မိုးပလီ
by စလေ ဦးပုည
2807မိုးပလီစလေ ဦးပုည

ပြုချင်တိုင်း ပြုမတတ်၊
ခရုပတ် လိုလို၊
နှစ်ခုစပ် အညိုမှာ၊
ဗိုလ်ပေတင့် ရွှေမိုး၊
ရင်စလို့ စိုမှောင်တယ်၊
ပြိုမယောင် ဟန်ဝိချက်ဆိုး၊
မကြည်သူ့ လွမ်းပုံကို၊
အစွမ်းကုန် သူနှိုး၊
နွမ်းစေရုံ သူပျိုးလို့၊
စိုးပါနဲ့ နတ်မောင်၊
မစုံသူ အခံကပ်အောင်၊
ပြန်ဂဟပ် မိုးဆင်သင့်ပေါင်။ ။
ဘုံသဉ်မြင့် စံစက်ညောင်မှာ၊
ခံခက်အောင် ဆင်သိုင်းလို့၊
သင်တိုင်း ဝတ်မှုံရီရီ၊
မှိုင်း ဆင်ခဲ့ပြီ၊
ဖေါ်ဝေးသူ့ ညှိုး မကြည်အောင်၊
မိုးပလီ မူလွန်း လို့လေး ….။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.