မိဿရာသီ တန်ခူးလဘွဲ့ လေးချိုး
အထောက်ကတဲ့မတန်
ရွှေကံ့ကော်ဇမ္ဗူကျုံးလို့
ကြူဆုံးတသိန်တင့်ပါဘိ
ပန်းမင့်လွတ်စံ။
မိဿဘုံဂဠုန်ကူးတွင်မှ
ကြုံဘူးလေ့ဖြစ်ဟန်
ရစ်တံပိုင့်ဆင်တော်နဲ။
ချိန်ခါနွေ
ဣန္ဒာဆွေ ဘူပတိသော်မှ
ပူမိရင်ဘယ်ဖြေနိုင်လိမ့်
ခြယ်ရွှေစိုင် နေရုလေးနှင့်
ရာဇူမှာ သာပြူသေးချည်ငဲ့
ဆွေးတော်ညံ့ဘဲ။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |