မျိုးကို၊ ဖွံ့*ဖြိုး စည်ပင်၊ လန်းလန်း ရွှင်အောင်၊ မြန့်ခွင် မဆံ့၊ အနှံ့ ထက်ဝန်း၊ ကြူးဆော်ညွှန်းသည်။။ သွန်း၏့ ရွှေရည် ရွှေ†မိုးတည်း။
(၉) မဟာသတ္တော်၊ လောင်းမင်းကျော်လျှင်၊ မိုးပေါ်ရပ်သာ၊ ဗြဟ္မာ့ရွာက၊ ဝေးကွာ အောက်-ထပ်၊ လူ့ပြည်ရပ်သို့၊ တပ်အပ် မျှော်ကာ၊ ကြည့် ခြင်းရာဖြင့်၊ မနုဿာလောကန၊ နာမ တခဏ်း၊ တန်းခဲ့ နောက်မူ၊ ဆံဖြူတခက်၊ မြင်သည် ရက်နှိုက်၊ တောထွက် မင်းကောင်း၊ လေးထောင်ပေါင်းနှင့်၊ ရှစ်သောင်းမပြည့်၊ ယုတ်လှည့် နောက်ဆက်၊ တယောက်တွက်ကြောင့်၊ မပျက်စိမ့်ငှါ၊ ဆက်လိုစွာ၍့၊ ဗြဟ္မာက ရွေ့၊ စုတေ့ခဲ့တုံ၊ လူ့ဘုံ ဇာတိ၊ ကျင့်လာဘိသား၊ နိမိရာဇ၊ စရိယခဏ်း၊ ပိုင်းသန်း ထိုပြီ့း၊ နေမိရာဇာ၊ ဝတိံသာက၊ ပြန်လာ ဇာတ်သိမ်း၊ မှတ်ထိမ်းဓမ္မတာ၊ သစ္စာ ပြခဏ်း၊ ဇာတ်ပေါင်းခဏ်းနှင့်၊ နိဒါန်း သိမ်းရုံး၊ နိဂုံး ထိုမျှ၊ ငါးခဏ်း ပြ၍့၊ နိဂမပိုင်း၊ ရွှေကြိုး သိုင်းသား၊ ရှုတိုင်း သာယာ၊ ဤလင်္ကာကား၊ လူ့ရွာ နောက်နောင်၊ အကျိုးဆောင်လိမ့်၊ *ယခေါင် *နိဿရည်း၊ ထိုထိုနည်းနှင့်၊ တောဒည်းအလင်္ကာ၊ ညီညွတ်စွာသော်၊ ကဗျာကပ္ပ၊ ထိုဗန္ဓနှိုက်၊ မုချထင်စွာ၊ ထိုဆရာ၏့၊ မဟာကဝိန်၊ သုခမိန်သနစ်၊ ပဏ္ဍိတ်ဖြစ်ကို၊ စင်စစ် မှန်လှ၊ လင်္ကာပြ၏၊ ဗန္ဓလက္ခဏာ၊ မညီပါမူ၊ ထိုကဗျာပင်၊ ကဗျာ့ရှင်ကို၊ နွားသွင်မုချ၊ ထင်စွာပြ၏၊ သုတကရိုဏ်း စည်ပြန့်လှိုင်းသား၊ မြန့်တိုင်း ကြော်ငြာ၊ ဤကျမ်းစာကား၊ နာသာတုံလျက်၊ အနက်မ*ချေ၊ ကိလေသုပ္ပတ်၊ ဟီနတ်သဘော၊ များစွာနှော၍့၊ *မောင်တော *မယ်တော၊ တောင်-တော ရေပြင်၊ ကောင်းကင် တာရာ၊ ဝဏ္ဏနာဖြင့်၊ ဆဲးစာ ရဲးစာ၊ စောင်းချိပ်စာက၊ ဒန္ဒာရီထုတ်၊ မဟုတ်မဟတ်၊ ပြဇာတ် ရှုဇာတ်၊ မမှတ်စအပ်၊ သမ္ဖပ္ပလာ၊ ထိုထိုစာသို့၊ နည်းနာ မရ၊ မကျ အရိုး၊ ဉာဏ်မတိုးဘဲး၊ ကောင်းကျိုး *မဲ့မဲ့၊ အပြစ် *ပြဲ့သား၊ ငရဲ့းစီးပွား၊ မဟုတ်ငြားတည့်၊ နာကြားသမှု၊ ဘတ်ရှုတိုင်းသာ၊ အရာရာနှိုက်၊ ပညာ သုတ၊ ကောင်းကျိုး ရလိမ့်၊ ဗာလ ရေးစီ၊ စာ့ဗာဟီမူ၊ လောကီ လောကုတ်၊ ကောင်းကျိုး ယုတ်လျက်၊ ဆီသုတ် သနထော်၊ ဝါယော် ရောင်နု၊ ရွှေ့နှယ် တုလည်း၊ ရွှေစု မသွင်း၊ မှတ် မဝင်းသည်။။ ရွှေဖျင်းရွှေယောင် ရွှေ†ယိုးတည်း။
(၁၀) နှစ်ထောင့်လေးရာ၊ သာသနာလျှင်၊ ကျော်ကာ လွန်ပြီး၊ တဝက်နီးနှိုက်၊ ညီးညီးထွန်းထိန်၊ နေမွန်းချိန်သို့၊ ရောင်ရှိန် လင်းဝါ၊ ဖြာ့ထက်ဖြာ၍့၊ ကောဇာလည်း ရင့်၊ ထောင်နှင့် ရာ-ဆယ်၊ ခုကယ် စွန်းထ၊ စိတ္တရူပါ၊ သင်္ချာ သွယ်ညွန့်၊ *ဖြိုးကြွယ် *ကွန့်သား၊ *စောရဟန့် ဖြိုရင်း၊ ပုဂံ ကြွင်းနှင့်၊ မိုးညှင်း သက္ကရာဇ်၊ အင်းဝ ဖြစ်တိ၊ ပွားသစ် ရှည်-တို၊ ခေါ်ဆို နာမ၊ ဒီဃ ရေဿာ၊ နှစ်သဘောလည်း၊ အန္တော ပညတ်၊ သူရဇ်ဓာတ်သို့၊ နီးလတ် တုံမြောက်၊ မီးတောက် နှစ်ဆန်း၊ ဓာတ်သိုက်ပန်းနှင့်၊ ကိန်းခန်းပေါ်လု၊ များ*ထု လူ*ဗိုလ်၊ ပွားကုသိုလ်ဖြင့်၊ အလိုသမ္မာ၊ ပြည်ရွာ တိုင်းကား၊ မ*ချောက်ချားဘဲး၊ တရား ဆောက်တည်၊ ပညာစည်၍့၊ *ခိုင်ကျည် မယွင်း၊ မင်းနှင့် ပြည်သူ၊ ရှင်-လူ*တကာ၊ ပွင့်လင်းသာလျက်၊ မေတ္တာမပျက်၊ စောင့်ရှောက် ဘက်ပြီး၊ အောက်ထက် ညာ-ကြေ၊ ကမ္ဘာမြေထက်၊ ကြည်း-ရေခရီး၊ ပိတ်မဆီးဘဲး၊ စက်မီး ဓာတ်မီး၊ တညီးညီးတိ၊ လူစီးရထား၊ သင်္ဘောအားဖြင့်၊ နေ့သွား ညသွား၊ မခြား *ထူပြော၊ စိတ် မနောတိုင်း၊ ရေကြော မြေကြော၊ တောင်-တော ဖြတ်နှင်၊ လေးကျွန်းရှင်တို့၊ လေးခွင် ဒီပါ၊ လှည့်သောခါသို့၊ စကြာ ပေါ်ဆိုက်၊ ခါတော်ခိုက်ဝယ်၊ ဘိုးထိုက် ဤကျမ်း၊ နည်းစုံ ပြွမ်းလည်း၊ မင်းခမ်း စိုးစု၊ ပညာမှုနှင့်၊ လူမှု ရှင်မှု၊ *ရောရု စပ်ကာ၊ ပေါ်ထွန်းလာ၏၊ သာသနာရှိန်၊ ထိန်ထိန်ဝင်းလစ်၊ ဤခါခေတ်ကား၊ ယုဂ်သစ် တပါး၊ ဆန်းသော့လားဖြင့်၊ ခိုးသား သူပုန်၊ မမှုန် မဆန်၊ ပုန်မကန်တည့်၊ ဟေမန်ခါစက်၊ ဆောင်းလရက်နှိုက်၊ မည်းနက်ရောင်ကျော၊ ငှက်ဥသြတို့၊ သဘောမလွန်၊ မတွန် ဆိတ်ဆိတ်၊ အသံတိတ်သို့၊ အရိဌ်ဟူသည်၊ ဘေးမြူ ခပ်သိမ်း၊ ငြိမ်းကြီးငြိမ်းလျက်၊ *မုဒိန်းမထွက်၊ *ညဉ့်ငှက် မ*ဟုပ်၊ မရှုပ်ပြည်လှေး၊ ခိုးသေးမပေါ်၊ မမော်မကြွ၊ တိုက်လောကလုံး၊ ထိုမျှရန်သူ၊ ဦးမပြူသည်။။ ရာဇူမင်းတို့† တန်းခိုးတည်း။
(၁၁) ဗေဠုဝဟု၊ နာမယှဉ်မှီ၊ ခေါ်သညီနှင့်၊ သုံးလီ ဂါဝုတ်၊ မယုတ်လည်းကောင်း၊ ထိုနတ်စောင်း၏့၊ ရှည်လျောင်း စ-ဆုံး၊ စောင့် လက်ရုံးကို၊ သုံးပုံ ပုံလျက်၊ အထက်ဆဇ္ဇ၊ မဇ္ဈ အလယ်၊ အောက်ဝယ် ဘာ†ဂ၊ ဂန္ဓာရဟု၊ မာ†ဃဋီကာ၊ ကျမ်းလာအရ၊ သုံးဂါမတည့်၊ ဥသဘဓေဝတ၊ ဆဇ္ဇ-ဂန္ဓာ၊ မဇ္ဈိမာ ပ ဉ္စမ၊ နိသာဒဖြင့်၊ သတ္တဟူလျှင်း၊ နွားမင်း မြင်းမင်း၊ တွန်-ဟီခြင်းနှင့်၊ ဒေါင်းမင်း ကေကာ၊ ဆိတ်-ကြိုးကြာက၊ သာယာ ချိုမော၊ ဥသြ ဆင်မင်း၊ တွန်ခြင်း ဟီဟန်၊ အသံ ခုနစ်ပါး၊ မှတ်ပိုင်းခြားပြီး၊ နွားလား သုံးပေါက်၊ မြင်းသံ ခြောက်နှင့်၊ ထို့နောက် သံ*ညောင်း၊ ဥဒေါင်း ငါးဆစ်၊ ဂန္ဓာ နှစ်တိ၊ မဇ္ဈ ပုလဲ၊ ခေါ်မြဲ သဖြန်၊ အောက်ပြန် ပ ဉ္စမ၊ လေးပေါက်မျှလျက်၊ နိသာဒ ညှင်းလုံး၊ ပေါင်းရုံး ညိုးညံ၊ ခုနစ်သံတွင်၊ တသံ ခုနစ်မျိုး၊ လေးဆဲ့ကိုးနှိုက်၊ တီးရိုး မယွင်း၊ နောက် တစ်သွင်း၍့၊ တီးခြင်း ငါးဆယ်၊ နတ်ပြည်ဝယ်တည့်၊ တသွယ် မှတ်ရာ၊ နားမှာ ကြားသင့်၊ သံမြင့် သံသာ၊ နက်စွာ သိမ်မွေ့၊ ဟူ၍့ မည်ရှိ၊ လေးသုတိဖြင့်၊ သာတိ လွန်ခြင်း၊ ဥဒေါင်းမင်းနှင့်၊ မြင်းမင်း တွန်ဟီ၊ သံ နှစ်လီတွင်၊ လေးစီ အမျှ၊ အညီရလျက်၊ နောက်က တပါး၊ ချန် လွတ်ထား၍့၊ နွားလား ဆိတ်သံ၊ ဥသြသံနှိုက်၊ ကြားသံ သုတိ၊ သုံးစီ ယှိ၏၊ အာဒိ နှစ်ဖြာ၊ သုတိမှာကား၊ ကြိုးကြာသံဝယ်၊ အလယ် နှစ်ချင်း၊ ဆင်နှိုက်သွင်းလျက်၊ ကြားခြင်းဟူတိ၊ သုတိပေါင်းညီ၊ ဧကဝီတည့်၊ ကျူးချီးမငြီး၊ တကြိမ်တီးက၊ အံ့ခြီး လူ့ဘော်၊ လေးလကျော်မှ၊ နာပျော် မရဲး၊ အသံ *စဲးသား၊ နတ်ပွဲး လွန်စည်၊ နတ်ပြည် မိုးမြင့်၊ ဘုံခြောက်ဆင့်က၊ မာရ်မင့်း စောင်းရင်း၊ ဥသျှစ်ဆင်းကို၊ ဝင်းဝင်းပိုက်ကာ၊ ငြိမ့်ဧးစွာလျှင်၊ ဂါထာ ဆဲ့ငါး၊ မြတ်စွာ ကြားအောင်၊ ဘုရား လူ့ဘ၊ သမ္ဗုဒ္ဓ၏့၊ ဣ†န္ဒသာလာ၊ ဂုဟာ နီးကပ်၊ သာတင့်ရပ်က၊ ဂန္ဓဗ်*သနင်း၊ *သျှောင် ငါးကွင်းနှင့်၊ နတ်မင်းပ ဉ္စသီ၊ ဒေဝီ ရောင်ပ၊ သူရိယဝစ်၊ မ-မာန် †ယစ်လျက်၊ လက်†ရစ် သံစုံ၊ *ဥဿုံမချို့၊ ငွေ*ညှို့ ခုနစ်ချောင်း၊ သံမောင်း သံညင်း၊ မတင်း မလျော့၊ လက်ကုန်ဆော့၍့၊ ရှင်တော့် ထံမှောက်၊ ကျူးသီ လျှောက်သို့၊ နှိုင်းထောက်ပမာ၊ နည်းစုံစွာလျှင်၊ သာယာ လေးနက်၊ ဂုဏ်ဆယ်ချက်က၊ ဘာဝ ငါးမျိုး၊ ရသ ကိုးဖြင့်၊ ဉာဏ်နှိုးဆော်*ညောင်း၊ ကုံးစီပေါင်းသား၊ နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။။ ကြားနာမဝ၊ သုတ ပွားရန်၊ ဧကန် ဖြစ်စိမ့် အ†ကျိုးတည်း။
(၁၅-လုံး 'မဏိဥပြည်းချနည်း')
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် လင်္ကာနိဒါန်း (၁)ပိုဒ် ပြီး၏၊။