မိဖုရားစော ကျောက်စာ (သက္ကရာဇ် ၆၆၁)
by မိဖုရားစော
2788မိဖုရားစော ကျောက်စာသက္ကရာဇ် ၆၆၁မိဖုရားစော

(မျက်နှာဘက်)

ပြင်ဆင်ရန်
  • “၊ ၊ ဖုရှာသိခင်သာသနာ ၁၈၄၃ခုသောအခာ၊ ၊ သကရစ် ၆၆၁ခု၊ ၊ သန္တုလဆန် ၅
  • ရျက်၁နေယ်အာ၊ ၊ ရန်ခပ်သိမ်ကိုဝ် နှိပ်နှင်နိုင်သော သိရိရာဇမည်သော မင်ကြီမျာဖ္လ
  • စ်သော မိဘုရာစဝ်သည် အမိ မိကြီ အစ်မကြီ မောင် သိန်ကပိစည် အနန္တပစည် ပု
  • ရှာသ္ခိင်သာသနာနှိုက် သတ္ထာစွာရုယ် မိတ်တည်ပုရှာသ္ခိင် ဖ္လစ်သရှဝ်ခာနှိုက်၊ ၊ မချွ
  • တ်ဖူခ္လင်သောကြောင်၊ ၊ နောင်အခာနှိုက် လိုဝ်သောဆုကိုဝ် မချွတ်ရခ္လင်
  • သောကြောင်၊ ၊”

[ဘုရားသခင်သာသနာ ၁၈၄၃ခုသောအခါ၊ သက္ကရာဇ် ၆၆၁ခု၊ သန်တူလဆန်း ၅ရက်၊ ၁နေ့အား ရန်ခပ်သိမ်း ကို နှိပ်နင်းနိုင်သော သီရိရာဇာမည်သော မင်းကြီးမယား ဖြစ်သော မိဖုရားစောသည် အမိ၊ မိကြီး၊ အစ်မကြီး၊ မောင်သိင်္ဃပိစည်၊ အနန္တပိစည် ဘုရားသခင်သာသနာ၌ သဒ္ဓါစွာ၍ မေတ္တေယျဘုရားသခင် ဖြစ်သရောခါ၌ မချွတ် ဖူးချင်သောကြောင့်၊ နောင်အခါ၌ လိုသောဆုကို မချွတ် ရချင်သောကြောင့်။]

[သက္ကရာဇ် ၆၇၂]

ပြင်ဆင်ရန်

(မျက်နှာဘက်)

ပြင်ဆင်ရန်

၂၊၁၊၁၄၊၁။

ပြင်ဆင်ရန်
  • “။ သကရစ် ၆၇၂ခု ပုဿနှစ် မ္လွယ်တာလ္ဆန် ၁၂ ရျက် ၅နိယ်အာ လိယ်အသ
  • င်္ခယာ အမ္လတ်ကမ္ဖာတသိန် ပါရမိဖ္လည်ရုယ် မိ၂မုယ်သော တနိယ်နက် ပေါက်ရုယ်ယောက်သော
  • ညောင်ပုတ္တဟိယ်ပင်ဩက် ရှုယ်ပန်လင်ထက် အမိုက်အမျက် ရံမက်ကုန်ရုယ် သစ္စာ၄ပါပွင်
  • သောဖုရာသ္ခိင်သည် က္လွတ်အပ်သောဗြဟ္မာ စသော လူနတ္တကာ ခပ်သိမ်သောကိုဝ် ခ္လွတ်ခပြီရု
  • ယ်၊ နိယ်ရပန်လွန်သော အနှစ် ၁၈၅၄ နှစ်သောအခာနှိုက် အရိမတ္တနပူရမည်သောပြည်နှိုက် အစိုဝ်ရ
  • သော အလွန်ဖုန်တန်ခိုဝ်ကြီစွာသော အပြည်၂မှ ဆင်ဖ္လူ သ္ခိင်ဟု က္လဝ်စဝ်ထင်ရှာဖ္လစ်ထသော။ သြီတြိ
  • ဘဝနာဒိတျပဝရဓမ္မရာဇာမည်သော တရျာမင်ကြီဧအ်၊ အထောင္မ်ကသော အယောင်အဆင်လှေ
  • သာ မိမတိုဝ်ထက် အစိုဝ်ရသော အမိဖုရာစဝ်သည်၊ သဒ္ဓါကြည်ညိုဝ်လတ်ရုယ်၊ ခပ်သိမ်သော သံသရာဆ
  • ငြယ်က္လွတ်ရာဖ္လစ်သော နိယ်ရပန်ဆုကိုဝ် လိုဝ်ခ္လျင်သည် ကြောင်။”

[သက္ကရာဇ် ၆၇၂ ခု ဖုသျှနှစ်၊ နွယ်တာလဆန်း ၁၂ရက်၊ ၅နေ့အား လေးအသင်္ချာ အမြတ်ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်၍ မိမိမွေးသောတစ်နေ့နက် ပေါက်၍ရောက်သော ညောင်ဗုဒ္ဓဟေပင်အောက် ရွှေပလ္လင်ထက် အမိုက် အမျက် ရမ္မက်ကုန်၍ သစ္စာလေးပါးပွင့်သော ဘုရားသခင်သည် ကျွတ်အပ်သောဗြဟ္မာစသော လူ နတ်တကာခပ်သိမ်းသောကို ချွတ်ခပြီး၍ နေရပန်လွန် သော အနှစ် ၁၈၅၄ နှစ်သောအခါ၌ အရိမဒ္ဒနပူရမည် သောပြည်၌ အစိုးရသော၊ အလွန်ဘုန်းတန်ခိုးကြီးစွာ သော၊ အပြည်ပြည်မှ ဆင်ဖြူသခင်ဟု ကျော်စော ထင်ရှားဖြစ်ထသော၊ သြီတြိဘဝနာဒိတျပဝရဓမ္မရာဇာ မည်သော တရားမင်းကြီး၏ အထောင်မကသော အယောင်အဆင်းလှသောမိန်းမတို့ထက် အစိုးရသော အမိဖုရားစောသည် သဒ္ဓါကြည်ညိုလတ်၍ ခပ်သိမ်း သော သံသရာဆင်းရဲကျွတ်ရာဖြစ်သော နေရပန်ဆုကို လိုချင်သည်ကြောင့်။]

၂၊၁၊၁၄၊၂။

ပြင်ဆင်ရန်
  • ၂၀ ...“ဤငာဧအ်ကော
  • ၂၁ င်မှုကိုဝ် ငာအဆုယ်တွင်လေည္ကာင်။ ပ္လင်သူတပါလေည္ကာင်။ နိုင်ထက်ကြိပြင်ညှန်ဆယ်
  • ၂၂ ဖျက်ဆိသသူကာ ဖုရာအဖ္လစ်၂လျှင် မဖူစိယ်သတေ။ အဝိစိအဓယ် ငရယ်လျှင်ကျ
  • ၂၃ က်စိယ်သတေ။”

[ဤငါ၏ကောင်းမှုကို ငါ့အဆွေတွင်လည်းကောင်း၊ ပြင် သူတစ်ပါးလည်းကောင်း နိုင်ထက်ကြီးပြင်း ညှဉ်းဆဲ ဖျက်ဆီးသသူကား ဘုရားအဖြစ်ဖြစ်လျှင် မဖူးစေ သတည်း။ အဝီစိအထဲ ငရဲလျှင်ကျက်စေသတည်း။]


  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.