မိုက်ရိုင်းတဲ့ဉာဏ် တေးထပ်
ဂျပ်ကောင်နှယ် ဖင်ကြားက၊ သန်းစကားသူဝါ၊
ရမ်းကား၍ တုလာလျှင်၊ ဥပမာ ဆိုစို့။
ချေးပုံနှင့် မြင်းမိုရ်တောင်၊ ခင်းဆို ယောင်ပြုကြသည်သို့။
သေးကွက်ကို ပင်လယ်၊ နင်တကယ် ထင်လို့။
သဘင်ဝယ် ယှဉ်မတိုးလာနှင့်၊ သခင်တို့ ဦးချီ။
အုန်းမှုတ်လို အနေစားငယ်နှင့်၊ ရွှေဖလား မနှိုင်းတန် သင့်ပြီ။
ဥတုနှင့်ပုစွန်ဆီ၊ ဒွန်ပီပီ ယှဉ်တွဲလို့၊
စပ်ဖဲ အတွင်းခံ၊ ရိုင်းမိုက်တဲ့ဉာဏ်။
မိုးကြိုးနှင့် အီးသံလို၊ ခရီးမှန်ကွာ လှမ်းလှလေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |