မိဘများကို ကူညီမယ်
သင်ခန်းစာ (၁၇)
မိဘများကို ကူညီမယ်
ပြင်ဆင်ရန်မောင်သုဝဏ်လေး
ရှေးအခါက တောအုပ်ကြီးထဲတွင် ဒုကူလနှင့် ပါရိကာမည်သော ရသေ့မောင်နှံနှင့် သားလေးမောင်သုဝဏ်တို့ နေထိုင်ကြသည်။
သစ်သီးရှာသွားသော ရသေ့မောင်နှံတို့သည် မြွေဟောက်တစ်ကောင်၏ အဆိပ်မှုတ်ထုတ်ခြင်းကို ခံရ၍ မျက်စိကွယ်သွားကြသည်။
မိဘနှစ်ပါး ပြန်ရောက်မလာသဖြင့် မောင်သုဝဏ်လေးသည် လိုက်လံရှာဖွေသည်။
မျက်စိကွယ်သွားသော မိဘနှစ်ပါးကို တွေ့သောအခါ ကြိုးစကို ပစ်ပေး၍ ထိုကြိုးစကို ဆွဲစေကာ ပြန်လည်ခေါ်ဆောင်ခဲ့သည်။
မောင်သုဝဏ်လေးသည် မျက်မမြင်မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးသည်။
တစ်နေ့တွင် သမင်လေးများနှင့်အတူ ရေခပ်ဆင်းသွားခဲ့သည်။
တောလိုက်လာသော ရှင်ဘုရင်တစ်ပါးက မောင်သုဝဏ်လေးကို မြားဖြင့် ပစ်လိုက်လေသည်။ မောင်သုဝဏ်လေးသည် မြားထိ၍ လဲကျသွား၏။
ထိုအခါ ရှင်ဘုရင်သည် မိဘနှစ်ပါးကို သွားရောက်အကြောင်းကြား၏။ မိဘနှစ်ပါး ရောက်လာပြီး “သားလေးသည် မိဘကို လုပ်ကျွေးသူ အမှန်ဖြစ်ပါ၏၊ ဤမှန်ကန်သော သစ္စာစကားကြောင့် သားလေး မြားဒဏ်ရာ ပျောက်ကင်းပါစေသတည်း”ဟု သစ္စာဆိုလိုက်သောကြောင့် မြားဒဏ်ရာ ပျောက်ကင်းသွားလေသည်။
မိဘကူညီသူ မောင်သုဝဏ်
ပြင်ဆင်ရန်မောင်သုဝဏ်လေး အလိမ္မာ၊
မိဘ ကူညီကာ။ ။
သစ်သီးဖွေရှာ ရေခပ်ဆင်း၊
ရံထား ဖော်တစ်သင်း။
မြားတစ်စင်းက ဝင်လာပြန်၊
မောင်သုဝဏ်ကို မှန်။
မြားဒဏ်ရာ အဆိပ်ပြယ်ပျက်၊
မိဘ ကူသည့်တွက်။ ။