မီးလိုတဲ့ မီးလို ငိုချင်း
မီးလိုတဲ့ မီးလို။
တောပြင် မောရင်ထုပါလို့၊
စောလင်မှုပို။
တစိုစို၊
ငိုငိုလို့ ခင်မစဲ။
ထားမယ်မယ်လေလေ့၊
သားငယ်ငယ် စံကသစ်ကိုတဲ့၊
သုဿာန်မှာ ရုပ်နာမ်ပစ်ပါလို့၊
ဆိုးညစ်ကယ် ခေကြမ္မာကြောင့်၊
ဧကရာ မှီပျော်သက်နေကျ၊
ဆွေမဟာ ပြည်တော်ထွက်ရတယ်၊
အမယ်လေး ဆန်းမပျက်မြဲပေမို့၊
နန်းကနက် ဖဲမှာဖြင့်၊
မောင်ကြီးရေ ... ပန်းရမက်ကဲ ... ။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |