မုန်းစိတ်မကူး တေးထပ်
by စလေ ဦးပုည
2819မုန်းစိတ်မကူး တေးထပ်စလေ ဦးပုည

ကြယ်ဓူဝံ မြေခလို့
နေပတော့ ကောင်းကင်
ရွှေလမှာ ဒေါင်းမြင်စေ
ပေါင်းမိလျှင် ခွါဘူး။

နိဗ္ဗာန်မှ မရခင်
ဘဝတွင် မုန်းစိတ်မကူး။

လူသားနှင့် နတ်ကညာငယ်
သတ္တဘာ နှံဦး
မြကျောက်ဖျာ ရေမှာကူးစေတော့
မသွေဘူး တကယ်၊
ယုံစရာ စိန္တေပေါင်းမှာ
ကျိန်ရေလောင်း ခံဝံ့ပါတယ်။

မှန်သစ္စာ ကတိရွယ်တယ်
ပရိယာယ် ဉာဏ်မဖက်ပါဘူး
သွေမကွက် သေတိုင်အောင်
စွဲလိမ့် နောက်နောင်။

မသွေတမ်း ဗွေနန်းဆောင်မှာ
ရွှေကျမ်းစောင်စောင် ကျိန်ဝံ့ပါရဲ့လေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။