မိဖုရားရွှေတောင်မယ် ကျောက်စာ
(မျက်နှာဘက်)
ပြင်ဆင်ရန်၂၊၁၊၆၅၊၁။
ပြင်ဆင်ရန်- ၈“ဤငာလှူသောကောင်မှုကိုဝ် ခိပင်ပါသော အမတ်က
- ၉ လန် သံပျင် ပြည်ရွာစိုဝ်သော သူတဝ်မ္လတ်တိုဝ်ကာ ငာနှင်ထပ်တူလျှင် ရစပါစေသတေ ပြည်
- ၁၀ ကြီအသျင်မင်လေ ရစပါစေသတေ ဤငာလှူသော ကောင်မှုကိုဝ် ဖျက်သ
- ၁၁ သူကာ အတိုင်မသိသော ဝာကွံမွန်ကိုဝ် မိဖုတ်သော အကျွံမရသကဲသိုဝ် ကြေေ
- ၁၂ စသတေ အမျိုဝ် ရနှစ်ဆက်လေ ထုန်ပ္လါ ထုန်ပ္လါကဲသိုဝ် ကြေစေ ထုန်ပ္လါသတေ လုပ်စာရရာ ကြံ
- ၁၃ စာရရာ ရေလျှင်ခန်၏သိုဝ် ခန်စေသတေ မယာ သာအမိ အဖ အကြွင်မဲလျှင် ေ
- ၁၄ သစေသတေ တောင်သွာသောကာ မြွေပွေမြွေဟောက်ခဲရုယ် သေစေသတေ က္လာ
- ၁၅ စာရုယ် သေစေသတေ သစ်ရောင် ဝာရောင်စူရုယ် ဖိလူမိရုယ် သေစေသတေ ရေသွာသော
- ၁၆ ကာ မိကျောင်စာစေသတေ ရေမွန်စေသတေ သေခသော လေ သည်စိုဝ် ကာလသုတ် တာ
- ၁၇ ပန မဟာတာပန သင်္ခတ ဓူမရဝ်ရဝ် စာမရဝ်ရဝ် အဝိဇိတေဟူသော ငြယ်ကြီ ၈ထပ်
- ၁၈ ငြယ်ငယ်ကာ ၁၂၈ ထပ်နှိုက်လျှင်၊ အခာမ္လင်မ္လယ်လျှင် ကျက်လေစေသတေ၊
- ၁၉ ဖုရာအဆက်၂ ခ္လွတ်ရုယ် မက္လွတ်စေသော လူသစ်ငုတ်လျှင် ဖ္လစ်စေသတေ။”
[ဤငါလှူသော ကောင်းမှုကို ချီးပင့်ပါသော အမတ် ကလန် သံပျင် ပြည်ရွာစိုးသောသူတော်မြတ်တို့ကား ငါနှင့်ထပ်တူလျှင် ရစပါစေသတည်း။ ပြည်ကြီးအရှင်မင်း လည်း ရစပါစေသတည်း။ ဤငါလှူသောကောင်းမှုကို ဖျက်သသူကား အတိုင်းမသိသော ဝါဂွမ်းမွန်ကို မီးဖုတ် သော အကျွမ်းမရသကဲ့သို့ ကြေစေသတည်း။ အမျိုး ၇နစ်ဆက်လည်း ထုံးပြာကဲ့သို့ ကြေစေသတည်း။ လုပ်စားရာရာ ကြံစားရာရာ ရေလျှင်ခန်း၏သို့ ခန်းစေ သတည်း။ မယား၊ သား၊ အမိ၊ အဖ အကြွင်းမဲ့လျှင် သေစေသတည်း။ တောင်သွားသောကား မြွေပွေး မြွေဟောက်ခဲ၍ သေစေသတည်း။ ကျားစား၍ သေစေ သတည်း။ သစ်ယောင်း ဝါးယောင်းစူး၍၊ ဘီလူး မိ၍ သေစေသတည်း။ ရေသွားသောကား မိကျောင်း စားစေသတည်း။ ရေမွန်းစေသတည်း။ သေခသော လည်း သိန္ဓိုး၊ ကာဠသုတ်၊ တာပန၊ မဟာတာပန၊ သင်္ဃာတ၊ ဓူမရောရုဝ၊ ဇာလ(?)ရောရုဝ၊ အဝီစိတည်း ဟူသော ငရဲကြီး ၈ထပ်၊ ငရဲငယ်ကား ၁၂၈ထပ်၌လျှင် အခါမြင့်မြဲလျှင် ကျက်လေစေသတည်း။ ဘုရားအဆက်ဆက် ချွတ်၍ မကျွတ်စေသော လူသစ်ငုတ်လျှင် ဖြစ်စေ သတည်း။]
၂၊၁၊၆၅၊၂။
ပြင်ဆင်ရန်- ၂၀“သကရစ် ၇၂ဝနှိုက် မဟာသမန်မောင်နှံသည် သံသရာနှိုက် အရိပ်သဖွဲ ကို
- ၂၁ ဝ်ဝဲပါစိမ်သောငှာ က္လောင်သုမ်က္လောင်ကိုဝ်ပန်ရုယ် မင်ကြီဆင်ဖ္လူသျင် ခ
- ၂၂ မည်မင်ကြီတြျာဖျာကိုဝ် ရေစင်ကံရုယ် လှူသမ္လေကာသိဖန်တော
- ၂၃ င်အရှေ တောစိမ် ၄၀၀။”
[သက္ကရာဇ် ၇၂ဝ၌ မဟာသမန်းမောင်နှံသည် သံသရာ၌ အရိပ်သဖွယ် ကိုယ်ဝယ်ပါစိမ့်သောငှာ ကျောင်းသုံး ကျောင်းကိုပန်၍ မင်းကြီးဆင်ဖြူရှင် ခမည်းမင်းကြီး တရဖျားကို ရေစင်ကမ်း၍လှူသောမြေကား သဖန်းတောင် အရှေ့ တောစိမ်း ၄ဝဝ။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |